ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၂ ဇွန် စာ. ၂၉
  • သင် သိပါသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် သိပါသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘သခင်သည်အမှန် ထမြောက်တော်မူပြီ!’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ယေရှု ရှင်ပြန်ထမြောက်ပြီ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • သင် သိပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ယေရှုအသက်ရှင်တော်မူသည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
က၂၂ ဇွန် စာ. ၂၉

သင် သိပါသလား

ယေရှုလို သစ်တိုင်တင် အသတ်ခံရသူတွေကို ထုံးစံအတိုင်း သင်္ဂြိုဟ်ဖို့ ရောမတွေ ခွင့်ပြုသလား

ယေရှုရဲ့ အလောင်းကို တပည့်တွေ သစ်တိုင်ပေါ်ကနေ ချပြီး ပိတ်နဲ့ ပတ်ရစ်နေကြစဉ်။

ရာဇဝတ်သား နှစ်ယောက် အလယ်မှာ ယေရှု သစ်တိုင်တင်ခံရတဲ့ ကျမ်းမှတ်တမ်းကို လူအတော်များများ သိကြတယ်။ (မ. ၂၇:၃၅-၃၈) ဒါပေမဲ့ ယေရှုရဲ့ အလောင်းကို သင်္ဂြိုဟ်ဖို့ ပြင်ဆင်တယ်၊ သင်္ချိုင်းဂူထဲ သင်္ဂြိုဟ်တယ် ဆိုတဲ့ ကျမ်းစာ ဖော်ပြချက် တိကျမှု မရှိဘူးလို့ တချို့ အငြင်းပွားကြတယ်။—မာ. ၁၅:၄၂-၄၆။

သေဒဏ် ပေးခံရတဲ့ ရာဇဝတ်သားကို သင်္ချိုင်းဂူမှာ သင်္ဂြိုဟ်ခွင့် ပြုပါ့မလားလို့ ခရစ်ဝင်ကျမ်း ဝေဖန်ရေးသမားတချို့ သံသယ ဝင်ကြတယ်။ ဘာကြောင့်လဲ။ နောက်ခံကို စမစ်ဆိုနီယန် မဂ္ဂဇင်း သတင်းသမား အာရီယယ် ဆာဘာ ရှင်းပြတယ်– “သစ်တိုင်တင် သတ်ခြင်းဟာ လူ့အသိုင်းအဝိုင်းထဲက ဆန်ကုန်မြေလေးတွေအတွက် သတ်မှတ်ထားတဲ့ ပြစ်ဒဏ် ဖြစ်တယ်။ အဲဒီလိုလူတွေကို ရောမတွေ ဂုဏ်သိက္ခာရှိရှိ ဂူသွင်း သင်္ဂြိုဟ်ခွင့် ပေးတယ်ဆိုတာ ပညာရှင်တချို့အတွက် ရယ်စရာ ဖြစ်နေတယ်။” ရောမတွေက သေဒဏ် ပေးခံရတဲ့ ရာဇဝတ်သားတွေကို အဆုံးစွန်ထိ အရှက်တကွဲ ဖြစ်စေချင်ကြတယ်။ ဒါကြောင့် အလောင်းတွေကို သားရဲတိရစ္ဆာန်တွေ စားဖို့ ပစ်ထားပြီး ကျန်ကြွင်းတဲ့ အပိုင်းအစတွေကို သင်္ချိုင်းတစ်ခုခုမှာ တခြားအလောင်းတွေနဲ့ ရောပြီး သွားပစ်လိုက်ကြတယ်။

ဒါပေမဲ့ သေဒဏ် ပေးခံရတဲ့ ဂျူးတချို့ရဲ့ ရုပ်ကြွင်းကိုတော့ ဂူသွင်းသင်္ဂြိုဟ်ခဲ့တယ်ဆိုတာ ရှေးဟောင်း သုတေသန တွေ့ရှိချက်က ဖော်ပြတယ်။ ပထမရာစုတုန်းက သေဒဏ် ပေးခံရတဲ့ လူတစ်ယောက်ရဲ့ အရိုးစုကို ၁၉၆၈ မှာ တူးဖော်တွေ့ရှိခဲ့ကြတယ်။ ဂျေရုဆလင်မြို့နားက ဂျူးမိသားစု တစ်စုရဲ့ သင်္ချိုင်းဂူထဲမှာ တွေ့တာ။ သူ့အရိုးစုကို အရိုးအိုးထဲ ထည့်ထားတယ်။ အဲဒီအရိုးစုထဲမှာ ဖနောင့်ရိုးလည်း ပါတယ်။ သစ်သားပြားကို ဖနောင့်ရိုးနဲ့ ကပ်ပြီး ၄.၅ လက်မ (၁၁.၅ စင်တီမီတာ) အရှည်ရှိတဲ့ သံနဲ့ ရိုက်ထားတာ။ “အဲဒါ ယဟောခါနန်လို့ ခေါ်တဲ့ အမျိုးသားတစ်ယောက်ရဲ့ ဖနောင့်ပါ။ ဒီဖနောင့်ဟာ သင်္ချိုင်းဂူမှာ ယေရှု သင်္ဂြိုဟ်ခံရတယ်ဆိုတဲ့ ခရစ်ဝင်ကျမ်း မှတ်တမ်း မှန်ကန်ကြောင်း အထောက်အထားပါပဲ။ ယေရှုခေတ်တုန်းက သစ်တိုင်တင် သတ်ခံရသူတချို့ကို ဂျူးထုံးစံအတိုင်း ဂူသွင်း သင်္ဂြိုဟ်ဖို့ ရောမတွေ ခွင့်ပြုတယ်ဆိုတဲ့ သာဓကတစ်ခုပဲ” လို့ ဆာဘာ ပြောတယ်။

ဒီဖနောင့်ရိုးကြောင့် သစ်တိုင်ပေါ် ယေရှု ဘယ်လိုပုံစံနဲ့ ချိတ်ဆွဲခံရတယ်ဆိုတဲ့ အမြင်တွေ ကွဲပြားမှု ရှိနိုင်တယ်။ ဒါပေမဲ့ သေဒဏ် ပေးခံရတဲ့ ရာဇဝတ်သားတချို့ ဂူသွင်း သင်္ဂြိုဟ်ခံရတယ်ဆိုတဲ့အချက်ကတော့ တိကျမှန်ကန်တာ ထင်ရှားတယ်။ ယေရှုရဲ့ အလောင်း သင်္ချိုင်းဂူထဲ သင်္ဂြိုဟ်ခံရတယ်ဆိုတဲ့ ကျမ်းစာအဆို တိကျမှန်ကန်တယ်။ အဲဒါကို ဒီအထောက်အထားက သက်သေထူတယ်။

ပိုအရေးကြီးတာက သူဌေးတစ်ယောက်ရဲ့ သင်္ချိုင်းဂူမှာ ယေရှု သင်္ဂြိုဟ်ခံရမယ်လို့ ယေဟောဝါ ကြိုဟောထားတယ်။ အဲဒီစကား မပြည့်စုံအောင် ဘယ်သူမှ မတားဆီးနိုင်ဘူး။—ဟေရှာ. ၅၃:၉။ ၅၅:၁၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ