ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဆာလံ ၄၅–၅၁
ယေဟောဝါက ကြေကွဲတဲ့နှလုံးကို မပစ်ပယ်
ဗာသရှေဘနဲ့မှားယွင်းလို့ သူ့ကို ပရောဖက်နာသန်ဆုံးမပြီးနောက်ပိုင်း ဆာလံ ၅၁ ကို ဒါဝိဒ်ရေးခဲ့တယ်။ အမှားအမှန်သိစိတ်ရဲ့ထိုးနှက်မှုကြောင့် ဒါဝိဒ်ဟာ အပြစ်ကို နှိမ့်ချစွာဝန်ခံခဲ့တယ်။—၂ ရာ. ၁၂:၁-၁၄။
ဒါဝိဒ်အပြစ်လုပ်ပေမဲ့ ဘုရားနဲ့ဆက်ဆံရေးပြန်ကောင်းလာဖို့ သူ့မှာ အခွင့်အရေးဆက်ရှိသေး
နောင်တမယူခင်၊ အပြစ်မဝန်ခံခင်ကတည်းက အမှားအမှန်သိစိတ်ရဲ့ အဆက်မပြတ်ထိုးနှက်မှုကို ခံစားခဲ့ရ
ဘုရားသခင့်မျက်နှာသာဆုံးရှုံးသွားပြီဆိုတဲ့အသိကြောင့် အရိုးတွေတစ်စစီကျိုးသွားတဲ့သူလို ခံစားခဲ့ရ
ခွင့်လွှတ်မှုရဖို့၊ ဘုရားနဲ့ဆက်ဆံရေးပြန်ကောင်းလာဖို့၊ အရင်ကရွှင်လန်းမှုမျိုးပြန်ရဖို့ သူ တောင့်တခဲ့
တလိုတလားနာခံချင်စိတ်ရှိလာအောင် ကူညီပေးဖို့ ယေဟောဝါကို နှိမ့်ချစွာအသနားခံခဲ့
ယေဟောဝါ ခွင့်လွှတ်ပေးတယ်လို့ ယုံကြည်စိတ်ချခဲ့