ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • nwt စာ. ၂၅၃၄-၂၅၃၅
  • ခ၁ ကျမ်းစာသတင်းစကား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခ၁ ကျမ်းစာသတင်းစကား
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘီစီ ၄၀၂၆ နောက်ပိုင်း
  • ဘီစီ ၁၉၄၃
  • ဘီစီ ၁၀၇၀ နောက်ပိုင်း
  • အေဒီ ၂၉
  • အေဒီ ၃၃
  • အေဒီ ၁၉၁၄ ခန့်
  • အနာဂတ်
  • သင့်အပေါ် သက်ရောက်မှု ရှိတဲ့ ရှေးပရောဖက်ပြုချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ရည်ရွယ်တော်မူချက်များကို ယေဟောဝါဖော်ပြ
    ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
  • မြွေ၏အမျိုးအနွယ်—မည်သို့ထုတ်ဖော်ခံရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • သမ္မာကျမ်းစာ၏အလုံးစုံ ဆီလျော်ညီညွတ်မှု
    သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
နောက်ထပ် ကြည့်ပါ
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ခ၁ ကျမ်းစာသတင်းစကား

ခ၁

ကျမ်းစာသတင်းစကား

ပုံနှိပ်စာပေ

ယေဟောဝါဘုရားမှာ အုပ်ချုပ်ပိုင်ခွင့် ရှိတယ်။ ဘုရားရဲ့ အုပ်ချုပ်နည်းဟာ အကောင်းဆုံးပဲ။ မြေကြီးနဲ့ လူသားတို့အတွက် ဘုရားရဲ့ရည်ရွယ်ချက် ပြည့်စုံရမယ်။

ဧဒင်ဥယျာဉ်မှာ အာဒံ၊ ဧဝနဲ့ အနီးနားရှိ မြွေ

ဘီစီ ၄၀၂၆ နောက်ပိုင်း

“မြွေ” က ယေဟောဝါရဲ့ အုပ်ချုပ်ပိုင်ခွင့်နဲ့ အုပ်ချုပ်နည်းကို စောဒကတက်ခဲ့တယ်။ မြွေစာတန်ရဲ့ခေါင်းကို ကြိတ်မယ့် “မျိုးနွယ်” ပေါ်ထွန်းစေမယ်လို့ ယေဟောဝါ ကတိပြုခဲ့တယ်။ (ကမ္ဘာဦး ၃:၁-၅၊ ၁၅) ဒါပေမဲ့ မြွေရဲ့သြဇာလွှမ်းမှုအောက်မှာ လူလူချင်း အုပ်ချုပ်ဖို့ ယေဟောဝါ အချိန်ပေးခဲ့တယ်။

ဘုရားသခင့် ကတိစကားကို အာဗြဟံ ကြား

ဘီစီ ၁၉၄၃

အာဗြဟံရဲ့သားမြေးတွေကနေ ကတိထားရာ “မျိုးနွယ်” ပေါ်ထွန်းမယ်လို့ ယေဟောဝါ ကတိပြုတယ်။—ကမ္ဘာဦး ၂၂:၁၈။

ဘုရင် ဒါဝိဒ်

ဘီစီ ၁၀၇၀ နောက်ပိုင်း

ဘုရင်ဒါဝိဒ်နဲ့ သားတော်ရှောလမုန်ရဲ့ မျိုးရိုးကနေ “မျိုးနွယ်” ပေါ်ထွန်းမယ်လို့ ယေဟောဝါ ကတိပြုခဲ့တယ်။—၂ ရှမွေလ ၇:၁၂၊ ၁၆။ ၁ ဘုရင်များ ၉:၃-၅။ ဟေရှာယ ၉:၆၊ ၇။

ယေရှု နှစ်ခြင်းခံချိန်

အေဒီ ၂၉

ဒါဝိဒ်ရဲ့ရာဇပလ္လင်ပေါ် နန်းထိုင်မယ့် ကတိထားရာ “မျိုးနွယ်” ဟာ ယေရှုဖြစ်တယ်လို့ ယေဟောဝါ ဖော်ပြခဲ့တယ်။—ဂလာတိ ၃:၁၆။ လုကာ ၁:၃၁-၃၃။ ၃:၂၁၊ ၂၂။

ယေရှု သေဆုံးချိန်

အေဒီ ၃၃

မြွေစာတန်က ယေရှုကိုသတ်ပြီး ကတိထားရာ “မျိုးနွယ်” ရဲ့ဖနောင့်ကို ကြိတ်ခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါက ယေရှုကို ကောင်းကင်ကို ထမြောက်စေပြီး ယေရှုရဲ့စုံလင်တဲ့အသက်တန်ဖိုးကို လက်ခံခဲ့တယ်။ ဒီနည်းနဲ့ အာဒံရဲ့သားစဉ်မြေးဆက်တွေ အပြစ်ခွင့်လွှတ်ခံရဖို့၊ ထာဝရအသက်ရဖို့ လမ်းပွင့်သွားတယ်။—ကမ္ဘာဦး ၃:၁၅။ တမန်တော် ၂:၃၂-၃၆။ ၁ ကောရိန္သု ၁၅:၂၁၊ ၂၂။

ဗျာဒိတ်ကျမ်းမှာ ကတိပြုထားတဲ့အတိုင်း မြွေစာတန်ကို မြေကြီးပေါ် ပစ်ချ

အေဒီ ၁၉၁၄ ခန့်

ယေရှုက မြွေစာတန်ကို မြေကြီးပေါ်ပစ်ချပြီး မြေကြီးမှာပဲ တစ်ခဏတာ လုပ်ဆောင်ခွင့် ပြုထားတယ်။—ဗျာဒိတ် ၁၂:၇-၉၊ ၁၂။

ဗျာဒိတ်ကျမ်းမှာ ကတိပြုထားတဲ့အတိုင်း မြေကြီးကို ကောင်းကင်ပလ္လင်ပေါ်ကနေ ယေရှု အုပ်ချုပ်

အနာဂတ်

ယေရှုက စာတန်ကို အနှစ် ၁,၀၀၀ ချုပ်နှောင်ပြီး နောက် ဖျက်ဆီးမယ်။ ဒီနည်းနဲ့ သူ့ခေါင်းကို ကြိတ် ပစ်မယ်။ ကမ္ဘာမြေကြီး၊ လူသားတွေနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ မူလရည်ရွယ်ချက် ပြည့်စုံလာမယ်။ ကဲ့ရဲ့ရှုတ်ချခံနေရတဲ့ ဘုရားသခင့်နာမည် သန့်ရှင်း မြင့်မြတ်ပြီး ဘုရားရဲ့အုပ်ချုပ်မှုကို သံသယကင်းရှင်း သွားမယ်။—ဗျာဒိတ် ၂၀:၁-၃၊ ၁၀။ ၂၁:၃၊ ၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ