ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ကမ္ဘာဦး ၆-၈
“မှာထားတဲ့အတိုင်း သူလုပ်တယ်”
နောဧနဲ့ သူ့မိသားစုဟာ ခေတ်မီ ကိရိယာတွေ၊ ဆောက်လုပ်ရေး နည်းပညာတွေမရှိဘဲ သင်္ဘောဆောက်ဖို့ ဘယ်လောက် ကြိုးစားအားထုတ်ခဲ့ရမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။
အရှည် ၄၃၇ ပေ (၁၃၃ မီတာ)၊ အကျယ် ၇၃ ပေ (၂၂ မီတာ)၊ အမြင့် ၄၄ ပေ (၁၃ မီတာ) ရှိတဲ့ အလွန်ကြီးတဲ့ သင်္ဘောဖြစ်တယ်
သစ်ပင်တွေကို ခုတ်လှဲ၊ လိုသလို ဖြတ်တောက်၊ ဆောက်မယ့်နေရာအထိ သယ်လာရတယ်
ဧရာမသင်္ဘောကြီးရဲ့ အတွင်း၊ အပြင်ကို ကတ္တရာစေး သုတ်ရတယ်
နောဧမိသားစုနဲ့ တိရစ္ဆာန်တွေအတွက် တစ်နှစ်စာ အစားအစာတွေ သိုလှောင်ရတယ်
ဒီစီမံကိန်း ပြီးစီးဖို့ အနှစ် ၄၀၊ ၅၀ လောက်ကြာပုံရတယ်
ယေဟောဝါက ကျွန်တော်တို့ကို ခက်ခဲတဲ့အလုပ်တစ်ခု လုပ်ခိုင်းတဲ့အခါ ဒီမှတ်တမ်းက ဘယ်လို အားပေးမှု ဖြစ်စေနိုင်သလဲ