ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yb14 စာ. ၁၁၂-၁၁၃
  • လျှို့ဝှက်အဖွဲ့များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လျှို့ဝှက်အဖွဲ့များ
  • ၂၀၁၄ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
၂၀၁၄ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
yb14 စာ. ၁၁၂-၁၁၃

ဆီအဲရာလီယွန်နဲ့ ဂီနီ

လျှို့ဝှက်အဖွဲ့များ

လျှို့ဝှက်အဖွဲ့တွေက အနောက်အာဖရိကတစ်ကြောမှာ ရှိကြပြီး အဲဒီအဖွဲ့တွေထဲမှာ လူမျိုး၊ ယဉ်ကျေးမှုနဲ့ ဘာသာစကားမတူတဲ့သူတွေ ပါဝင်ကြတယ်။ အဲဒီအဖွဲ့အစည်းတွေဟာ လူမှုရေး၊ ပညာရေးနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်တဲ့ သူတို့ရဲ့အဖွဲ့ဝင်တွေကို ထိန်းချုပ်တတ်တယ်။ ဒါပေမဲ့ သူတို့ အဓိကလုပ်ဆောင်တာက ဘာသာရေးဖြစ်တယ်။ အကြီးဆုံး လျှို့ဝှက်အဖွဲ့နှစ်ဖွဲ့ကတော့ ပိုရို (အမျိုးသား) နဲ့ ဆန်ဒီ (အမျိုးသမီး) ဖြစ်တယ်။a ဥပမာအနေနဲ့ ပိုရိုအဖွဲ့က “နတ်ဆိုးတွေကို ထိန်းချုပ်ဖို့ကြိုးစားပြီး နတ်ဆိုးတွေက လူ့အရေးကိစ္စမှာ ကြားဝင်လုပ်ဆောင်ပေးတာ အကျိုးရှိတယ်လို့ ပြောကြတယ်။”—ဇာတ်သွင်းခြင်း၊ ၁၉၈၆။

စာမျက်နှာ ၁၁၂၊ ၁၁၃ ပါ ရုပ်ပုံ

ပိုရိုအဖွဲ့ဝင်သစ်တွေကို နတ်ဆိုးပညာနဲ့ မှော်တန်ခိုးတွေအကြောင်း သင်ပေးတယ်၊ သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသားတွေ လုပ်ပေးတယ်။ ဆန်ဒီအဖွဲ့ဝင်သစ်တွေလည်း နတ်ဆိုးပညာတွေ သင်ရပြီး ထုံးစံအရ အမျိုးသမီးအရေဖျားလှီးခြင်းကို ခံရတယ်၊ တချို့နေရာတွေမှာတော့ အဲဒီလို မလုပ်ကြတော့ဘူး။

တချို့လျှို့ဝှက်အဖွဲ့တွေမှာတော့ လိင်အကျင့်ယိုယွင်းကြပြီး စိတ်မနှံ့တာတွေ ဒါမှမဟုတ် ရောဂါတွေကို နတ်ဆိုးပညာတွေနဲ့ ကုသကြတယ်။ ဆီအဲရာလီယွန်နိုင်ငံရဲ့ ပြည်တွင်းစစ်အတွင်းမှာ လျှို့ဝှက်အဖွဲ့တစ်ဖွဲ့က သူတို့အဖွဲ့ဝင်တွေက သေနတ်ပြီးတယ်လို့ အခိုင်အမာပြောခဲ့ပေမဲ့ တကယ်တော့ မဟုတ်ပါဘူး။

အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ပညာတွေ၊ အဖွဲ့ရဲ့စည်းကမ်းတွေကို အဖွဲ့ဝင်မဟုတ်တဲ့သူတွေကို ပြောပြလို့မရဘူး။ လူတစ်ယောက်က အဖွဲ့ရဲ့စည်းကမ်းနဲ့ ကျင့်ဝတ်တွေကို ချိုးဖောက်တယ်ဆိုရင် အသတ်ခံရမှာဖြစ်တယ်။

a တချို့နေရာတွေမှာတော့ ဆန်ဒီကို ဘွန်ဒိုလို့ ခေါ်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ