ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb18 ဖေဖော်ဝါရီ စာ. ၄
  • “မိဘကို ရိုသေပါ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “မိဘကို ရိုသေပါ”
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိဘစိတ်နှလုံးကိုရွှင်လန်းစေခြင်း
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
  • ခပ်သိမ်းသောသူတို့ကို ရိုသေကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • မိအိုဖအိုတို့အား လေးစားဂုဏ်တင်ခြင်း
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • “မိဘကို ရိုသေပါ” ဆိုတာ ဘာအဓိပ္ပာယ်လဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၈
mwb18 ဖေဖော်ဝါရီ စာ. ၄

ခရစ်ယာန်အသက်တာလမ်းစဉ်

“မိဘကို ရိုသေပါ”

ယေရှု ကမ္ဘာပေါ်ရှိတုန်းက “မိဘကို ရိုသေပါ” ဆိုတဲ့ ပညတ်ကို အလေးပေး ပြောခဲ့တယ်။ (ထွ ၂၀:၁၂။ မ ၁၅:၄) ယေရှု အဲဒီလိုပြောနိုင်တာက လူငယ်ဘဝမှာ “မိဘစကားကို အမြဲနာခံ” ခဲ့လို့ပဲ။ (လု ၂:၅၁) မသေခင်အချိန်မှာတောင် မိခင်ကို စောင့်ရှောက်ဖို့ အသေအချာ စီစဉ်ပေးခဲ့တယ်။—ယဟ ၁၉:၂၆၊ ၂၇။

ဒီနေ့ခေတ် ခရစ်ယာန်လူငယ်တွေလည်း မိဘစကား နားထောင်ပြီး၊ လေးလေးစားစား ပြောဆိုခြင်းဖြင့် မိဘကို ရိုသေကြောင်း ပြနေကြတယ်။ ဘယ်အသက်အရွယ် အထိပဲ မိဘကိုရိုသေပါ ဆိုတဲ့ ကန့်သတ်ချက် မရှိဘူး။ မိဘတွေ အသက်အရွယ်ကြီးပြီး အိုမင်းလာရင်တောင် သူတို့ဆီက အကြံဉာဏ်ကောင်းတွေအတွက် ဆက်ပြီး ရိုသေလေးစား သင့်တယ်။ (ပ ၂၃:၂၂) အသက်အရွယ်ကြီးလာတဲ့ မိဘတွေကို စိတ်ပိုင်းနဲ့ ငွေကြေးပိုင်း လိုအပ်သလို ထောက်ပံ့ပေးပြီး ရိုသေကြောင်း ပြနိုင်တယ်။ (၁တိ ၅:၈) လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ မိဘတွေနဲ့ ဆက်ဆံရေးကောင်းရှိတာက သူတို့ကို ရိုသေလေးစားကြောင်း တင်ပြတဲ့ အဓိကနည်းပဲ။

မိဘတွေနဲ့ ဘယ်လို စကားပြောနိုင်သလဲ ကာတွန်းသရုပ်ဖော် ဗီဒီယိုကိုကြည့်ပြီး အောက်ပါ မေးခွန်းတွေကို ဖြေပါ–

  • မိဘတွေနဲ့ စကားပြောဖို့ ဘာကြောင့် ခက်ရတာလဲ။

  • မိဘတွေနဲ့ စကားပြောချိန်မှာ သူတို့ကို လေးစားကြောင်း ဘယ်လိုပြမလဲ။

    ယောက်ျားလေးတစ်ယောက် မိဘတွေဆီ စာရေးနေ, မိဘတွေနဲ့ စကားပြောနေ, အဖေနဲ့ ဘောလုံးကစားနေ
  • မိဘတွေနဲ့ စကားပြောဆိုတာ ဘာကြောင့် အကျိုးရှိသလဲ။ (ပ ၁၅:၂၂)

    ရှေ့မှာကြုံရမယ့် စိန်ခေါ်ချက်တွေကို ရင်ဆိုင်ဖို့ သားကို မိဘတွေ ပြင်ဆင်ပေးနေ

    မိဘတွေနဲ့ စကားပြောဆိုတာက သင့်ဘဝအောင်မြင်ဖို့ အကူအညီဖြစ်စေ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ