ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ကမ္ဘာဦး ၉-၁၁
‘ကမ္ဘာပေါ်က လူတွေဟာ ဘာသာစကား တစ်မျိုးတည်း ပြောကြတယ်’
ဘေဘယ်မှာ ယေဟောဝါဟာ ဘာသာစကားကို ရှုပ်ထွေးစေခြင်းအားဖြင့် နာခံမှုမရှိသူတွေကို ကမ္ဘာအနှံ့ ကွဲလွင့်စေခဲ့တယ်။ အခုချိန်မှာတော့ ဘုရားဟာ လူမျိုး၊ ဘာသာစကားအမျိုးမျိုး ပြောသူတွေထဲက လူတွေကို လူအုပ်ကြီးအဖြစ် စုသိမ်းပြီး “စင်ကြယ်တဲ့ဘာသာစကား” ပေးထားတဲ့အတွက် သူတို့က ‘ယေဟောဝါရဲ့နာမည်ကို ခေါ်ပြီး ဆုတောင်းကြ၊ ဘုရားကို စည်းလုံးစွာ ဝတ်ပြု’ နိုင်ကြတယ်။ (ဇေ ၃:၉။ ဗ ၇:၉) “စင်ကြယ်တဲ့ဘာသာစကား” ဆိုတာ ယေဟောဝါနဲ့ ကိုယ်တော့်ရည်ရွယ်ချက်အကြောင်း ကျမ်းစာမှာပါတဲ့ အမှန်တရားဖြစ်တယ်။
ဘာသာစကားအသစ် သင်ယူတာက စကားလုံးအသစ်တွေကို အလွတ်ကျက်မှတ်ရုံထက် မကဘူး။ စဉ်းစားတွေးခေါ်နည်း အသစ်ကို သင်ယူဖို့ လိုတယ်။ အဲဒီလိုပဲ အမှန်တရားနဲ့ပတ်သက်တဲ့ စင်ကြယ်တဲ့ဘာသာစကားကို သင်ယူတဲ့အခါ ကျွန်တော်တို့ရဲ့စိတ်သဘောတွေ ပြောင်းလဲသွားတယ်။ (ရ ၁၂:၂) အဲဒါကို မပြတ်လုပ်ဆောင်နေရမယ်။ အဲဒီလိုလုပ်ဆောင်တာက ဘုရားသခင့်လူတွေကို စည်းလုံးနေစေတယ်။—၁က ၁:၁၀။