ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb20 ဧပြီ စာ. ၇
  • “နတ်ဘုရားရုပ်တုတွေကို လွှင့်ပစ်ကြ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “နတ်ဘုရားရုပ်တုတွေကို လွှင့်ပစ်ကြ”
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဂမ္ဘီရပညာဟာ အန္တရာယ်ကင်းရဲ့လား
    လူငယ်များအမေး
  • နတ်ဆိုးတွေကို တွန်းလှန်ဖို့ ယေဟောဝါရဲ့ အကူအညီကို လက်ခံပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • နတ်ဆိုးပညာလိုက်စားခြင်းအကြောင်း ကျမ်းစာ ဘာပြောသလဲ
    နိုးလော့!—၂၀၁၇
  • ယေဟောဝါ တစ်ပါးတည်းကိုပဲ ကိုးကွယ်ဆည်းကပ်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
mwb20 ဧပြီ စာ. ၇
လူတစ်ယောက်က နတ်ဆိုးပညာနဲ့ဆိုင်တဲ့ ပုတီးလည်ဆွဲကို လွှင့်ပစ်နေစဉ်။

ခရစ်ယာန်အသက်တာလမ်းစဉ်

“နတ်ဘုရားရုပ်တုတွေကို လွှင့်ပစ်ကြ”

ရုပ်တုမကိုးကွယ်ရဆိုတဲ့ ပညတ်မရှိခင်ကတည်းက ယေဟောဝါတစ်ပါးတည်းကိုပဲ ကိုးကွယ်ရမယ်ဆိုတာ ယာကုပ် သိတယ်။ (ထွ ၂၀:၃-၅) ဒါကြောင့် ဗေသလအရပ်မှာ သွားနေပါလို့ ယာကုပ်ကို ယေဟောဝါ ပြောပြီးနောက် ယာကုပ်က နတ်ဘုရားရုပ်တုတွေကို လွှင့်ပစ်ဖို့ ယောက်တိုင်းကို ပြောခဲ့တယ်။ အဲဒီနောက်မှာ ယာကုပ်ဟာ အဆောင်လက်ဖွဲ့အဖြစ် ဝတ်ဆင်ပုံရတဲ့ နားဆွဲတွေ အပါအဝင် ရုပ်တုတွေကို စွန့်ပစ်လိုက်တယ်။ (က ၃၅:၁-၄) ယာကုပ်ရဲ့လုပ်ရပ်ကို ယေဟောဝါ နှစ်သက်မှာ သေချာတယ်။

အခုခေတ်မှာကော၊ ယေဟောဝါတစ်ပါးတည်းကိုပဲ ဘယ်လို ကိုးကွယ်ဆည်းကပ်နိုင်သလဲ။ ရုပ်တုကိုးကွယ်ခြင်း၊ နတ်ဆိုးပညာနဲ့ ဆက်နွှယ်တဲ့အရာ မှန်သမျှကို ရှောင်ကြဉ်ရမှာဖြစ်တယ်။ အဲဒီအထဲမှာ မှော်အတတ်နဲ့ သက်ဆိုင်တဲ့ ပစ္စည်းမှန်သမျှကို ဖယ်ရှားခြင်း၊ ကိုယ့်ရဲ့အပန်းဖြေမှုကို အသေအချာ ဆန်းစစ်ခြင်း ပါဝင်တယ်။ ဥပမာအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘သွေးစုပ်ဖုတ်ကောင်၊ သဘာဝလွန် စွမ်းအားရှင်တွေ ပါတဲ့ စာအုပ်၊ ရုပ်ရှင်တွေနဲ့ ငါ အပန်းဖြေနေသလား။ မှော်အတတ်ပညာ၊ ပြုစားတာ၊ ကျိန်စာတိုက်တာတွေကို ပျော်စရာအဖြစ် တင်ဆက်ထားတာတွေနဲ့ အပန်းဖြေနေသလား။ ယေဟောဝါ မုန်းတဲ့အရာမှန်သမျှကို ဝေးဝေးရှောင်သင့်တယ်။—ဆ ၉၇:၁၀။

“မာရ်နတ်ကို ခုခံတွန်းလှန်ကြပါ” ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–

  • လက်မှာ အဆောင်လက်ဖွဲ့ဝတ်ထားတဲ့ ကလေးတစ်ယောက် အိပ်ရာမှာ အိပ်နေစဉ်။ နောက်ဘက်မှာ ကျမ်းစာသင်နေတဲ့ ကလေးအမေက ကျမ်းစာသင်ပေးတဲ့ မောင်နှံစုံနဲ့ စကားပြောနေစဉ်။

    ပါလစ်ဆာလို့ ခေါ်တဲ့ ကျမ်းစာသင်သားမှာ ဘာပြဿနာ ရှိသလဲ။

  • မောင်နှံတစ်စုံနဲ့ သူတို့ရဲ့ကျမ်းစာသင်သားက အကူအညီရဖို့ အကြီးအကဲနှစ်ယောက်နဲ့ စကားပြောနေစဉ်။

    နတ်ဆိုးတွေရဲ့ နှောင့်ယှက်မှု ခံနေရတယ်ဆိုရင် အကြီးအကဲတွေဆီ အကူအညီတောင်းတာက ဘာကြောင့် ပညာရှိရာ ရောက်သလဲ။

  • ကျမ်းစာသင်သားက ကလေးရဲ့အဆောင်လက်ဖွဲ့ကို မီးဖိုထဲ ထည့်နေစဉ်။

    မာရ်နတ်ကို ခုခံတွန်းလှန်ကြပါ။ ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။—ယာ ၄:၇၊ ၈

    ယေဟောဝါရဲ့ ကာကွယ်မှု ရချင်တယ်ဆိုရင် ဘာတွေကို ဖယ်ရှားပစ်ရမလဲ။

  • ပါလစ်ဆာ ဘာကို ပြတ်ပြတ်သားသား လုပ်ခဲ့သလဲ။

  • သင့်ဒေသမှာ နတ်ဆိုးဩဇာလွှမ်းမိုးမှုကို ဘယ်လိုနည်းတွေနဲ့ ရှောင်နိုင်သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ