ဘိုလီးဗီးယား– အယ်လ် အယ်တိုမြို့မှာ အိုင်မာရာဘာသာပြန်ရုံးခွဲ ဆောက်လုပ်နေ
ပြီးခဲ့တဲ့နှစ်ရဲ့ ပေါ်လွင်ချက်များ
ဟေရှာယ ၉:၇ (ကဘ) မှာ သားတော်ယေရှုအုပ်ချုပ်တဲ့ နိုင်ငံတော်အားဖြင့် ဘုရားသခင် လုပ်ဆောင်ပြီးမြောက်မယ့်အရာတွေကို ဖော်ပြရင်းနဲ့ ‘ဗိုလ်ခြေတို့ရဲ့အရှင်၊ စိတ်ထက်သန်တဲ့ဘုရား ယေဟောဝါက ဒါကိုလုပ်ဆောင်မယ်’ လို့ပြောတယ်။ ယေဟောဝါဘုရားလိုပဲ၊ နိုင်ငံတော်ရဲ့ဘုရင် ယေရှုခရစ်ကလည်း မြေကြီးပေါ်အမှုဆောင်ချိန်တစ်လျှောက် စစ်မှန်တဲ့ဝတ်ပြုရေးအတွက် စိတ်ထက်သန်မှုပြခဲ့တယ်။ (ယော. ၂:၁၇) ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေလည်း ယေဟောဝါနဲ့ယေရှုရဲ့ စိတ်ထက်သန်မှုကို တုပနေကြတယ်။ ကောင်းကင်ခမည်းတော်ရဲ့မေတ္တာကို လူတွေခံစားနိုင်အောင် ကူညီပေးနေကြတယ်။ သူတို့ရဲ့လုပ်ဆောင်မှုတွေကို ဒီမှတ်တမ်းမှာ ဖော်ပြပေးထားပါတယ်။
အယ်လ်ဆာဗေးဒေါ– ၂၀၁၅ ခုနှစ် ခရိုင်စည်းဝေး