ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၃ ၁၀/၈ စာ. ၃-၄
  • မိခင်တို့၏ များပြားလှသော တာဝန်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိခင်တို့၏ များပြားလှသော တာဝန်များ
  • နိုးလော့!—၂၀၀၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူငယ့်ဘဝမှစ၍ မိမိတို့၏ ဖန်ဆင်းရှင်ကို သတိရခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • အပြုံးလေး တစ်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • မေတ္တာက ခရစ်ယာန်စစ်တွေကို ခွဲခြားဖော်ပြတယ်—အဖိုးတန်စည်းလုံးမှုကို ကာကွယ်ပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၈
  • ကပ်ရောဂါကာလအတွင်း ဆက်ဟောပြောနေကြ
    တွေ့ကြုံမှုများ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၃
န၀၃ ၁၀/၈ စာ. ၃-၄

မိခင်တို့၏ များပြားလှသော တာဝန်များ

နံနက် ၄:၅၀ နာရီ ကလေးငယ်အဲလက်စ်သည် ငိုယိုရင်း အိပ်ချင်မူးတူးနှင့် မိခင်ဖြစ်သူဟယ်လင်၏ဘေးသို့ ဖက်တွယ်တက်လေသည်။ ကျန်ကလေးနှစ်ဦးဖြစ်သော—ပဲန်နီ (၅) နှစ်၊ ဂျိုအင်နာ (၁၂) နှစ်—နှင့် ခင်ပွန်းဖြစ်သူနစ်ခ်တို့မှာ အိပ်ပျော်နေဆဲပင်။ ဟယ်လင်သည် အဲလက်စ်ကို မ,ထူကာ နို့တိုက်လိုက်သည်။ သူပြန်အိပ်၍ မရတော့ပေ။

နံနက် ၅:၄၅ နာရီ ဟယ်လင်သည် မီးဖိုချောင်သို့ ခြေဖွဖွနှင့်သွားကာ ကော်ဖီဖျော်ပြီး စာဖတ်သည်။

နံနက် ၆:၁၅–၇:၂၀ နာရီ နစ်ခ် အိပ်ရာမှထသည်။ ဟယ်လင်သည် ပဲန်နီနှင့် ဂျိုအင်နာတို့ကို နှိုးကာ နံနက်စာပြင်ဆင်ပေးပြီး အိမ်မှုကိစ္စတချို့ကို လုပ်နေသည်။ နံနက် ၇:၁၅ နာရီတွင် နစ်ခ်သည် အလုပ်သို့သွားရင်း ဂျိုအင်နာကို ကျောင်းသို့ ဝင်ပို့သည်။ အဲလက်စ်ကိုထိန်းပေးဖို့ ဟယ်လင်၏မိခင်ရောက်လာသည်။

နံနက် ၇:၃၀ နာရီ ဟယ်လင်သည် ပဲန်နီကို သူငယ်တန်းကျောင်းသို့ လိုက်ပို့သည်။ အလုပ်သို့ အသွားအပြန်တွင် မိခင်ဘဝ၏တကယ့်အဖြစ်မှန်ကို ဟယ်လင် စဉ်းစားချိန်ရ၏။ “ကျွန်မလုပ်ခဲ့ဖူးသမျှထဲမှာ အခက်ဆုံးအလုပ်ပဲ” ဟုသူပြောသည်။

နံနက် ၈:၁၀ နာရီ ဟယ်လင်သည် သူ၏အလုပ်တွင် တာဝန်များစွာ ရှိနေပြန်သည်။ နောက်ထပ်ကိုယ်ဝန်ရှိလျှင် အလုပ်ပြုတ်သွားနိုင်၍ သူတွေးပူမိသည်။ မိသားစုအတွက် အပိုဝင်ငွေရှိဖို့လိုနေသည်။

နံနက် ၁၀:၄၃ နာရီ ဟယ်လင်သည် သူ၏ကလေးများနှင့်ပတ်သက်၍ ခေါ်သည့်ဖုန်းကို ချလိုက်သည်နှင့် အလုပ်ဖော် နန်စီက သူ့အား နှစ်သိမ့်စကားဆိုသည်– “ရှင်ဟာ သားသမီးတွေအတွက် တော်တော်ကို လုပ်ပေးနိုင်တဲ့သူပဲ။” ဟယ်လင်၏ပါးပြင်ပေါ် မျက်ရည်များ လိမ့်ဆင်းလာသည်။

နေ့လယ် ၁၂:၀၅ နာရီ ဟယ်လင်သည် အသားညှပ်ပေါင်မုန့်တစ်ချပ်ကို စားရင်း သမီးကြီး မမွေးခင်အချိန်ကို ပြန်စဉ်းစားနေမိသည်။ ထိုအချိန်က သူ၏ “အားလပ်” ချိန်များတွင် လုပ်မည့်အရာများကို အကြီးအကျယ် အစီအစဉ်များရေးဆွဲခဲ့သည်။ ‘ရယ်စရာကောင်းလိုက်တာ!’ ဟု သူကောက်ချက်ချလိုက်သည်။

မွန်းလွဲ ၃:၁၀ နာရီ အဲလက်စ်၏ နောက်တီးနောက်တောက်အမူအရာနှင့်ပတ်သက်၍ အိမ်မှဖုန်းအကြိမ်ကြိမ်လာပြီးနောက် သူ၏ကလေးများအပေါ်ထားသည့် သူ၏အထူးသံယောဇဉ်အကြောင်း ဟယ်လင် ဖော်ပြလိုက်သည်– “ဘယ်သူ့ကိုမှ ဒီလိုမေတ္တာမျိုးနဲ့ မချစ်ခဲ့ဖူးဘူး။” ဤနက်ရှိုင်းသောမေတ္တာက အစအဦး တွေ့ကြုံရသော မမျှော်လင့်သည့်အခက်အခဲများကို အောင်မြင်ကျော်လွှားနိုင်ရန် သူ့ကို ကူညီပေးခဲ့သည်။

ညနေ ၅:၁၀ နာရီ ဟယ်လင်သည် ဂျိုအင်နာကို သွားကြိုပြီးနောက် တောက်တိုမယ်ရအလုပ်များကို အပြေးအလွှားလိုက်လုပ်သည်။ ပဲန်နီကို သွားကြိုရမည်ဖြစ်ကြောင်း နစ်ခ်ထံ ဖုန်းဆက်သတိပေးသည်။

ညနေ ၆:၀၀–၇:၃၀ နာရီ ဟယ်လင် အိမ်ပြန်ရောက်သည်နှင့် ‘အဲလက်စ်ကိုထိန်းပေးသည့်တာဝန်’ မှအဘွားဖြစ်သူအား နားခိုင်းလိုက်သည်။ ကလေး၏လိုအပ်ရာများကို မေးမြန်းပြီး ညည်းမိသည် – “ကလေးဟာ မိခင်ရဲ့တစ်ကိုယ်လုံးကို လိုအပ်တယ်– မိခင်ရဲ့လက်၊ ခန္ဓာကိုယ်၊ မိခင်ရဲ့နို့နဲ့ မိခင်ရဲ့ အိပ်ရေးကိုလည်း ယူလိုက်ကြတယ်။”

ည ၈:၃၀–၁၀:၁၀ နာရီ ဟယ်လင်သည် ဂျိုအင်နာကို အိမ်စာများ ကူလုပ်ပေးပြီး အဲလက်စ်ကို နို့တိုက်၏။ နစ်ခ်က ပဲန်နီအား နာရီဝက်ခန့်အကြာ စာဖတ်ပြနေစဉ် ဟယ်လင်မှာ အိမ်မှုကိစ္စလုပ်နေသည်။

ည ၁၁:၁၅ နာရီ ပဲန်နီနှင့် ဂျိုအင်နာတို့ အိပ်ရာဝင်ပြီးဖြစ်သော်လည်း အဲလက်စ်မှာမူ မိခင်ဖြစ်သူ၏လက်ပေါ်တွင် နိုးနေသေး၏၊ နောက်ဆုံးတော့ သူအိပ်ပျော်သွားသည်။ “သူ့ကို အိပ်ရာထဲသိပ်လိုက်လို့ ရပြီ ထင်တာပဲ” ဟုအိပ်ချင်မူးတူးဖြစ်နေသော နစ်ခ်အား ဟယ်လင်က ပြောသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ