ဟောပြောသွန်သင်ခြင်းသင်တန်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းတွေကို ၂၀၁၃၊ ဖေဖော်ဝါရီ ၂၅ ရက်မှာစတင်မယ့် အပတ်အတွင်းမှာ သုံးသပ်မှာဖြစ်တယ်။ လေ့လာသုံးသပ်တဲ့အပတ်ရဲ့ ရက်စွဲတွေကို ဖော်ပြထားတာက ပတ်စဉ်သင်တန်းအစီအစဉ်အတွက် ပြင်ဆင်တဲ့အခါ ရှာဖွေလေ့လာနိုင်ဖို့ ဖြစ်ပါတယ်။
၁။ “ဝမ်းနည်းပူဆွေးသူတို့” က ပျော်ရွှင်ကြမယ်လို့ ယေရှု ဘာကြောင့်ပြောခဲ့သလဲ။ (မ. ၅:၄) [ဇန်. ၇၊ က၀၉ ၂/၁၅ စ. ၆ ပိုဒ်. ၆]
၂။ တပည့်တွေကို သင်ပေးခဲ့တဲ့ ယေရှုရဲ့ဆုတောင်းချက်ထဲမှာ “အပြစ်သွေးဆောင်ရာနောက်သို့ မလိုက်မပါစေဘဲ” ဆိုတာ ဘာအဓိပ္ပာယ်လဲ။ (မ. ၆:၁၃) [ဇန်. ၇၊ က၀၄ ၂/၁ စ. ၁၆ ပိုဒ်. ၁၃]
၃။ တပည့်တွေဟာ လှည့်လည်ဟောပြောလို့မကုန်မီ “လူသားသည် ကြွရောက်လာလိမ့်မည်” လို့ ယေရှုဘာကြောင့် ပြောခဲ့တာလဲ။ (မ. ၁၀:၂၃) [ဇန်. ၁၄၊ က၁၀ ၉/၁၅ စ. ၉-၁၀ ပိုဒ်. ၁၂; က၈၈ ၈/၁ စ. ၈ ပိုဒ်. ၆]
၄။ ယေရှုပြောခဲ့တဲ့ မုန်ညင်းစေ့ဥပမာမှာ ဘယ်အချက်နှစ်ချက် ပေါ်လွင်သလဲ။ (မ. ၁၃:၃၁၊ ၃၂) [ဇန်. ၂၁၊ က၀၈ ၇/၁၅ စ. ၁၇-၁၈ ပိုဒ်. ၃-၈]
၅။ “သင်တို့သည် ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ အလျှင်းမဝင်ကြရ” ဆိုပြီး ယေရှုပြောတဲ့အခါ ဘာသင်ခန်းစာကို ကိုယ်တော်သွန်သင်ပေးတာလဲ။ (မ. ၁၈:၃) [ဇန်. ၂၈၊ က၀၇ ၂/၁ စ. ၉ ပိုဒ်. ၃-၄]
၆။ “သင်ဆိုသည့်အတိုင်း မှန်၏” လို့ ယေရှုပြောတဲ့အခါ ဘာအဓိပ္ပာယ်လဲ။ (မ. ၂၆:၆၃၊ ၆၄) [ဖေ. ၁၁၊ က၁၁ ၆/၁ စ. ၁၈]
၇။ ယေရှုကို “ဥပုသ်နေ့၏သခင်” လို့ဘာကြောင့်ခေါ်ဆိုတာလဲ။ (မာ. ၂:၂၈) [ဖေ. ၁၈၊ က၀၈ ၂/၁၅ စ. ၂၈ ပိုဒ်. ၇]
၈။ ယေရှုရဲ့မိခင်၊ ညီတော်တွေနဲ့ပတ်သက်ပြီး ယေရှုတုံ့ပြန်ပုံကနေ ဘာသင်ယူရရှိသလဲ။ (မာ. ၃:၃၁-၃၅) [ဖေ. ၁၈၊ က၀၈ ၂/၁၅ စ. ၂၉ ပိုဒ်. ၅]
၉။ မာကု ၈:၂၂-၂၅ မှာမှတ်တမ်းတင်ထားတဲ့အတိုင်း ယေရှုက မျက်မမြင်တစ်ဦး မျက်စိပြန်မြင်လာအောင် လုပ်ပေးတဲ့အခါ ဘာကြောင့်အဆင့်နှစ်ဆင့်နဲ့ လုပ်ဆောင်ခဲ့တာဖြစ်နိုင်သလဲ၊ ဒီလုပ်ရပ်ကနေ ဘာသင်ယူနိုင်သလဲ။ [ဖေ. ၂၅၊ က၀၀ ၂/၁၅ စ. ၁၇ ပိုဒ်. ၇]
၁၀။ မာကု ၈: ၃၂-၃၄ မှာ ပေတရုရဲ့ ပြစ်တင်စကားကို ယေရှုတုံ့ပြန်ပုံကနေ ဘာသင်ယူနိုင်ပါသလဲ။ [ဖေ. ၂၅၊ က၀၈ ၂/၁၅ စ. ၂၉ ပိုဒ်. ၆]