ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb22 ဇန်နဝါရီ စာ. ၁၃
  • ရှမွေလဆီက ရတဲ့ သင်ခန်းစာများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရှမွေလဆီက ရတဲ့ သင်ခန်းစာများ
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှမွေလ စစ်မှန်သောဝတ်ပြုရေးကိုမြှင့်တင်ပေးသူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ‘ထာဝရဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်လျက် ကြီးပြင်းလာ၏’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • “ယေဟောဝါရှေ့မှာ ကြီးပြင်းလာ”
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • စိတ်ပျက်ခဲ့ရပေမဲ့ သူ ခံနိုင်ရည်ရှိခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၂
mwb22 ဇန်နဝါရီ စာ. ၁၃
ရုပ်ပုံများ– “သူတို့ဆီကနေ သင်ယူပါ—ရှမွေလ” ဗီဒီယိုကို အခြေခံထားတဲ့ ရုပ်ပုံများ– ၁။ ဒန်နီ။ ၂။ လူငယ်လေး ရှမွေလ။

ခရစ်ယာန်အသက်တာလမ်းစဉ်

ရှမွေလဆီက ရတဲ့ သင်ခန်းစာများ

ရှမွေလဟာ ယေဟောဝါကို တစ်သက်လုံး သစ္စာရှိခဲ့တယ်။ ကလေးဘဝမှာ ဧလိရဲ့ သား ဟောဖနိနဲ့ ဖိနဟတ်လို အကျင့်မပျက်ခဲ့ဘူး။ (၁ရှ ၂:၂၂-၂၆) ကြီးပြင်းလာချိန်မှာ ရှမွေလနဲ့အတူ ယေဟောဝါ ရှိခဲ့တယ်။ (၁ရှ ၃:၁၉) ရှမွေလရဲ့ သားတွေက ယေဟောဝါ လမ်းစဉ်အတိုင်း မလိုက်လျှောက်ကြပေမဲ့ ရှမွေလကတော့ အိုမင်းချိန်အထိ လိုက်လျှောက်ခဲ့တယ်။—၁ရှ ၈:၁-၅။

ရှမွေလရဲ့ ပုံနမူနာကနေ ဘာသင်ယူနိုင်သလဲ။ သင်ဟာ လူငယ်တစ်ယောက် ဖြစ်မယ်ဆိုရင် သင့်ရဲ့ အခက်အခဲတွေ၊ ခံစားချက်တွေကို ယေဟောဝါ သိတယ်ဆိုတာ စိတ်ချပါ။ ရဲစွမ်းသတ္တိ ရှိအောင် ဘုရား ကူညီပေးနိုင်တယ်။ (ရှာ ၄၁:၁၀၊ ၁၃) ယေဟောဝါကို စွန့်ခွာသွားတဲ့ သားသမီး ရှိတဲ့ မိဘ ဖြစ်မယ်ဆိုရင် ရှမွေလဟာ အရွယ်ရောက်နေတဲ့ သားတွေကို ယေဟောဝါရဲ့ စံနှုန်းအတိုင်း လိုက်ဖို့ အတင်းဖိအား မပေးခဲ့ဘူး ဆိုတဲ့ အချက်ကနေ နှစ်သိမ့်မှု ရနိုင်ပါတယ်။ ရှမွေလဟာ ကိစ္စရပ်ကို ယေဟောဝါ လက်ထဲ အပ်ခဲ့တယ်။ တစ်ချိန်တည်းမှာ ကိုယ်တိုင် သမာဓိ စောင့်သိပြီး ကောင်းကင်ဘုံစံ ဖခင် ယေဟောဝါ ကြိုက်နှစ်သက်တာကို ဆက်လုပ်နေခဲ့တယ်။ ကိုယ့်ရဲ့ ပုံသက်သေကောင်းကြောင့် သားသမီးတွေ ယေဟောဝါဆီ ပြန်လှည့်လာနိုင်ပါတယ်။

သူတို့ဆီကနေ သင်ယူပါ—ရှမွေလ ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–

  • “သူတို့ဆီကနေ သင်ယူပါ—ရှမွေလ” ဗီဒီယိုထဲက ပြကွက်တစ်ခု။ လူငယ်လေး ရှမွေလ တဲတော်ဝင်းအတွင်းမှာ ထင်းသယ်နေစဉ်။

    လူငယ် ရှမွေလဟာ ရဲစွမ်းသတ္တိ ရှိကြောင်း ဘယ်လို ပြခဲ့သလဲ။

  • “သူတို့ဆီကနေ သင်ယူပါ—ရှမွေလ” ဗီဒီယိုထဲက ပြကွက်တစ်ခု။ ဒန်နီက အကိုဆီ သွားပြီး အကို နှစ်ဘဝစံတဲ့အကြောင်း ပြောနေစဉ်။

    ဒန်နီဟာ ရဲစွမ်းသတ္တိ ရှိကြောင်း ဘယ်လို ပြခဲ့သလဲ။

  • “သူတို့ဆီကနေ သင်ယူပါ—ရှမွေလ” ဗီဒီယိုထဲက ပြကွက်တစ်ခု။ အသက်ကြီးနေပြီ ဖြစ်တဲ့ ပရောဖက် ရှမွေလ။

    အသက်ကြီးနေတဲ့ ရှမွေလဟာ ဘယ်စံနမူနာကောင်း ပြခဲ့သလဲ။

  • “သူတို့ဆီကနေ သင်ယူပါ—ရှမွေလ” ဗီဒီယိုထဲက ပြကွက်တစ်ခု။ ဒန်နီရဲ့ မိဘနှစ်ပါး ဒန်နီနဲ့အတူ အများရှေ့သက်သေခံခြင်း လုပ်ပြီးတဲ့အချိန်။

    မှန်ရာကို စွဲစွဲမြဲမြဲ လုပ်ဆောင်နေသူတွေကို ယေဟောဝါ ထောက်မ

    ဒန်နီရဲ့ မိဘတွေဟာ ဘယ်စံနမူနာကောင်း ပြခဲ့သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ