ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၈ ၁/၈ စာ. ၉-၁၀
  • တပ်မက်လုံးကြီးမှု မရှိတော့သည့်ကမ္ဘာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တပ်မက်လုံးကြီးမှု မရှိတော့သည့်ကမ္ဘာ
  • နိုးလော့!—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပညာရေးပြဿနာကြောင့်လော
  • ဘုရားသခင်ကြားဝင်ဆောင်ရွက်မှု
  • “မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီး”
  • တစ်စုံတစ်ဦးသည်လောကကို အမှန်ပြောင်းလဲနိုင်မည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • အမှန်ပင်ဂရုစိုက်သူတစ်ဦး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • တပ်မက်လုံးကြီးမှု—ကျွန်ုပ်တို့ကို ဘာပြုနေသနည်း
    နိုးလော့!—၁၉၉၈
  • ဘုရားသခင်က စိတ်ပြောင်းလဲတတ်သလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၈
န၉၈ ၁/၈ စာ. ၉-၁၀

တပ်မက်လုံးကြီးမှု မရှိတော့သည့်ကမ္ဘာ

“လူ့အတွေးအခေါ်တွင် ကမ္ဘာချီတော်လှန်ပစ်ခြင်း မရှိလျှင် သာ၍ကောင်းမွန်သည့် လူ့ဘဝရဖို့ ပြောင်းလဲလာမည်မဟုတ်ဘဲ ကျွန်ုပ်တို့၏ကမ္ဘာကြီးဦးတည်နေသည့် ရုတ်တရက်ကပ်ဆိုက်မှုကြီးကို . . . ရှောင်လွှဲ၍ရမည်မဟုတ်ချေ။”—ဗဲက်စလ်ဖ် ဟာဖ်၊ ချက်ခ်သမ္မတနိုင်ငံ၏သမ္မတ။

ယခုလက်ရှိ ကမ္ဘာကြီး၏စနစ်မှာ ရပ်တည်နိုင်မည်မဟုတ်ကြောင်း များစွာသောသူတို့က အသိအမှတ်ပြုကြ၏။ ဗဲက်စလ်ဖ် ဟာဖ်ကဲ့သို့ပင် လူအချို့ကလူသားတို့၏အတွေးအခေါ်နှင့် ပြုမူဆောင်ရွက်မှုများကို ကမ္ဘာချီပြောင်းလဲလိုက်ခြင်းသည်သာ တစ်ခုတည်းသောဖြေရှင်းနည်းဖြစ်သည်ဟု ရှုမြင်ကြသည်။ ဥပမာ၊ လက်ရှိကမ္ဘာ့မြင်ကွင်းကို အကဲခတ်လေ့လာသူတစ်ဦးက “ကမ္ဘာ့နိုင်ငံများသည် လက်ရှိခေတ်ရေစီးကြောင်းကို ပြောင်းလဲပစ်ဖို့ ပြတ်ပြတ်သားသား မဆောင်ရွက်ကြလျှင် . . . သန်းပေါင်းရာနှင့်ချီသော ဆင်းရဲမွဲတေနေသူများအတွက် အစားအစာနှင့် ဘဝ၏အခြားလိုအပ်ရာများရဖို့ အလားအလာမှာ သာ၍ကောင်းလာလိမ့်မည်မဟုတ်ချေ” ဟုဆိုသည်။—စားနပ်ရိက္ခာခေါင်းပါးခြင်းနှင့် ဩဇာအာဏာ။

သို့သော် ကျော်လွှားဖို့ရန် ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို လူ့သဘောသဘာဝ၏ အခြေခံပြောင်းလဲမှုအချို့အပေါ် မူတည်ထားခြင်းက လက်တွေ့ကျပါသလော။ ကျွန်ုပ်တို့သည် . . . “လက်ရှိခေတ်ရေစီးကြောင်းကို ပြောင်းလဲပစ်ဖို့ ပြတ်ပြတ်သားသားဆောင်ရွက်ရန်” အပြည့်အဝယုံကြည်စိတ်ချနိုင်ပါသလော။ အချို့ ထိုသို့ပင်ယူဆကြသည်။ သူတို့က ‘ဘုရားသခင်သည် ကျွန်ုပ်တို့အား လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ပေးထားပြီး အရာတိုင်းကို ပြောင်းလဲဖို့ရန် ကျွန်ုပ်တို့တွင်မူတည်နေသည်’ ဟုပြောကြ၏။ သို့သော် သမိုင်းကြောင်း၏ ကြည့်မကောင်းရှုမကောင်းသောအဖြစ်အပျက်များက လူတို့၏ဆန္ဒနှင့် လိုအပ်သည့်ပြောင်းလဲမှုကို ပြုလုပ်ရန်စွမ်းရည်နှင့်ပတ်သက်၍ အရေးကြီးသည့်မေးခွန်းများကို ပေါ်ပေါက်စေသည်။ ယင်းအမြင်သဘောထားမှာ အဆိုးမြင်နေခြင်းမဟုတ်ဘဲ အရှိကိုအရှိအတိုင်းရှုမြင်နေခြင်းဖြစ်ပါသည်။ ယခင်လူနာများကို ခွဲစိတ်ရာတွင် အားလုံးသေဆုံးသွားခဲ့သည့် ခွဲစိတ်ဆရာဝန်တစ်ဦး၏လက်ထဲသို့ သင့်အသက်ကို အပ်ထားလိမ့်မည်လော။

ပညာရေးပြဿနာကြောင့်လော

သေခြင်းသို့တရွေ့ရွေ့—တတိယကမ္ဘာဖွံ့ဖြိုးမှုကို ပြန်လည်စဉ်းစား တွင် တက်ဒ် ထရိန်နာက “ပြဿနာမှာ ပညာပေးရေးကိစ္စဖြစ်သည်” ဟုပြော၏။ သူက အခြေခံပြောင်းလဲမှုလိုအပ်သည်ကို လူတို့ မြင်လာအောင် ပညာမပေးနိုင်ဘဲနှင့် “ကျွန်ုပ်တို့သည် စွမ်းဆောင်လည်ပတ်နိုင်သည့် ကမ္ဘာ့စနစ်သို့ ကူးပြောင်းဖို့ မမျှော်လင့်နိုင်ပေ” ဟုပြောသည်။ ကမ္ဘာကြီးကို တည်တံ့စေလိုလျှင် သဘောထားနှင့် အပြုအမူတို့ကိုပြောင်းလဲပစ်ဖို့ အရေးကြီးကြောင်း လူတို့ကိုပညာပေးဖို့ လိုအပ်နေသည်ကား အမှန်ပင်ဖြစ်သည်။ အမှန်မှာ ယင်းသည် မရှိမဖြစ်လိုအပ်ပြီး သမ္မာကျမ်းစာက ထိုသို့သော ပညာပေးအစီအစဉ်အကြောင်း ပြောထားပါသည်။ ယင်းက မြေကြီးသည် “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ကိုသိကျွမ်းခြင်းပညာနှင့်ပြည့်စုံလိမ့်မည်။” ထိုအခါတွင် ကမ္ဘာမြေကြီး၏မည်သည့်နေရာ၌မဆို မည်သူမျှ “အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို” ပြုကြလိမ့်မည်မဟုတ်ချေ။—ဟေရှာယ ၁၁:၉။

သို့သော် မည်သည့်ပညာရေးပမာဏ၊ ဘုရားသခင်၏ပညာပေးအစီအစဉ်ကိုယ်နှိုက်ကပင်လျှင် ကြီးစွာအန္တရာယ်ပေးပြီး အနှံ့အပြားပျက်စီးနေစေသည့် တပ်မက်လုံးကြီးသူများကို ကမ္ဘာပေါ်မှဖယ်ထုတ်နိုင်မည်မဟုတ်ပေ။ ပညာရေးသည် ပြောင်းလဲလိုသူများ၊ ဘုရားသခင့်စံနှုန်းများအတိုင်း လိုက်လိုသူများ၌သာ ပြောင်းလဲပေးနိုင်မည်ဖြစ်သည်။ ယေရှုခရစ်၏စကားများအရ သူတို့သည် လူနည်းစုသာဖြစ်၏။ (မဿဲ ၇:၁၃၊ ၁၄) ထို့ကြောင့် သမ္မာကျမ်းစာက တစ်နေ့နေ့တွင် လူသားအားလုံးသည် ပြဿနာ၏အတိုင်းအတာကို သိရှိလာကာ ၎င်းတို့၏လမ်းစဉ်များအား ပြောင်းကြလိမ့်မည်ဟူသည့် အတော်ပင်ထင်ယောင်ထင်မှားဖြစ်စေသော မျှော်လင့်ချက်ပေါ်တွင် ယင်း၏ပြောင်းလဲမှုဆိုင်ရာ ကတိတော်ကိုအခြေမပြုထားချေ။ ယင်းက ဘုရားသခင်သည် တပ်မက်လုံးကြီးသူများကို ကမ္ဘာပေါ်မှ ဖယ်ရှားပစ်ရန် တိုက်ရိုက်အရေးယူလိမ့်မည်ဖြစ်ကြောင်း ဆိုထားသည်။

ဘုရားသခင်ကြားဝင်ဆောင်ရွက်မှု

ဘုရားသခင်တိုက်ရိုက်အရေးယူမည်ဟူသော ဤအယူအဆကို အချို့လူများက အိပ်မက် သို့မဟုတ် အထင်မှားအမြင်မှားဟု ယူမှတ်ကြသည်။ ကမ္ဘာ့ဆာလောင်မွတ်သိပ်မှု– ယုံတမ်းစကားဆယ့်နှစ်ရပ်စာအုပ်က “ဆယ့်ရှစ်ရာစုနှစ် ဉာဏ်ပညာတစ်ဟုန်ထိုး တိုးတက်လာမှုက လူတို့၏နေအိမ်ကို ကြားဝင်ပေးလိုသည့် ဘုရားသခင်တစ်ပါးက တည့်မတ်ပေးမည်ဟူသော နှစ်သိမ့်ပေးသည့်အတွေးအခေါ်ကို စွန့်လွှတ်ပစ်ဖို့ ကျွန်ုပ်တို့ကို ဖိအားပေးခဲ့သည်” ဟုဆို၏။ သို့သော် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ယုံကြည်ချက်ကို “ကြားဝင်ပေးလိုသည့် ဘုရားသခင်တစ်ပါး” ကိုအယုံအကြည်မရှိသူများ၏ ဉာဏ်ပညာဆိုင်ရာအချေအတင်အငြင်းအခုံများနှင့် ဒဿနများပေါ်တွင် အခြေတည်ထားသင့်ပါသလော။ ယင်းတို့၏ဖြေရှင်းချက်များမှာ တံလှပ်မဟုတ်ပေလော။

ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို ဘုရားသခင်ဘက်မှ ကြားဝင်ဆောင်ရွက်ပေးမှုကို ညွှန်ပြသည့် ကျမ်းစာပါ အမှားအယွင်းမရှိသော ပရောဖက်ပြုချက်များပေါ်တွင် အခြေပြုခြင်းသည် သာ၍ပညာရှိရာကျပါသည်။ ဘုရားသခင်၏ကတိတော်များကို ယုံကြည်ခြင်းမှာ “နှစ်သိမ့်ပေးသည့်အတွေးအခေါ်” တစ်ခုမျှသာ မဟုတ်ချေ—ယင်းသည် ကျော်လွှားရန်အတွက် ကျွန်ုပ်တို့တွင်ရှိထားသည့် တစ်ခုတည်းသောစစ်မှန်သည့် မျှော်လင့်ချက်ပင်တည်း!

“မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီး”

ဘုရားသခင်သည် အဘယ်အရာကို အတိအကျ ကတိထားတော်မူသနည်း။ တစ်ချက်မှာ ဝန်းကျင်ကို ညစ်ညမ်းစေပြီး ဖျက်ဆီးနေသူများကို ကမ္ဘာပေါ်မှပယ်ရှားပစ်မည်ဟု ကိုယ်တော်ကတိပြုတော်မူ၏။ ဗျာဒိတ် ၁၁:၁၈ ကကိုယ်တော်သည် “မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီး” ဖို့ “ချိန်းချက်ထားသောအချိန်” [ကဘ] ရှိကြောင်းကြေညာလေသည်။ ယင်းက ဘာကိုဆိုလိုသနည်း။ လက်ရှိအချိန်တွင် ဆင်းရဲနွမ်းပါးသူများနှင့် ခုခံကာကွယ်နိုင်စွမ်းမရှိသူတို့အား ဖိနှိပ်နေသူအားလုံးကို အဆုံးစီရင်ပစ်မည်ဟု ဆိုလိုနေခြင်းဖြစ်သည်။ ဘုရားသခင်သည် “လူတို့တွင် ဆင်းရဲသားတို့ကို တရားစီရင်လျက်၊ ငတ်မွတ်သောသူတို့၏သားသမီးများကို ကယ်မ၍၊ ညှဉ်းဆဲသောသူကိုလည်း နှိပ်စက်ပါလိမ့်မည်။” ကိုယ်တော်သည် လောဘကြီးသူတို့ကို ပယ်ရှားပစ်ပြီး သူတို့၏အပြစ်မဲ့သားကောင်များကို တိုးတက်ကြီးပွားစေပေလိမ့်မည်။ “ငတ်မွတ်သောသူအော်ဟစ်သောအခါ . . . ချမ်းသာပေးတော်မူလိမ့်မည် . . . သူတို့အသက်ကို လှည့်စားခြင်းနှင့် ညှဉ်းဆဲခြင်း၏လက်မှရွေး . . . တော်မူလိမ့်မည်။”—ဆာလံ ၇၂:၄၊ ၁၂-၁၄။

မည်မျှပြောင်းလဲမှုကြီးပါတကား! တမန်တော်ပေတရု၏စကားများအရ အရာခပ်သိမ်းပြောင်းလဲသွားမည်ဖြစ်သောကြောင့် ယင်းက “မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်ကို” ဖြစ်ပေါ်စေလိမ့်မည်။ (၂ ပေတရု ၃:၁၃) ဤ “မြေကြီးသစ်” တွင် မြေကြီးမှလုံလောက်စွာ ထွက်ရှိသောအရာတို့ကို လူတိုင်းသုံးဆောင်ကြရလိမ့်မည်။ (မိက္ခာ ၄:၄) ယခုပင်လျှင် လူတိုင်းအတွက် အစားအသောက်အလျှံပယ်ရှိသည်။ ပြဿနာမှာ အညီအမျှခွဲဝေမှုမရှိခြင်းဖြစ်သည်။ အဲန် ဗြူကဲန်နန်က သူမ၏စာအုပ် စားနပ်ရိက္ခာခေါင်းပါးခြင်းနှင့် ဩဇာအာဏာတွင် “ကမ္ဘာ့စိုက်ပျိုးနိုင်ဖို့အလားအလာရှိသော မြေပေါ်တွင် လူပေါင်း ၃၈-၄၈ ဘီလီယံကို ထောက်ပံ့ပေးရန် ကျွန်ုပ်တို့ အလုံအလောက်ထုတ်လုပ်ပေးနိုင်သည်ဟု ခန့်မှန်းထားသည်” ဟုဆိုထားသည်။

ဤကမ္ဘာဂြိုဟ်သည် တည်တံ့သွားမည်။ ယင်း၏ဖန်ဆင်းရှင်သည် “အချည်းနှီးဖန်ဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဖို့ဖန်ဆင်းတော်မူ . . . ၏။” (ဟေရှာယ ၄၅:၁၈) တပ်မက်လုံးကြီးသူများကို ဘုရားသခင်အရေးယူမှုသည် “ကြီးစွာသောဒုက္ခ” ၏တိုတောင်းသောကာလဖြစ်မည်။ (မဿဲ ၂၄:၂၁) ထိုအခါ ကပ်ကျော်သူများသည် တပ်မက်စိတ်လုံးလုံးကင်းသောလူများသာ ရှိနေသည့်ပရဒိသုမြေကြီးပေါ်တွင် စံစားကြရမည်။ (ဆာလံ ၃၇:၁၀၊ ၁၁; ၁၀၄:၅) ယင်းသည် သမ္မာကျမ်းစာ၌ ကတိပြုထားသကဲ့သို့ပင် ဖြစ်မည်– “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည်လည်း၊ ခပ်သိမ်းသောမျက်နှာတို့မှ မျက်ရည်ကိုသုတ်တော်မူလိမ့်မည်။”—ဟေရှာယ ၂၅:၈။

တပ်မက်မှုကမ္ဘာကို သန့်ရှင်းစင်ကြယ်ဖို့ ဘုရားသခင်အရေးယူတော်မူရာတွင် သင်သည် ပျော်ရွှင်သော အကျိုးခံစားခွင့်ရှိသူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်နိုင်သည်။ ဘုရားသခင်၏အလိုတော်ကို သင်အမှန်တကယ်ဆောင်ရွက်လိုလျှင် လက်ရှိတပ်မက်လုံးကြီးသောကမ္ဘာတွင် ဆက်လက်ရပ်တည်ရန် သင့်အတွက် အထောက်အကူဖြစ်စေသည့် ပြင်ဆင်ပေးထားရာအားလုံးကို သင်ကိုယ်တိုင်အသုံးပြုရန် အသင့်ဖြစ်ပါလေ။ “ကြီးစွာသောဒုက္ခ” ကိုကပ်ကျော်နိုင်ဖို့ ဆောင်ရွက်စရာတို့ကို ဆောင်ရွက်ပါလေ။ ယေဟောဝါသက်သေများသည် သင်သိအပ်သောအကြောင်းအရာတို့ကို ကူညီသင်ကြားပေးဖို့ အသင့်ရှိကြပါသည်။ လွတ်လပ်စွာဖြင့် သူတို့အား ဒေသခံ ဘုရားသခင့်နိုင်ငံတော်ခန်းမ၌ ဆက်သွယ်ခြင်း သို့မဟုတ် စာမျက်နှာ ၅ တွင်ပါရှိသော အနီးဆုံးလိပ်စာအတိုင်း စာရေးခြင်းပြုလုပ်နိုင်ပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ