ကြေညာချက်များ
◼ ဝေငှမယ့်စာပေများ၊ ဖေဖော်ဝါရီ– ၃၂ မျက်နှာရှိတဲ့ ဖော်ပြပါဘရိုရှာတစ်ခုခုကို ဝေငှနိုင်ပါတယ်– ကျေနပ်ပျော်ရွှင်ဖွယ်အသက်တာ—မည်သို့ရရှိနိုင်သနည်း၊ သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း၊ သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော။ ပြန်လည်ပတ်မှုလုပ်တဲ့အခါ သမ္မာကျမ်းစာသွန်သင်ရာစာအုပ် ဒါမှမဟုတ် အိမ်ရှင်ရဲ့လိုအပ်ချက်အပေါ်မူတည်ပြီး ဘုရားသခင့်စကားနားထောင်ပါ ဒါမှမဟုတ် ဘုရားသခင့်စကားနားထောင်ကာ ထာဝစဉ်အသက်ရှင်ပါ ကို မိတ်ဆက်ပေးပြီး ကျမ်းစာသင်အံမှုစတင်ဖို့ ကြိုးစားပါ။ မတ် နဲ့ ဧပြီ– ကင်းမျှော်စင် နဲ့ နိုးလော့! မဂ္ဂဇင်းများ။ မေ– အောက်ဖော်ပြပါ ဝေစာတစ်ခုခုကို ဝေငှနိုင်ပါတယ်– ဆင်းရဲခက်ခဲမှုအားလုံး အဆုံးတိုင်လုနီးပြီ၊ ယေဟောဝါ—ကိုယ်တော်ကားမည်သူနည်း၊ ယေရှုခရစ်—ကိုယ်တော်ကားမည်သူနည်း၊ အမှန်တရားကို သင်သိလိုပါသလော။
◼ အောက်မေ့ရာပွဲဟောပြောချက်အောက်လိုင်းအသစ်ကို ပြင်ဆင်ထားပါတယ်။ အောက်မေ့ရာပွဲမှာ ဟောပြောဖို့တာဝန်ရသူအားလုံးဟာ ၂၀၁၃ ခုနှစ်ကစပြီး ဒီအောက်လိုင်းကို သုံးသင့်ပါတယ်။ ဒီနှစ်မှာ ဟောပြောချက်ခေါင်းစဉ်က “သင့်အတွက် ခရစ်တော် လုပ်ဆောင်ပေးခဲ့ရာကို ကျေးဇူးတင်လေးမြတ်ပါ” ဖြစ်ပါတယ်။
◼ ၂၀၁၃ ခုနှစ် အောက်မေ့ရာပွဲကာလမှာဟောမယ့် အထူးလူထုဟောပြောချက်ခေါင်းစဉ်က “သေဆုံးသွားသူတွေရဲ့ အခြေအနေနဲ့ မျှော်လင့်ချက်” ဖြစ်ပါတယ်။