ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၀ ဇွန် စာ. ၁၇
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင်သည် ‘ဘုရားသခင့်ဝိညာဉ်တော်ဖြင့် လျှောက်လှမ်း’ နေမည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ဘုရားသခင့်စွမ်းအားတော် ဦးဆောင်မှုကို သင်ခံယူနေသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • “များစွာသောအသီးကိုသီး” နေလော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • နှစ်ခြင်းခံပြီးနောက် “စရိုက်သစ်” ကို ဆက်ဝတ်ဆင်နေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
က၂၀ ဇွန် စာ. ၁၇

စာရှုသူများထံမှ မေးခွန်းလွှာ

“စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေ” ထဲမှာ ဂလာတိ ၅:၂၂၊ ၂၃ မှာ ဖော်ပြထားတဲ့ အရည်အသွေးတွေပဲ ပါတာလား။

  • ချစ်ခြင်း

  • ဝမ်းမြောက်ခြင်း

  • ငြိမ်သက်ခြင်း

  • စိတ်ရှည်ခြင်း

  • ကြင်နာခြင်း

  • ကောင်းမြတ်ခြင်း

  • ယုံကြည်ခြင်း

  • နူးညံ့သိမ်မွေ့ခြင်း

  • ချုပ်တည်းခြင်း

အဲဒီကျမ်းပိုဒ်မှာ ခရစ်ယာန် အရည်အသွေး ကိုးခုကို ဖော်ပြထားတယ်။ “စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေကတော့ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်းတို့ပါပဲ။” ဒါပေမဲ့ ဘုရားသခင့် စွမ်းအားတော်က ဖြစ်ပေါ်စေတာ အဲဒီအရည်အသွေးတွေလောက်ပဲ မဟုတ်ဘူး။

ရှေ့အခန်းငယ်မှာ တမန်တော် ပေါလု ဘာပြောထားတယ်ဆိုတာ သတိပြုပါ– “အပြစ်ရှိတဲ့အကျင့်တွေ . . . ကတော့ လိင်အကျင့်ယိုယွင်းခြင်း၊ မသန့်ရှင်းခြင်း၊ မျက်နှာပြောင်တိုက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊ နတ်ဆိုးပညာ လိုက်စားခြင်း၊ ရန်လိုခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသပေါက်ကွဲခြင်း၊ ငြင်းခုံခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ ဂိုဏ်းခွဲခြင်း၊ မနာလိုမရှုဆိတ် ဖြစ်ခြင်း၊ သောက်စားမူးယစ်ခြင်း၊ အထိန်းအကွပ်မဲ့ ပွဲလုပ်ခြင်းစတဲ့ အရာတွေပဲ။” (ဂလ. ၅:၁၉-၂၁) “စတဲ့ အရာတွေပဲ” လို့ ပေါလု ပြောတဲ့အတွက် “အပြစ်ရှိတဲ့အကျင့်တွေ” ထဲမှာ ကောလောသဲ ၃:၅ မှာ ဖော်ပြထားတဲ့ အကျင့်လိုမျိုး တခြားအကျင့်တွေ ပါဝင်နေသေးတာ ထင်ရှားတယ်။ အလားတူပဲ၊ အရည်အသွေးကောင်း ကိုးခုကို ဖော်ပြပြီးနောက် “အဲဒါတွေကို ဆန့်ကျင်တဲ့ ပညတ်ဆိုတာ မရှိဘူး” လို့ ပေါလု ပြောတယ်။ ဒါကြောင့် စွမ်းအားတော် အကူအညီကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးဟာ ကိုးခုပဲ မဟုတ်တာ ထင်ရှားတယ်။

“အလင်းဟာ ကောင်းမြတ်ခြင်းအမျိုးမျိုး၊ ဖြောင့်မတ်ခြင်းနဲ့ အမှန်တရားကို ဖြစ်ထွန်းစေ” တယ်လို့ ဧဖက်အသင်းတော်ဆီ ပေါလု စာရေးတယ်။ (ဧ. ၅:၈၊ ၉) ဖြောင့်မတ်ခြင်း၊ အမှန်တရားနဲ့ တွဲဖော်ပြထားတဲ့ “ကောင်းမြတ်ခြင်း” ဟာ အလင်းကြောင့် ဖြစ်ထွန်းလာတဲ့ အရည်အသွေး ဖြစ်သလို “စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး” လည်း ဖြစ်တယ်။

“ဖြောင့်မတ်ခြင်း၊ ဘုရားတရား ကိုင်းရှိုင်းခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ ခံနိုင်ရည်ရှိခြင်း၊ နူးညံ့သိမ်မွေ့ခြင်း” စတဲ့ အရည်အသွေးကောင်း ခြောက်ခု “ရှိနိုင်ဖို့ အမြဲ ကြိုးစားပါ” ဆိုပြီး တိမောသေကို ပေါလု တိုက်တွန်းတယ်။ (၁ တိ. ၆:၁၁) အဲဒီထဲက ယုံကြည်ခြင်း၊ ချစ်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်းဆိုတဲ့ အရည်အသွေး သုံးခုပဲ “စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး” စာရင်းထဲမှာ ပါတယ်။ ဒါပေမဲ့ ဖြောင့်မတ်ခြင်း၊ ဘုရားတရား ကိုင်းရှိုင်းခြင်း၊ ခံနိုင်ရည်ဆိုတဲ့ အရည်အသွေးတွေ ရှိလာဖို့လည်း စွမ်းအားတော် အကူအညီကို တိမောသေ လိုအပ်ခဲ့မှာပဲ။—ကောလောသဲ ၃:၁၂။ ၂ ပေတရု ၁:၅-၇ နဲ့နှိုင်းယှဉ်ပါ။

ဒါကြောင့် ဂလာတိ ၅:၂၂၊ ၂၃ ဟာ ခရစ်ယာန်တွေမှာ ရှိသင့်တဲ့ အရည်အသွေးအားလုံးကို ဖော်ပြထားတဲ့ စာရင်း မဟုတ်ဘူး။ “စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး” အဖြစ် ဖော်ပြထားတဲ့ အရည်အသွေး ကိုးခု ရှိလာဖို့ ဘုရားသခင့် စွမ်းအားတော်က ကူညီပေးတယ်။ ဒါပေမဲ့ ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်လာဖို့ တခြားအရည်အသွေးတွေကိုလည်း မွေးမြူရမယ်။ “စစ်မှန်တဲ့ ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်သိခြင်းနဲ့အညီ အလိုတော်အတိုင်း ဘုရားသခင် ဖန်ဆင်းတဲ့ စရိုက်သစ်ကိုလည်း ဝတ်ဆင်ရမယ်။”—ဧ. ၄:၂၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ