ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb19 ဇွန် စာ. ၇
  • အပန်းဖြေမှုကို ပညာရှိရှိ ရွေးချယ်ပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အပန်းဖြေမှုကို ပညာရှိရှိ ရွေးချယ်ပါ
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါနှစ်သက်တဲ့ အပန်းဖြေမှုကို ရွေးချယ်ပါ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ဖျော်ဖြေမှု ရွေးချယ်နိုင်ပုံ
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • အကျိုးပြုတဲ့ ဖျော်ဖြေမှုကို ရွေးချယ်နိုင်ပုံ
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • ဖျော်ဖြေခြင်း—အကျိုးကျေးဇူးများကိုပျော်မွေ့ကျော့ကွင်းများကိုရှောင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
mwb19 ဇွန် စာ. ၇

ခရစ်ယာန်အသက်တာလမ်းစဉ်

အပန်းဖြေမှုကို ပညာရှိရှိ ရွေးချယ်ပါ

အပန်းဖြေမှုကို ဘာကြောင့် ပညာရှိရှိ ရွေးချယ်ရမလဲ။ အကြောင်းကတော့ ကြည့်မယ့်ရုပ်ရှင်၊ နားထောင်မယ့် တေးသီချင်း၊ ဝင်ကြည့်မယ် ဝက်ဘ်ဆိုက်၊ ဖတ်မယ့်စာအုပ်၊ ကစားမယ့် ဗီဒီယိုဂိမ်းတွေကို ရွေးချယ်တယ်ဆိုတာ စိတ်ထဲ ဘာတွေ ဖြည့်မလဲဆိုတာကို ရွေးချယ်နေတာ ဖြစ်လို့ပဲ။ ကိုယ့်ရဲ့ ရွေးချယ်မှုက ကိုယ့်ရဲ့ အမူအကျင့်အပေါ် အကျိုးသက်ရောက်တယ်။ ဝမ်းနည်းစရာက ယနေ့ခေတ် အပန်းဖြေမှုတွေမှာ ယေဟောဝါ ပြစ်တင်ရှုတ်ချထားတဲ့ အရာတွေ ပါဝင်နေတယ်။ (ဆ ၁၁:၅။ ဂ ၅:၁၉-၂၁) ဒါကြောင့် ယေဟောဝါကို ဂုဏ်တင်တဲ့အရာတွေကို အမြဲဆင်ခြင်သုံးသပ်နေဖို့ ကျမ်းစာက တိုက်တွန်းတယ်။—ဖိ ၄:၈။

ဘယ်လိုဖျော်ဖြေရေးကို ငါ ရွေးချယ်သင့်သလဲ ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–

  • ရောမ ထိုးသတ်ကစားပွဲ

    ရှေးရောမအချိန်က ထိုးသတ်ကစားပွဲတွေဟာ အခုခေတ် အပန်းဖြေမှုတချို့နဲ့ ဘယ်လို ဆင်တူသလဲ။

  • အသင်းတော်က လူငယ်ညီအစ်ကိုနဲ့အတူ ရှေ့ဆောင်ညီအစ်ကိုတစ်ယောက် အမှုဆောင်ထွက်နေစဉ်

    အပန်းဖြေမှုကို ပညာရှိရှိ ရွေးချယ်ဖို့ လူငယ်တွေကို အသင်းတော်က ညီအစ်ကို/မတွေ ဘယ်လို ကူညီပေးနိုင်သလဲ။

  • စစ်သားတစ်ယောက်

    အပန်းဖြေမှု ရွေးချယ်ရာမှာ ရောမ ၁၂:၉ က ဘယ်လို အကျိုးသက်ရောက်သင့်သလဲ။

  • သက်သေခံလူငယ်တွေ ဘောလုံးကန်နေကြစဉ်

    သင့်ဒေသမှာ အကျိုးရှိတဲ့ အပန်းဖြေမှုတချို့က ဘာတွေလဲ။

ကိုယ်တိုင် လုပ်ဆောင်မှာလား၊ ကြည့်မှာလား

အခု ခေတ်စားနေတဲ့ အပန်းဖြေမှု အတော်များများက ကိုယ်တိုင် ပါဝင်လုပ်ဆောင်တာထက် တခြားသူတွေ လုပ်တာကို ကြည့်ဖို့ သင်ပေးတယ်။ ရုပ်ရှင်၊ စာအုပ်၊ ရုပ်မြင်သံကြား အစီအစဉ်တွေဟာ ကိုယ့်အယူအဆတွေကို မဟုတ်ဘဲ တခြားသူတွေရဲ့ အယူအဆတွေကို တင်ဆက်တာ ဖြစ်တယ်။ တခြားသူတွေ လုပ်တာကို ကြည့်တာထက် ကိုယ်တိုင် လုပ်ဆောင်တဲ့ အပန်းဖြေမှုက ပိုအကျိုးရှိမှန်း လူအများ သိလာကြပြီ။ ဥပမာအနေနဲ့ တချို့သူတွေဟာ တူရိယာပစ္စည်းတွေကို ကိုယ်တိုင် တီးခတ်ကြတယ်၊ ပန်းချီဆွဲကြတယ်။ တချို့ကတော့ အားကစားလုပ်တာ၊ ခြေလျင်ခရီးထွက်တာ၊ ယာယီတဲတွေနဲ့ အပျော်ခရီးထွက်တာကို နှစ်သက်ကြတယ်။ ဘယ်လို အပန်းဖြေမှုပဲ ရွေးချယ်ပါစေ “ဘုရားသခင်ရဲ့ ဘုန်းတော်ကို ထောက်ပြီး အရာရာကို လုပ်ဆောင်” ကြပါစို့။—၁က ၁၀:၃၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ