ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဝတ်ပြုရာ ၈-၉
ယေဟောဝါရဲ့ ကောင်းချီး အထောက်အထား
အာရုန်အမျိုးကို ပုရောဟိတ်အဖြစ် ခန့်အပ်တဲ့ ပထမဆုံး မီးရှို့ရာအလှူအပေါ် ယေဟောဝါဆီက မီးကျလာတယ်။ ဒီအစီအစဉ်ကို ယေဟောဝါ ထောက်ခံတယ်၊ နှစ်သက်တယ်ဆိုတာ ပြတယ်။ စုဝေးရောက်ရှိနေတဲ့ အစ္စရေးတွေ ပုရောဟိတ် အစီအစဉ်ကို အပြည့်အဝ ထောက်မဖို့ ဒီနည်းနဲ့ ယေဟောဝါ အားပေးခဲ့တယ်။ အခုအချိန်မှာ ယေဟောဝါက သာ၍ ကြီးမြတ်တဲ့ ပုရောဟိတ်မင်း ဘုန်းတန်ခိုးကြီးတဲ့ ယေရှုခရစ်ကို အသုံးပြုနေပါတယ်။ (ဟီ ၉:၁၁၊ ၁၂) ၁၉၁၉ ခုနှစ်မှာ ယေရှုက ဘိသိက်ခံအမျိုးသား အုပ်စုငယ်လေးကို “သစ္စာနဲ့ သတိပညာရှိတဲ့ကျွန်” အဖြစ် ခန့်အပ်ခဲ့တယ်။ (မ ၂၄:၄၅) သစ္စာရှိကျွန်ကို ယေဟောဝါ နှစ်သက်ပြီး ကောင်းချီးပေး၊ ထောက်မပေးနေမှန်း ဘာအထောက်အထား ရှိသလဲ။
ပြင်းထန်တဲ့ နှိပ်စက်ညှဉ်းပန်းမှုကြားမှာ သစ္စာရှိကျွန်ဟာ အချိန်တန်အစာ မပြတ် ထောက်ပံ့ပေးခဲ့တယ်
ပရောဖက်ပြုထားတဲ့အတိုင်း သတင်းကောင်းကို “လူနေထိုင်ရာ မြေတစ်ခွင်လုံးမှာ” ဟောပြောနေတယ်။—မ ၂၄:၁၄
သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်ကို ဘယ်လို အပြည့်အဝ ထောက်မနိုင်သလဲ