ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၂ နိုဝင်ဘာ စာ. ၃၁
  • သင် သိပါသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် သိပါသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့် လူမျိုးဘက် သူရပ်တည်ခဲ့
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • မော်ဒကဲနဲ့ ဧသတာတို့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဘုရားသခင် ရွေးချယ်ထားတဲ့ လူမျိုးဘက် သူရပ်တည်ခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဧသတာ မာတိကာ
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
က၂၂ နိုဝင်ဘာ စာ. ၃၁

သင် သိပါသလား

မော်ဒကဲ တကယ် အသက်ရှင်ခဲ့သလား

မော်ဒကဲဆိုတဲ့ ဂျူးအမျိုးသားဟာ ဧသတာကျမ်းထဲက ဇာတ်ကောင် တစ်ယောက် ဖြစ်တယ်။ ပါးရှားနန်းတော်မှာ အမှုထမ်းတဲ့ ဂျူးသုံ့ပန်းပါ။ ဘီစီ ငါးရာစုအစပိုင်း၊ “အာရွှေရုမင်း လက်ထက်” မှာ ဖြစ်တယ်။ (ဒီနေ့ခေတ် လူအများစုက အဲဒီဘုရင်ကို ဇားဇိခ် ၁ အဖြစ် သိထားကြတယ်။) ဘုရင်ကို လုပ်ကြံမယ့် အကြံအစည်ကို မော်ဒကဲ အချိန်မီ တားဆီးလိုက်နိုင်တယ်။ ကျေးဇူးတင်လွန်းလို့ လူသိရှင်ကြား ချီးမြှောက်ဖို့ ဘုရင် စီစဉ်တယ်။ မော်ဒကဲနဲ့ တခြား ဂျူးတွေရဲ့ ရန်သူ ဟာမန် သေဆုံးပြီးနောက် မော်ဒကဲကို ဝန်ကြီးချုပ် ရာထူး ခန့်အပ်တယ်။ ဒီရာထူးကြောင့် ပါးရှားအင်ပါယာတစ်ခွင်က ဂျူးတွေ မျိုးဖြုတ် သတ်မခံရအောင် မော်ဒကဲ ကူညီပေးနိုင်ခဲ့တယ်။—ဧသ. ၁:၁။ ၂:၅၊ ၂၁-၂၃။ ၈:၁၊ ၂။ ၉:၁၆။

သမိုင်းပညာရှင်တချို့က ဧသတာကျမ်းဟာ ဒဏ္ဍာရီပဲ၊ မော်ဒကဲ တကယ် အသက်မရှင်ခဲ့ဘူးလို့ ဆိုကြတယ်။ ဒါပေမဲ့ ၁၉၄၁ မှာ မော်ဒကဲနဲ့ပတ်သက်တဲ့ ကျမ်းမှတ်တမ်းကို ထောက်ခံတဲ့ အထောက်အထားကို ရှေးဟောင်းသုတေသန ပညာရှင်တွေ ရှာတွေ့ခဲ့ပုံ ရတယ်။ ဘာများလဲ။

မာဒုကာ (မြန်မာလို မော်ဒကဲ) ဆိုတဲ့ အမျိုးသားတစ်ယောက်အကြောင်း ဖော်ပြထားတဲ့ ပါးရှား ရွှံ့စေး ကျောက်ပြားတစ်ချပ်ကို သူတို့ ရှာဖွေတွေ့ရှိကြတယ်။ အဲဒီအမျိုးသားဟာ ရှုရှန်မြို့မှာ စီမံခန့်ခွဲရေး အရာရှိအဖြစ် အမှုထမ်းခဲ့တယ်။ စာရင်းကိုင် ဖြစ်နိုင်တယ်။ အဲဒီကျောက်ပြားကို ရှာဖွေတွေ့ရှိတုန်းက အရှေ့တိုင်း သမိုင်းဆရာ အာသာ အန်ဂနတ်က “ကျမ်းစာရဲ့ အစိတ်အပိုင်း မဟုတ်တဲ့ စာပေမှာ မော်ဒကဲအကြောင်း ပါတာ ဒါ ပထမဆုံးအကြိမ်ပဲ” လို့ ပြောတယ်။

နောက်ပိုင်း၊ တခြား ပါးရှား ရွှံ့စေး ကျောက်ပြားထောင်ပေါင်းများစွာကို ပညာရှင်တွေ ဘာသာပြန်ကြတယ်။ အဲဒီထဲမှာ ပါဆဲပလစ် မြို့ရိုးအနီးက ဘဏ္ဍာတိုက် အပျက်အယွင်းတွေထဲမှာ ရှာတွေ့ခဲ့တဲ့ ကျောက်ပြားတွေ ပါတယ်။ ဇားဇိခ် ၁ လက်ထက်တုန်းက ကျောက်ပြားတွေ။ ဧလံစကားနဲ့ ရေးထားတယ်။ ဧသတာကျမ်းထဲက နာမည် အတော်များများ ပါတယ်။a

ပါးရှား ရွှံ့စေး ကျောက်ပြားမှာ တွေ့ရတဲ့ မော်ဒကဲ (မာဒုကာ) ရဲ့ နာမည်

ပါဆဲပလစ် ကျောက်ပြား အတော်များများမှာ ဇားဇိခ် ၁ လက်ထက်၊ ပါးရှား နန်းတော် အတွင်းဝန် မာဒုကာရဲ့ နာမည် ဖော်ပြထားတယ်။ ကျောက်ပြားတစ်ချပ်မှာ မာဒုကာကို ဘာသာပြန်သူအဖြစ် ဖော်ပြတယ်။ ဒါဟာ မော်ဒကဲနဲ့ပတ်သက်တဲ့ ကျမ်းစာဖော်ပြချက်နဲ့ ကိုက်ညီတယ်။ မော်ဒကဲဟာ ဘုရင် အာရွှေရု (ဇားဇိခ် ၁) ရဲ့ နန်းတော်မှာ အမှုထမ်းခဲ့သူ ဖြစ်ပြီး အနည်းဆုံး ဘာသာစကား နှစ်မျိုး ပြောတတ်တယ်။ ရှုရှန် နန်းတော်တံခါးမှာ ပုံမှန် ထိုင်ရတယ်။ (ဧသ. ၂:၁၉၊ ၂၁။ ၃:၃) အဲဒီဂိတ်တံခါးဟာ မင်းမှုထမ်းတွေ အလုပ်လုပ်တဲ့ အဆောက်အအုံကြီး ဖြစ်တယ်။

ကျောက်ပြားတွေမှာ ဖော်ပြထားတဲ့ မာဒုကာနဲ့ ကျမ်းစာထဲက မော်ဒကဲမှာ ဆင်တူချက် များစွာ ရှိတယ်။ တစ်ချိန်တည်း တစ်နေရာတည်းမှာ အသက်ရှင်ခဲ့တယ်။ တစ်နေရာတည်းမှာ မင်းမှုထမ်းအဖြစ် အမှုထမ်းတယ်။ အဲဒီဆင်တူချက်တွေကို ကြည့်ရင် မော်ဒကဲနဲ့ မာဒုကာ တစ်ယောက်တည်း ဖြစ်တယ်လို့ ကောက်ချက်ချနိုင်တယ်။

a ၁၉၉၂ မှာ ပါမောက္ခ အက်ဒဝင် ယာမာအူချီက ပါဆဲပလစ် ကျောက်ပြားစာတွေထဲက နာမည် ဆယ်ခုအကြောင်း ဆောင်းပါးတစ်ပုဒ် ရေးခဲ့တယ်။ အဲဒီနာမည်တွေကို ဧသတာကျမ်းမှာလည်း တွေ့ရတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ