ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၈ ၁၀/၈ စာ. ၂၂
  • ကျွန်ုပ်တို့၏စာရှုသူများထံမှ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်တို့၏စာရှုသူများထံမှ
  • နိုးလော့!—၁၉၉၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရိုးဆက်ရောင်ရမ်းနာ—မသန်မစွမ်းဖြစ်စေသည့် ရောဂါ
    နိုးလော့!—၂၀၀၂
  • ရိုးဆက်ရောင်ရမ်းနာ ဝေဒနာသည်များအတွက် မျှော်လင့်ချက်
    နိုးလော့!—၂၀၀၂
  • ရိုးဆက်ရောင်ရမ်းနာကို နားလည်သဘောပေါက်ခြင်း
    နိုးလော့!—၂၀၀၂
  • ကျွန်ုပ်တို့၏စာရှုသူများထံမှ
    နိုးလော့!—၁၉၉၉
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၈
န၉၈ ၁၀/၈ စာ. ၂၂

ကျွန်ုပ်တို့၏စာရှုသူများထံမှ

မွေးစကလေးများရုတ်တရက်သေဆုံးခြင်း  “ကမ္ဘာ့ဖြစ်ရပ်အကဲခတ်” ထဲမှာ “ဆေးလိပ်သောက်ခြင်းသည် မွေးစကလေးများရုတ်တရက်သေဆုံးခြင်းကိုဖြစ်စေ” ဆိုတဲ့အကြောင်းအရာကို ဖော်ပြပေးသည့်အတွက် ကျေးဇူးတင်ပါတယ်။ (ဇန်နဝါရီ ၂၂၊ ၁၉၉၇ [လိပ်]) မိခင်တိုင်းဟာ အဲ့ဒီအကြောင်းအရာကို နှလုံးသွင်းလိမ့်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ ကိုယ်ဝန်ဆောင်နေတဲ့အချိန်အတွင်းမှာ ကျွန်မဆက်ပြီးဆေးလိပ်သောက်ခဲ့တဲ့အတွက် ကျွန်မရဲ့သားလေးကို SIDS (မွေးစကလေးများ ပုံမှန်မဟုတ်သောရောဂါကြောင့် ရုတ်တရက်သေဆုံးခြင်း) ကြောင့်ဆုံးရှုံးခါနီးလေးပါပဲ။ အဲဒီလိုသေလုမတတ်ဖြစ်ပြီးတဲ့နောက်ပိုင်း တစ်နှစ်အထိ အိပ်နေတုန်း သူ့နှလုံးရပ်သွားရင်သိရအောင် သူတစ်မှေးအိပ်တဲ့အခါတိုင်း နှလုံးအခြေအနေပြကိရိယာတပ်ထားပေးရတယ်။ အဲဒီတုန်းက ယေဟောဝါကိုသိခဲ့ရင် ဘယ်လောက်ကောင်းမလဲ။ ဆေးလိပ်သောက်တာဖြတ်ခဲ့မယ်ဆိုရင် ကျွန်မသားရောကျွန်မပါ ဒီထိတ်လန့်ဖွယ်ကောင်းတဲ့အဖြစ်အပျက်ကနေ ရှောင်နိုင်ခဲ့မှာပါ။

အေ. စီ. အေ၊ အမေရိကန်ပြည်ထောင်စု

ရိုးဆစ်ရောင်ရမ်းနာဝေဒနာခံရသူ  “ကျွန်မအားနည်းနေတဲ့အခါမှာ ကြီးမားတဲ့အစွမ်းခွန်အားရရှိ” (ဇန်နဝါရီ ၂၂၊ ၁၉၉၇ [လိပ်]) ခေါင်းစဉ်ရှိတဲ့ လူရီးတာ မားစ်ရဲ့တွေ့ကြုံမှုအတွက်ကျေးဇူးတင်ကြောင်း ကျွန်မပြောချင်ပါတယ်။ ကျွန်မအသက် ၂၇ နှစ်ရှိပြီး ကျွန်မလည်းကြွက်သားနဲ့ ရိုးဆစ်ရောင်ရမ်းနာခံစားနေရတဲ့သူဖြစ်ပါတယ်။ ကုသမှုက နာကျင်မှုကိုသက်သာစေပေမဲ့ ကျွန်မရဲ့ရောဂါက အချိန်ပြည့်အမှုဆောင်လုပ်ငန်းက နားလိုက်ဖို့ဖိအားပေးတဲ့အတွက် တစ်ခါတလေ စိတ်ပျက်အားလျော့သလိုခံစားရတယ်။ ရောဂါဖိစီးမှုခံနေရပေမဲ့ ယေဟောဝါအမှုဆောင်ဖို့ လူရီးတာ မားစ်ရဲ့ဆုံးဖြတ်ချက်က လှုံ့ဆော်မှုကိုဖြစ်စေခဲ့တယ်။ စိတ်ဓာတ်ကျဆင်းမှုက ကျွန်မကိုအနိုင်ယူလွှမ်းမိုးတာကို အခွင့်မပေးတော့ဘူး၊ ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်မပိုပြီးလုပ်ဆောင်ချင်တယ်။

အေ. ဘီ.၊ အီတလီ

ကျွန်မရဲ့အမေဟာ ကြွက်သားနဲ့ ရိုးဆစ်ရောင်ရမ်းနာကို နှစ်ပေါင်း ၃၀ ကျော်ခံစားလာခဲ့ရတယ်။ ဝမ်းနည်းစရာက နာကျင်မှုပျောက်အောင်လုပ်နိုင်ဖို့ ခဲယဉ်းတယ်။ အသင်းတော်စည်းဝေးအားလုံးနီးပါးကို တက်ရောက်ဖို့သူစီစဉ်တဲ့အတွက် အမေ့ကိုကျွန်မဂုဏ်ယူတယ်။ ဘီးတပ်ကုလားထိုင်မှာထိုင်ပြီး သီအိုကရက်တစ်ဓမ္မအမှုဆောင်ကျောင်းမှာပါဝင်တယ်၊ ဟောပြောခြင်းလုပ်ငန်းမှာတောင် ပါဝင်ဆောင်ရွက်နိုင်တယ်။ အမေနေထိုင်မကောင်းဖြစ်နေပေမဲ့ ဘယ်တော့မှညည်းညူမနေဘူး။

အက်စ်. အမ်.၊ ဂျာမနီ

နောဧခေတ်ရေလွှမ်းမိုးခြင်း  “သမ္မာကျမ်းစာ၏ရှုထောင့်– ရေလွှမ်းမိုးခြင်း—အဖြစ်မှန်လော သို့မဟုတ် ဒဏ္ဍာရီလော” (ဖေဖော်ဝါရီ ၈၊ ၁၉၉၇ [လိပ်]) ဆောင်းပါးက သမိုင်းအဖြစ်အပျက်ကို စိတ်ထဲမှာမြင်ယောင်လာအောင် ကျွန်မကိုကူညီပေးခဲ့တယ်။ တခြားလူတွေလိုပဲ ကျွန်မလည်း ကလေးဘဝတုန်းက ရေလွှမ်းမိုးခြင်းအကြောင်းကို သင်ခဲ့ရတယ်။ ဒါပေမဲ့ လူအတော်များများက ရေလွှမ်းမိုးဘေးမှတ်တမ်းကို တကယ့်အဖြစ်မှန်မဟုတ်ဘဲ အိပ်ရာဝင်ပုံပြင်တစ်ခုအဖြစ်သာယူဆတာကို ကျွန်မမသိခဲ့ဘူး။ နောက်ဆုံးကာလနဲ့ နောဧခေတ်ကို ယေရှုနှိုင်းယှဉ်ထားတယ်ဆိုတဲ့အချက်က ရေလွှမ်းမိုးဘေးဟာတကယ့်အဖြစ်အပျက်ဖြစ်တယ်ဆိုတာကို တင်ပြထားတယ်။

အက်စ်. အမ်.၊ အမေရိကန်ပြည်ထောင်စု

ဝမ်းနည်းပူဆွေးမှုကို ကိုင်တွယ်ဖြေရှင်းခြင်း  မကြာသေးမီက စုံစမ်းမှုတွေကို တစ်ခုပြီးတစ်ခု ကျွန်မကြုံခဲ့ရတယ်။ ကျွန်မရဲ့မိတ်ဆွေတစ်ယောက်ဆီကို စုံစမ်းခြင်းတချို့နဲ့ ဆာလံ ၁၂၆:၅ မှာပါတဲ့ “မျက်ရည်ကျလျက် မျိုးစေ့ကြဲသောသူတို့သည် ရွှင်လန်းလျက် စပါးရိတ်ကြလိမ့်မည်” ဆိုတဲ့စကားတွေကိုကိုးကားပြီး စာတစ်စောင်ရေးခဲ့တယ်။ စာရေးပြီးတာနဲ့ အဲ့ဒီကျမ်းချက်ကိုအခြေခံထားတဲ့ “မျက်ရည်ကျလျက်မျိုးစေ့ကြဲခြင်းက ရွှင်လန်းလျက်စပါးရိတ်ရ” ဆောင်းပါးပါရှိတဲ့ ဖေဖော်ဝါရီ ၈၊ ၁၉၉၇ [လိပ်] ကိုရလိုက်တဲ့အခါ ကျွန်မဘယ်လိုခံစားရတယ်ဆိုတာကို မြင်ယောင်ကြည့်ပါ။ ရေမွန် ကားကပ်ရဲ့တွေ့ကြုံမှုဟာ တကယ်ပဲယုံကြည်ခြင်းကိုခိုင်ခံ့စေပါတယ်။

ပီ. ဘီ.၊ ဂျာမေကာ

ပြုစုစောင့်ရှောက်ခြင်း  “ပြုစုစောင့်ရှောက်ခြင်း—စိန်ခေါ်ချက်ကိုရင်ဆိုင်ခြင်း” အကြောင်းအရာက (ဖေဖော်ဝါရီ ၈၊ ၁၉၉၇ [လိပ်]) အခက်ခဲဆုံးအချိန်ကိုကြုံခဲ့ရတဲ့ကျွန်တော့်အတွက် ကြီးမားတဲ့နှစ်သိမ့်မှုဖြစ်ခဲ့တယ်။ နှစ်ပေါင်းများစွာ ယေဟောဝါရဲ့သစ္စာရှိကျေးကျွန်တစ်ယောက်ဖြစ်ခဲ့တဲ့ ကျွန်တော့်ရဲ့ချစ်လှစွာသောအမေဟာ အင်အားဆုတ်ယုတ်စေတဲ့ စိတ္တဇရောဂါခံစားခဲ့ရတယ်။ အမေ့မှာ နဗ်ကြောရောဂါနဲ့ ပြင်းထန်တဲ့အဆစ်ရောင်ရောဂါလည်းရှိနေတယ်။ အမေရဲ့အခြေအနေ အလျင်အမြန်ဆိုးရွားလာနေတာကြောင့် ကျွန်တော်ဝမ်းနည်းပြီး တုန်လှုပ်ချောက်ချားခဲ့တယ်။ အမေ့ရဲ့တစ်ဦးတည်းသောသားအနေနဲ့ အမေကိုကြည့်ရှုစောင့်ရှောက်ဖို့တာဝန် ကျွန်တော်အပေါ်ပုံကျလာတယ်။ ဒါပေမဲ့ အံ့သြဖွယ်ကောင်းတဲ့ဆောင်းပါးက တကယ့်ကိုနားလည်မှုပြည့်ဝတယ်။ ဒါဟာ ယေဟောဝါဆီကလာတဲ့ စစ်မှန်တဲ့လက်ဆောင်ဖြစ်တယ်။ ဒီမေတ္တာပြည့်ဝတဲ့ထောက်မမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။

အာရ်. အိတ်ချ်.၊ အင်္ဂလန်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ