ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၃ ၁၁/၈ စာ. ၂၂
  • ကျွန်ုပ်တို့၏ စာရှုသူများထံမှ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်တို့၏ စာရှုသူများထံမှ
  • နိုးလော့!—၂၀၀၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • အင်အားပြင်း ငလျင်တွေအကြောင်း ကျမ်းစာမှာ ဘာကြိုဟောထားသလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • ငလျင်များ—သမ္မာကျမ်းစာပရောဖက်ပြုချက်နှင့် အသင်
    နိုးလော့!—၂၀၀၃
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • မမွေးသေးသောကလေးကို ကျွန်မဆုံးရှုံးခဲ့
    နိုးလော့!—၂၀၀၃
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၃
န၀၃ ၁၁/၈ စာ. ၂၂

ကျွန်ုပ်တို့၏ စာရှုသူများထံမှ

ငလျင်များ “ငလျင်ဒဏ်မှ လွတ်မြောက်သူတို့က သူတို့၏အဖြစ်သနစ်ကိုပြောပြ” ဆိုတဲ့ မျက်နှာဖုံးအခန်းဆက်ဆောင်းပါးကို ကျွန်တော်ဖတ်ရှုပါတယ်။ (ဧပြီ ၈၊ ၂၀၀၃) အဲဒီအထဲမှာ “၇.၀ အဆင့်နှင့် ၎င်းအထက်ရှိငလျင်များသည် ၂၀ ရာစုနှစ်ကာလတစ်လျှောက် ‘အတိုးအလျော့မရှိဆိုရမလောက်’ လှုပ်ခဲ့သည်” ဆိုပြီး သတင်းရင်းမြစ်တစ်ခုကနေ သင်တို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ၁၉၉၉ ဝေါ အယ်လ်မနက်က ၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်းမှာ ငလျင်လှုပ်မှုဟာ သိသိသာသာတိုးများလာတယ်ဆိုပြီး ဖော်ပြထားတယ်။

အက်ဖ်. အယ်.၊ အီတလီ

“နိုးလော့!” ပြန်လည်ဖြေကြားချက်– ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘက်မလိုက်တမ်းပြောရရင် ကျွန်တော်တို့ရဲ့ဆောင်းပါးဟာ ၂၀ ရာစုအတွင်း အကြမ်းဖျင်း ငလျင်လှုပ်သည့် ကြိမ်ရေနဲ့ပတ်သက်လို့ ငလျင်ပါရဂူအချို့ရဲ့ အခိုင်အမာပြောဆိုချက်ကို ထောက်ပြထားရုံသက်သက်ပါပဲ။ လိုရင်းအချက်ကတော့ ငလျင်အရေအတွက် “အတိုးအလျော့မရှိဆိုရမလောက်” ပဲ လှုပ်နေတယ်လို့ တစ်ဦးတစ်ယောက်က ယုံဦးတော့ မဿဲအခန်းကြီး ၂၄ မှာမှတ်တမ်းတင်ထားတဲ့ ယေရှုရဲ့ပရောဖက်ပြုချက်ဟာ ကျွန်တော်တို့ခေတ်ကာလမှာ ပြည့်စုံနေပြီဖြစ်ကြောင်းကို သိစေပါတယ်။ “အရပ်ရပ်တို့၌ကြီးစွာသောမြေလှုပ်ခြင်း” ဖြစ်မည်ဆိုပြီး ရိုးရိုးလေးပဲ ယေရှုမိန့်တော်မူခဲ့တာပါ။ —လုကာ ၂၁:၁၁။

ကိုယ်ဝန်ပျက်ကျခြင်း “မမွေးသေးသောကလေးကို ကျွန်မဆုံးရှုံးခဲ့” (ဧပြီ ၈၊ ၂၀၀၃) ဆိုတဲ့ဆောင်းပါးကို ကျွန်မတွေ့တဲ့အခါ ကျွန်မတို့ရဲ့မမွေးသေးဘဲ ဆုံးရှုံးသွားတဲ့ရင်သွေးလေးကို သတိရမိလို့ မျက်ရည်ကျလာပါတယ်။ အရမ်းလိုအပ်နေတဲ့ ဒီအချက်အလက် တွေနဲ့ ဒီကနေရရှိလာတဲ့နှစ်သိမ့်မှုအတွက် ချက်ချင်းပဲ ယေဟောဝါထံဆုတောင်းပြီး ကျေးဇူးတင်ကြောင်းဖော်ပြလိုက်တယ်။ ဘုရားသခင်ရဲ့ကမ္ဘာသစ်မှာ ဘယ်သူမှ ဒီလိုဖြစ်တော့မှာမဟုတ်ဘူးဆိုတဲ့ အချက်ကနေ ကျွန်မတို့ဟာ အမြဲပဲ စိတ်နှစ်သိမ့်မှု ရပါလိမ့်မယ်။

ဂျေ. အက်စ်.၊ အမေရိကန်ပြည်ထောင်စု

ကိုယ်ဝန်ဆောင်ပြီးနောက် ရက်သတ္တပတ် ၃၀ အကြာမှာ ကျွန်မရဲ့မမွေးသေးတဲ့ရင်သွေးလေးကို ဆုံးရှုံးလိုက်ရပါတယ်။ ကျွန်မရဲ့ဘဝမှာ ဒါဟာ အဖြစ်ဆိုးဆုံးပါပဲ။ မပြောသင့်မပြောအပ်တဲ့ကိစ္စလို့ ယူမှတ်ထားကြလေ့ရှိတဲ့ အကြောင်းတစ်ခုကို ဆွေးနွေးပေးထားလို့ ဒီဆောင်းပါးက အကူအညီနဲ့ စိတ်သက်သာမှုရရှိစေတဲ့အပြင် လက်တွေ့ကျတဲ့အကြံပြုချက်ကိုလည်းပေးပါတယ်။

ကေ. ဗွီ.၊ ဂျာမနီ

မမွေးသေးတဲ့ရင်သွေးလေးကို ကျွန်မလည်း ဆုံးရှုံးခဲ့ရပါတယ်။ ဘာမှမဖြစ်ခဲ့သလို ကျွန်မပြုမူနေထိုင်ခဲ့ပေမဲ့ စိတ်ထဲမှာတော့ စိတ်သက်သာရာ မရနိုင်ခဲ့ပါဘူး၊ ကျွန်မ တစ်ယောက်ထဲရှိတဲ့ နေ့တိုင်းလိုလိုမှာ ငိုပဲငိုနေတတ်တယ်။ ဒီစနစ်ကြီးတည်ရှိနေသရွေ့တော့ အဲဒီနာကျင်မှုဟာ ပျောက်သွားနိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ဒီဆောင်းပါးက ကျွန်မကို တကယ်စိတ်သက်သာရာရစေတယ်။

အိ. အမ်.၊ ဂျပန်

အစောပိုင်းကတည်းက မိခင်နဲ့ ကလေးငယ်တို့ နှောင်ကြိုးတွယ်တာတယ်လို့ သင်တို့ဆိုထားတာ သိပ်မှန်တာပဲ။ ဘယ်လောက်ကြေကွဲရတယ်ဆိုတာ တွေးယူလို့တောင်မရနိုင်ပါဘူး။ ၁၉ နှစ်ကြာသွားပေမဲ့လည်း မမွေးဘဲဆုံးသွားရတဲ့ ကျွန်မတို့ရဲ့ရင်သွေးလေးအတွက် မျက်ရည်ကျနေတုန်းပါပဲ။

ချ်. ကေ.၊ ဗြိတိန်

ဒီလိုအခြေအနေမျိုးကြုံလာတဲ့သူတွေကို ဘယ်လိုနှစ်သိမ့်ပြောဆိုရမယ်ဆိုတာ မသိဘဲဖြစ်ခဲ့တယ်။ ကျွန်မတို့အသင်းတော်မှာရှိတဲ့ ညီအစ်မတစ်ယောက် သူ့ရဲ့မမွေးသေးတဲ့ကလေးကို ဆုံးရှုံးလိုက်ရတယ်လို့ ကျွန်မကြားတဲ့အခါ အဲဒီဆောင်းပါးကို ကျွန်မပြန်ဖတ်ပြီး အဲဒီညီအစ်မဆီနဲ့ အဘိုးအဘွားလောင်းတွေဆီ ကျွန်မရဲ့အနက်ရှိုင်းဆုံးစာနာပေးမှုကို ဖော်ပြထားတဲ့ စာတစ်စောင်ရေးပို့လိုက်ပါတယ်။

ဒီ. အာရ်.၊ ဂျာမနီ

ဒီဆောင်းပါးဟာ ကျွန်မဆုတောင်းချက်ကို နားညောင်းခြင်းပါပဲ။ ကိုယ်ဝန်ပျက်ကျသွားလို့ ခံစားနေရတဲ့ဝမ်းနည်းကြေကွဲမှုနဲ့ စိတ်ဒဏ်ရာခံစားချက်တွေကို အသိအမှတ်ပြုပေးလို့ ကျေးဇူးတင်ပါတယ်။ ဒီဆောင်းပါးကို ကျွန်မဖတ်နေချိန်မှာ ယေဟောဝါကိုယ်တော်တိုင် ကိုယ်တော်ရဲ့လက်တော်နဲ့ ကျွန်မကိုလွှမ်းခြုံပွေ့ဖက်ထားပြီ နှစ်သိမ့်ပေးနေသလိုမျိုး ခံစားရပါတယ်။

ကေ. ဖီ.၊ အမေရိကန်ပြည်ထောင်စု

ကျွန်မအမေဟာ ကျွန်မနဲ့ ကျွန်မညီမလေးအကြားမှာ ကလေးတစ်ဦးပျက်ကျသွားခဲ့ဖူးပါတယ်။ သူအရမ်းခံစားခဲ့ရမယ်ဆိုတာ သေချာတယ်။ “မိသားစုနှင့် မိတ်ဆွေများ ထောက်မကူညီနိုင်ပုံ” လေးထောင့်ကွက်ကို ကျွန်မဖတ်ရှုပြီးနောက် ချက်ချင်းပဲ အမေ့ဆီ ကျွန်မ စာတစ်စောင်ရေးခဲ့တယ်။

အမ်. ဝိုင်.၊ ဂျပန်

တိုက်ကြီးမည်မျှရှိသနည်း ဖေဖော်ဝါရီ ၈၊ ၂၀၀၂ [လိပ်] ထုတ် စာမျက်နှာ ၂၅ မှာ ဩစတြေးလျဟာ “တိုက်ကြီးငါးခုတွင် အငယ်ဆုံးဖြစ်သည်” ဆိုပြီး သင်တို့ဖော်ပြထားပါတယ်။ ကျွန်တော် အမြဲသိလာတာက တိုက်ကြီးခုနစ်ခုရှိတယ်ဆိုတာပါပဲ။

အဲလ်. ယူ.၊ ကနေဒါ

“နိုးလော့!” ပြန်လည်ဖြေကြားချက်– အမှန်တကယ်တော့ တိုက်ကြီးခုနစ်ခုရှိတာပါ—အာရှ၊ အာဖရိက၊ တောင်အမေရိက၊ မြောက်အမေရိက၊ အန္တာတိက၊ ဥရောပနဲ့ ဩစတြေးလျတိုက်တို့ပါပဲ။ ဒါပေမဲ့ ဥရောပနဲ့ အာရှကို (ယူရေရှား) ဆိုပြီး တိုက်တစ်ခုတည်းအဖြစ် ယူမှတ်သူအချို့က ခြောက်ခုပဲရှိတယ်လို့ ဆိုကြပါလိမ့်မယ်။ အခြားသူတွေကတော့ အန္တာတိကကို တိုက်တစ်ခုလို့ မသတ်မှတ်ကြပါဘူး။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ