ကြေညာချက်များ
◼ ဝေငှမယ့်စာပေများ၊ စက်တင်ဘာနဲ့ အောက်တိုဘာ– ကင်းမျှော်စင် နဲ့ နိုးလော့! မဂ္ဂဇင်းများ။ နိုဝင်ဘာနဲ့ ဒီဇင်ဘာ– သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ ဒါမှမဟုတ် အောက်ဖော်ပြပါဝေစာများ– သမ္မာကျမ်းစာကို သင် ဘယ်လိုရှုမြင်ပါသလဲ၊ အနာဂတ်မှာ ဘာတွေဖြစ်လာမယ်လို့ သင်ထင်သလဲ၊ သာယာချမ်းမြေ့တဲ့မိသားစုဘဝကို ဘယ်လိုရရှိနိုင်မလဲ၊ ကမ္ဘာကို အမှန်တကယ် အုပ်ချုပ်နေသူက ဘယ်သူလဲ၊ ဆင်းရဲဒုက္ခတွေ အဆုံးတိုင်မှာလား၊ သေလွန်သူတွေ အသက်ပြန်ရှင်လာနိုင်မလား။
◼ ဒီလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှာပါတဲ့ အကြံပြုချက်နဲ့ သတိပေးချက်တွေအပြင် စည်းဝေးတက်ရောက်နေစဉ် အန္တရာယ်ကို ကြိုတင်ကာကွယ်မှုနဲ့ပတ်သက်ပြီး ဩဂုတ် ၃၊ ၂၀၁၃ ရက်စွဲနဲ့ အသင်းတော်အားလုံးဆီ ပို့ထားတဲ့စာကို သင်တို့အသင်းတော်နဲ့ သက်ဆိုင်တဲ့ ခရိုင် ဒါမှမဟုတ် အပြည်ပြည်ဆိုင်ရာစည်းဝေး မတိုင်ခင် တစ်ပတ်အလိုမှာ ပြန်လည်သုံးသပ်သင့်တယ်။ အဲဒီလိုသုံးသပ်နိုင်ဖို့ အသင်းတော်စည်းဝေးအစီအစဉ်ကို ပြောင်းလဲနိုင်ပါတယ်။ စည်းဝေးပြီးနောက် တစ်လ ဒါမှမဟုတ် နှစ်လကြာတဲ့အခါ အမှုဆောင်လုပ်ငန်းမှာ ကြေညာသူတွေကို ထောက်ကူပေးခဲ့တဲ့ စည်းဝေးကအချက်တွေကို ဒေသလိုအပ်ရာမှာ ပြန်လည်သုံးသပ်နိုင်ပါတယ်။
◼ ၂၀၁၅၊ အောက်မေ့ရာပွဲကာလအတွက် အထူးလူထုဟောပြောချက်ကို ဧပြီ ၆ ရက်နေ့အပတ်အတွင်း ပေးမှာဖြစ်ပါတယ်။ ခေါင်းစဉ်ကိုတော့ နောက်မှ ကြေညာမှာဖြစ်တယ်။ အဲဒီအပတ်မှာ တိုက်နယ်လည်ပတ်မှု ဒါမှမဟုတ် တိုက်နယ်စည်းဝေးရှိမယ်ဆိုရင် နောက်အပတ်မှ အထူးဟောပြောချက် ပေးပါလိမ့်မယ်။ ဘယ်အသင်းတော်ကမှ ဧပြီ ၆ ရက်မတိုင်ခင် အထူးဟောပြောချက် မပေးသင့်ပါ။
◼ စက်တင်ဘာလကစပြီး တိုက်နယ်ကြီးကြပ်မှူးတွေဟာ “ဘုရားသခင့်ဉာဏ်ပညာက ကျွန်ုပ်တို့ကို အကျိုးပြုပုံ” ခေါင်းစဉ်ရှိတဲ့ လူထုဟောပြောချက် ပေးသွားပါလိမ့်မယ်။