ခရစ်ယာန်အသက်တာလမ်းစဉ်
အရန်ရှေ့ဆောင် ဘယ်တော့ လုပ်နိုင်မလဲ
ယေဟောဝါရဲ့ လူမျိုးတွေ တလိုတလား ပူဇော်ကြမယ်လို့ ယေဇကျေလရဲ့ စိတ်အာရုံမှာ ဖော်ပြထားတယ်။ ချီးမွမ်းခြင်း ပူဇော်သက္ကာကို ဘယ်လို ပူဇော်နိုင်မလဲ။—ဟီ. ၁၃:၁၅၊ ၁၆။
အကောင်းဆုံးနည်းတစ်ခုက အရန်ရှေ့ဆောင်လုပ်ခြင်းပဲ။ ၂၀၁၈ လုပ်ငန်းတော်နှစ်မှာ စနေ၊ တနင်္ဂနွေ ငါးပတ်ရှိတဲ့လတွေ များတယ်။ ဒါက အချိန်ပြည့် အလုပ်လုပ်ရပြီး ပိတ်ရက်မှာ အမှုဆောင် ထွက်သူတွေအတွက် အခွင့်အရေးပဲ။ ဒါ့အပြင် မတ်၊ ဧပြီနဲ့ တိုက်နယ်လည်ပတ်တဲ့လတွေမှာ နာရီ ၃၀၊ ၅၀ ကြိုက်ရာရွေးပြီး အရန်ရှေ့ဆောင် လုပ်နိုင်တယ်။
အရန်ရှေ့ဆောင်လုပ်ဖို့ အခြေအနေ မပေးရင်ကော။ အမှုဆောင်မှာ ပိုပါဝင်ဖို့၊ ဟောပြောခြင်း အရည်အသွေး တိုးတက်ဖို့ ကြိုးစားနိုင်ပါတယ်။ ကျွန်တော်တို့ အခြေအနေ ဘယ်လိုပဲရှိရှိ ယေဟောဝါကို ချစ်တဲ့စိတ်ကြောင့် ၂၀၁၈ လုပ်ငန်းတော်နှစ်မှာ အကောင်းဆုံး ဆက်သချင်ကြမှာပါ။—ဟော. ၁၄:၂။
ဆာဘီနား ဟာနန်ဒက်စ်ရဲ့ စိတ်ထက်သန်မှုကို ဘယ်လို တုပနိုင်သလဲ။
ယေဟောဝါ အကူအညီနဲ့ တတ်စွမ်းနိုင် ဗီဒီယို ကြည့်ပြီး မေးခွန်းတွေ ဖြေပါ–
ယေဟောဝါရဲ့ အမှုတော်မှာ ပိုပါဝင်ဖို့ ဆာဘီနားကို ဘာက လှုံ့ဆော်သလဲ။
ဆာဘီနားရဲ့ ပုံသက်သေက ဘယ်လို အားရှိစေသလဲ။
၂၀၁၈ လုပ်ငန်းတော်နှစ်အတွင်း ဘယ်လတွေမှာ အရန်ရှေ့ဆောင် လုပ်နိုင်သလဲ။