ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ကမ္ဘာဦး ၄၂-၄၃
ယောသပ် ချုပ်တည်းမှု ပြခဲ့
မထင်မှတ်ဘဲ အစ်ကိုတွေနဲ့ မျက်နှာချင်းဆိုင် တွေ့လိုက်ရတဲ့အခါ ယောသပ် ဘယ်လောက် စိတ်လှုပ်ရှားသွားမလဲဆိုတာ မြင်ယောင်ကြည့်လိုက်ပါ။ အစ်ကိုတွေကို ချက်ချင်း မှတ်မိသွားပြီး ဖက်လိုက်နိုင်တယ်၊ ဒါမှမဟုတ် လက်စားချေလိုက်နိုင်တယ်။ ဒါပေမဲ့ စိတ်ထဲရှိတဲ့အတိုင်း ယောသပ် မလုပ်ခဲ့ဘူး။ ညီအစ်ကို/မတို့ကို မိသားစုဝင် ဒါမှမဟုတ် တခြားသူတွေက မတရား ဆက်ဆံတယ်ဆိုရင် ဘာလုပ်မလဲ။ စဉ်းလဲတဲ့ စိတ်နှလုံးရဲ့ အလိုအတိုင်း၊ မစုံလင်တဲ့ စိတ်သဘောအတိုင်း လုပ်မယ့်အစား ချုပ်တည်းတာ၊ တည်တည်ငြိမ်ငြိမ် ရှိတာက အကျိုးရှိကြောင်း ယောသပ်ရဲ့ စံနမူနာက သင်ပေးတယ်။
ကြုံတွေ့ရတဲ့ အခြေအနေတွေမှာ ယောသပ်ကို ဘယ်လို အတုယူနိုင်သလဲ