ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၂ ၂/၈ စာ. ၃
  • ကျန်းမာရေး စိုးရိမ်ရချိန်ဝယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျန်းမာရေး စိုးရိမ်ရချိန်ဝယ်
  • နိုးလော့!—၂၀၀၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • မာတိကာ
    နိုးလော့!—၂၀၀၂
  • စိတ်လှုပ်ရှားမှုဝဲသြဃထဲ ကျရောက်နေခြင်း
    နိုးလော့!—၂၀၀၂
  • နာတာရှည်ရောဂါကို ရင်ဆိုင်ဖြေရှင်းရာမှာ သမ္မာကျမ်းစာက ကူညီပေးနိုင်သလား။
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ရောဂါဝေဒနာနှင့် အောင်မြင်စွာ အသက်ရှင်နေထိုင်ခြင်း—မည်သို့နည်း
    နိုးလော့!—၂၀၀၂
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၂
န၀၂ ၂/၈ စာ. ၃

ကျန်းမာရေး စိုးရိမ်ရချိန်ဝယ်

“ငယ်ထိပ်ကို မိုးကြိုးပစ်လိုက်သလို ခံစားခဲ့ရတယ်။”—အားအင်ဆုတ်ယုတ်ကျဆင်းသည့်ရောဂါ ရှိနေကြောင်း ဂျောန်သိလိုက်ရပြီးနောက်။

“ကျွန်မအထိတ်တလန့်ဖြစ်သွားတာပဲ။”—ကျန်းမာရေးစိုးရိမ်ရကြောင်း ဘက်သ်သိရှိပြီးနောက်။

သင်၌ ကိုယ်အင်္ဂါချို့တဲ့စေသည့် နာတာရှည်ရောဂါရှိသည်၊ သို့မဟုတ် ယာဉ်တိုက်မှု ဒဏ်ရာများကြောင့် သေရာပါစွဲကျန်သည့် ချို့တဲ့မှုအကြောင်း သိလိုက်ရခြင်းက ဘဝတွင် စိတ်သောကအရောက်ရဆုံးဖြစ်သည်။ သင့်ကျန်းမာရေးအခြေအနေအကြောင်း ဆိတ်ငြိမ်သော ဆရာဝန်၏ရုံးခန်းတွင် ကြားရသည်ဖြစ်စေ၊ ဗျာများနေသော အရေးပေါ်အခန်းတွင် သင့်ကျန်းမာရေးချို့တဲ့မှုနှင့် ထိပ်တိုက်ကြုံတွေ့ရသည်ဖြစ်စေ သင်သည် မယုံနိုင်ဖွယ် ဖြစ်ကောင်းဖြစ်နေပေမည်။ သင်၏ကျန်းမာရေးအခြေအနေ အလွန်စိုးရိမ်ရကြောင်း ရုတ်တရက်ကြားလိုက်ရသောအခါ ဖြစ်ပေါ်လာသည့် ပြင်းထန်သောစိတ်လှုပ်ရှားမှုများကို ရင်မဆိုင်နိုင်ဘဲဖြစ်ပေလိမ့်မည်။

မကြာမီကမှ ကျန်းမာရေးပိုဆိုးရွားလာသူများအတွက် အထောက်အကူဖြစ်မည့် အချက်အလက်များကို စုဆောင်းရန် နိုးလော့! သည် နိုင်ငံများစွာမှ နှစ်ပေါင်းများစွာ မသန်မစွမ်းဖြစ်၍ နာတာရှည်ရောဂါကို အောင်မြင်စွာရင်ဆိုင်ခဲ့သော လူအတော်များများနှင့် စကားပြောဆိုခဲ့သည်။ အဘယ်စိတ်လှုပ်ရှားမှုမျိုးကို သူတို့ခံစားခဲ့ရသနည်း။ ကျန်းမာရေးအတွက် စိုးရိမ်ရချိန်တွင် အဘယ်အရာက သူတို့ကိုကြံ့ကြံ့ခံစေခဲ့၍ စိတ်ကိုပြန်တည်ငြိမ်စေခဲ့သနည်း။ သူတို့စိတ်ကို ပြန်ထိန်းချုပ်နိုင်ရန် အဘယ်အရာများပြုလုပ်ခဲ့ရသနည်း အစရှိသောမေးခွန်းများကို သူတို့မည်သို့ဖြေဆိုမည်နည်းဟု မေးမြန်းခဲ့သည်။ လောလောဆယ်ပင် ကျန်းမာရေး စိုးရိမ်ရဖွယ်အခြေအနေရှိသူများအတွက် အကျိုးရှိစေရန် ဤလူတွေ့မေးမြန်းခန်းများမှ စုဆောင်းထားသော ကိုယ်တွေ့တင်ပြချက်များနှင့် နာတာရှည်ရောဂါများ၏ အကျိုးဆက်တို့ကို လေ့လာခဲ့သူများ၏ ရှာဖွေတွေ့ရှိချက်အချို့ကို ဤတွင်ဖော်ပြထားသည်။a

[အောက်ခြေမှတ်ချက်များ]

a မျက်နှာဖုံးပါအကြောင်းနှင့်ဆိုင်သော ဤဆောင်းပါးများသည် အထူးသဖြင့် ဖျားနာသူ သို့မဟုတ် မသန်မစွမ်းဖြစ်နေသူတို့ကို ရည်စူးပြောဆိုခြင်းဖြစ်သော်လည်း “နာတာရှည်ရောဂါ—မိသားစုလိုက် ရင်ဆိုင်၍အောင်မြင်ခြင်း” (နိုးလော့! မေ ၂၂၊ ၂၀၀၀ [လိပ်]) ဆောင်းပါးများက နေမကောင်းသူကို ကြည့်ရှုပြုစုပေးရသူများအတွက် အထူးအချက်အလက်များ ပါရှိသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ