ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၃ ၉/၈ စာ. ၂၃
  • “ပြည့်ဝကောင်းမွန်သော အလင်း”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ပြည့်ဝကောင်းမွန်သော အလင်း”
  • နိုးလော့!—၂၀၀၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပိုးစုန်းကြူးလေးရဲ့ အလင်းအိမ်
    နိုးလော့!—၂၀၁၄
  • လောကအလင်း၏နောက်သို့ လိုက်လျှောက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • “အလင်းတော်သည် ဤလောကသို့ ရောက်ရှိလာ၏”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ‘သင်တို့၏အလင်းကို လင်းစေကြလော့’
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၃
န၀၃ ၉/၈ စာ. ၂၃

“ပြည့်ဝကောင်းမွန်သော အလင်း”

အတန်ကြာထွန်းထားသော လျှပ်စစ်မီးသီးကို သင်ထိတွေ့ဖူးပါက၊ ၎င်းသည် အလွန်ပူနိုင်ကြောင်း သင်သိရှိသည်။ မီးသီးမှထုတ်လွှတ်သောအပူသည် ကုန်ခန်းစွမ်းအင်မှ ဖြစ်ပေါ်လာသည်။ သာမန်မီးသီးတစ်လုံးသည် သူ့စွမ်းအင်၏ ၁၀ ရာခိုင်နှုန်းကိုသာ အလင်းအဖြစ်ထုတ်လွှတ်ကာ ၉၀ ရာခိုင်နှုန်းသည် အပူရှိန်အဖြစ်ကုန်ခန်းသွားသည်။ နှိုင်းယှဉ်ကြည့်လျှင်၊ ပိုးစုန်းကြူးဟုခေါ်သော အလင်းထုတ်လွှတ်သည့် ပိုးကောင်ငယ်ကလေးသည် (ပုံကြီးချဲ့ထားသော အပေါ်ပုံကိုရှု) ၁၀၀ ရာခိုင်နှုန်းနီးပါးခန့်အလင်းကို ထုတ်လွှတ်ပေးနိုင်သည်။

သူတို့ထုတ်လွှတ်သောအလင်းကို “ပြည့်ဝကောင်းမွန်သောအလင်း” ဟု အမည်ပေးထားရာ ပိုးစုန်းကြူးကလေးများသည် အပူရှိန်အဖြစ် အလွန်နည်းသောစွမ်းအင်ကိုသာ ကုန်စေကြသည်။ မည်သို့အားဖြင့်နည်း။ ပိုးစုန်းကြူးလေးတစ်ကောင်၏ ဝမ်းဗိုက်ပိုင်းသည် လူဆီဖာရင် (luciferin) ဟုခေါ်သော ဇီဝအခြေခံဝတ္ထု ပါဝင်သည်။ အောက်စီဂျင်သည် ဝမ်းဗိုက်လေပြွန် (The abdominal trachea) ဟုခေါ်သော ပြွန်တစ်ခုကို ဖြတ်သန်းကာ ဝမ်းဗိုက်အတွင်းပိုင်းသို့ရောက်ရှိချိန်တွင် လူဆီဖာရင်ဖြင့် ပေါင်းစပ်သွားပြီး၊ ဓာတုတုံ့ပြန်မှုသည် အဝါရောင်ဖျော့မှ နီကျင်ကျင်အစိမ်းရောင်ရှိအလင်းမျိုး ထုတ်လွှတ်ပေးသည်။

ပိုးစုန်းကြူး၏အလင်းကိုထုတ်သောဆဲလ်များတွင် ယူရစ်အက်ဆစ် ဖန်သတ္တုများလည်းပါဝင်သည်၊ ယင်းက ပိုးကောင်၏ဝမ်းဗိုက်ပိုင်းမှ အခြားသို့ အလင်းရောင်ပြန်ဟပ်စေရန် ကူညီပေးသည်။ ပိုးစုန်းကြူးလေးများသည် သူတို့၏အလင်းကို မိတ်ဖက်များအားဆွဲဆောင်ရန် အသုံးပြုပြီး ထိုကွဲပြားသော ပိုးစုန်းကြူးမျိုးစိတ်များသည် ကွဲပြားသောပုံစံများနှင့် ပုံမှန်စည်းချက်များဖြင့် ထွန်းလင်းသည်ဟု သိပ္ပံပညာရှင်များကဆိုသည်။

ဤသေးငယ်သောသတ္တဝါလေးများကို ပြုလုပ်ထားပုံက သူတို့၏ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်အား ချီးမွမ်းနေကြောင်း သင်သဘောတူမည်မဟုတ်ပေလော။ မှန်ပါသည်၊ ဆာလံဆရာ ကြွေးကြော်ခဲ့သကဲ့သို့ “အသက်ရှိသောသူအပေါင်းတို့သည် ထာဝရဘုရားကိုချီးမွမ်းကြစေ။”—ဆာလံ ၁၅၀:၆။

[Picture Credit Line on page 23]

© Darwin Dale/Photo Researchers, Inc.

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ