ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ
ရှောလုဟာ အစပိုင်းမှာ နှိမ့်ချ၊ ကျိုးနွံခဲ့
ရှောလုဟာ ကျိုးနွံမှု ရှိလို့ ဘုရင့်အရိုက်အရာကို လက်ခံဖို့ တွန့်ဆုတ်ခဲ့ (၁ရှ ၉:၂၁။ ၁၀:၂၀-၂၂။ က၂၀.၀၈ ၁၀ ပိုဒ်. ၁၁)
အပျက်သဘောနဲ့ အပြောခံရတဲ့အခါမှာ ရှောလု ချက်ချင်း မတုံ့ပြန်ခဲ့ (၁ရှ ၁၀:၂၇။ ၁၁:၁၂၊ ၁၃။ က၁၄ ၃/၁၅ ၅ ပိုဒ်. ၈)
ယေဟောဝါရဲ့ သန့်ရှင်းသော စွမ်းအားတော် လမ်းညွှန်မှုကို ရှောလု လက်ခံခဲ့ (၁ရှ ၁၁:၅-၇။ က၉၅ ၁၂/၁၅ ၁၀ ပိုဒ်. ၁)
နှိမ့်ချမှု ရှိမယ်ဆိုရင် ကိုယ်ရထားတဲ့ အခွင့်ထူးတွေ၊ စွမ်းရည်တွေဟာ ယေဟောဝါဆီက ရတဲ့ ဆုကျေးဇူး ဖြစ်တယ်လို့ ယူမှတ်ပါလိမ့်မယ်။ (ရ ၁၂:၃၊ ၁၆။ ၁က ၄:၇) ယေဟောဝါရဲ့ လမ်းညွှန်မှုကို ဆက်အားကိုးနေပါလိမ့်မယ်။