ခရစ်ယာန်အသက်တာလမ်းစဉ်
သင့်ဆုတောင်းချက်တွေရဲ့ အဖြေတွေကို မြင်ပါသလား
ယေဟောဝါဆီ ဆုတောင်းတဲ့အခါ အဖြေရခဲ့သူတွေအကြောင်း ကျမ်းစာမှာ အများကြီး ပါတယ်။ ဘုရားရဲ့ ကျေးကျွန်တွေဟာ ကိုယ့်စိုးရိမ်သောကတွေကို ယေဟောဝါ နားထောင်ပြီး ကူညီပေးတယ်ဆိုတာ တွေ့မြင်ရလို့ ယုံကြည်ခြင်း ခိုင်ခံ့ခဲ့ကြတယ်။ ဒါကြောင့် သတ်သတ်မှတ်မှတ် ဆုတောင်းဖို့၊ ဆုတောင်းချက်ရဲ့ အဖြေတွေကို သိမြင်ဖို့ ကြိုးစားပါ။ ကိုယ်လိုချင်တဲ့ အဖြေမျိုး မဟုတ်တာ၊ ကိုယ်လိုချင်တဲ့ အဖြေထက် ပိုသာတာမျိုးလည်း ရှိနိုင်တယ်။ (၂က ၁၂:၇-၉။ ဧ ၃:၂၀) ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ ဘယ်နည်းတွေနဲ့ အဖြေပေးသလဲ။
ပြဿနာကို ရင်ဆိုင်နိုင်ဖို့ ကာယပိုင်း၊ စိတ်ပိုင်း၊ ဘုရားရေးရာပိုင်းမှာ ခွန်အား ပေးတယ်။—ဖိ ၄:၁၃
ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ဉာဏ်ပညာ ပေးတယ်။—ယာ ၁:၅
လုပ်ဆောင်ချင်စိတ်သာမက လုပ်ဆောင်နိုင်စွမ်းကိုပါ ပေးတယ်။—ဖိ ၂:၁၃
စိုးရိမ်လာတဲ့အခါ စိတ်တည်ငြိမ်မှု ပေးတယ်။—ဖိ ၄:၆၊ ၇
တခြားသူတွေကတစ်ဆင့် ကာယပိုင်း၊ စိတ်ပိုင်း ထောက်မပေးတယ်။—၁ယ ၃:၁၇၊ ၁၈
ကျွန်တော်တို့ ဆုတောင်းပေးလိုက်သူတွေကို ဘုရား ကူညီပေးတယ်။—တ ၁၂:၅၊ ၁၁
ယေဟောဝါဟာ “ဆုတောင်းသံကို နားထောင်တဲ့အရှင်” ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–
ကျန်းမာရေး မကောင်းလို့ အရင်လို မလုပ်နိုင်တော့တဲ့အခါ ညီအစ်ကို ရှီမီဇူရဲ့ တွေ့ကြုံမှုကနေ ဘယ်လို ခွန်အားယူနိုင်သလဲ။
ညီအစ်ကို ရှီမီဇူကို ဘယ်လို အတုယူနိုင်သလဲ။