နိဒါန်း
ကမ္ဘာတစ်ဝန်း လူသန်းပေါင်းများစွာ စိတ်ကျန်းမာရေး ပြဿနာ ရင်ဆိုင်နေကြရတယ်။ စီးပွားရေး၊ ပညာရေး၊ လူမျိုးရေး၊ ဘာသာရေး နောက်ခံပေါင်းစုံက လူကြီးလူငယ်မရွေး စိတ်ကျဝေဒနာကို တိုက်လှန်ရနိုင်တယ်။ စိတ်ဝေဒနာဆိုတာ ဘာလဲ။ ဘာအကျိုးဆက်တွေ ရှိသလဲ။ ကုသမှု ခံယူဖို့ ဘယ်လောက် အရေးကြီးသလဲ။ ကျမ်းစာက ဘယ်လို လက်တွေ့ကျကျ ကူညီပေးနိုင်သလဲ။ ဒီမဂ္ဂဇင်းမှာ ဆွေးနွေးထားပါတယ်။