ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၄ ၇/၈ စာ. ၂၂
  • ကျွန်ုပ်တို့၏ စာရှုသူများထံမှ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်တို့၏ စာရှုသူများထံမှ
  • နိုးလော့!—၂၀၀၄
နိုးလော့!—၂၀၀၄
န၀၄ ၇/၈ စာ. ၂၂

ကျွန်ုပ်တို့၏ စာရှုသူများထံမှ

ကလေးများ—ကြီးပြင်းလာမှုမြန်ဆန် “ကလေးများ—ကြီးပြင်းလာမှု မြန်ဆန်လွန်းနေသလော” (ဇန်နဝါရီ ၈၊ ၂၀၀၄) အခန်းဆက်ဆောင်းပါးဟာ အရေးအသား သိပ်ကောင်းပါတယ်။ အခက်အခဲတချို့ ဘာကြောင့်ခံစားခဲ့ရတယ်ဆိုတာ အဲ့ဒီဆောင်းပါးက ကျွန်မကို နားလည်အောင် ကူညီပေးတယ်။ ကျွန်မရဲ့ကလေးဘဝဟာ ဝမ်းနည်းစရာဖြစ်ခဲ့တယ်၊ ကလေးတွေကို သူတို့ရဲ့နှုန်းထားအတိုင်း ကြီးပြင်းလာစေတာဟာ ပညာအရှိဆုံးလမ်းစဉ်ပဲဆိုတာ ကျွန်မ သဘော မတူလို့ကိုမရဘူး။

အက်စ်. အမ်.၊ ဂျပန်

ဒီအခန်းဆက်ဆောင်းပါးက ကျွန်တော့်အတွက် စွဲမှတ်စရာဖြစ်ခဲ့တယ်။ ကြင်ဖော်မဲ့ မိဘလက်အောက်မှာ ကျွန်တော်ကြီးပြင်းလာ ခဲ့တယ်။ စိုးရိမ်ပူပန်မှုတွေကြောင့်ငိုနေတဲ့ အမေ့ရဲ့ငိုသံကိုနားထောင်ရင်း မကြာခဏဆိုသလို ညဘက်တွေမှာ အိပ်မပျော်ခဲ့ဘူး။ ခရစ်ယာန်အသင်းတော်ရဲ့ ကူညီပံ့ပိုးမှုသာမရခဲ့ရင် ကျွန်တော်ဘာဖြစ်သွားမယ်ဆိုတာ မသိဘူး။ ကျွန်တော်တို့ကို မေတ္တာပါပါနဲ့ ဝိညာဉ်အစာ ကြိုးစားကျွေးမွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဒီ. ဘီ.၊ ယူနိုက်တက်စတိတ်

ကျွန်မအသက် ၁၁ နှစ်ပါ၊ ခပ်မြန်မြန် ကြီးပြင်းချင်တဲ့စိတ် အမြဲရှိတယ်။ ဒါပေမဲ့ ဒီအခန်းဆက်ဆောင်းပါးတွေက ကျွန်မရဲ့လက်ရှိကလေးဘဝကို မြတ်နိုးဖို့ အရေးကြီးတယ်လို့ တင်ပြတယ်။

ဂျီ. အမ်.၊ ယူနိုက်တက်စတိတ်

ဒီဆောင်းပါးထဲက ကာမန်နဲ့ သူ့အစ်မရဲ့အဖြစ်အပျက်ကို ကျွန်တော်နားလည်ပေးနိုင်တယ်။ သူတို့လို ကျွန်တော်အိမ်ကထွက်မပြေးခဲ့ပေမဲ့ ကျွန်တော့်ပထွေးတွေက ခက်ထန်၊ အမေကလည်း တာဝန်ပျက်ကွက်တယ်။ ကျွန်တော့်မိဘတွေ မူးယစ်ဆေး အလွဲသုံးကြတဲ့အတွက် ဆယ်နှစ်အရွယ်ကစပြီး ညီလေးတွေကို ကျွန်တော်ပဲ ကျွေးမွေးစောင့်ရှောက်ခဲ့ရတယ်! ဒါကြောင့် ကျွန်တော်လည်းပဲ အခက်အခဲတွေ ကြုံခဲ့ရတယ်။ ဒီနှစ်တွေတစ်လျှောက် ကျွန်တော်ရရှိခဲ့တဲ့ အကူအညီအတွက် ယေဟောဝါကို ကျေးဇူးတင်လို့မဆုံးဘူး။

ဒီ. အက်စ်.၊ ယူနိုက်တက်စတိတ်

ဖြူကောင် ကျွန်တော်ဟာ ဗြိတိသျှ ဖြူကောင်ကာကွယ်ထိန်းသိမ်းရေးအဖွဲ့ရဲ့ စီမံခန့်ခွဲရေးဦးစီးမှူးဖြစ်တယ်၊ “ကျေးလက်ဒေသ၏ ဆူးများသောဖြူကောင်” (ဧပြီ ၂၂၊ ၂၀၀၃ [လိပ်]) ဆိုတဲ့ သိပ်ကောင်းတဲ့ဆောင်းပါးကိုဖတ်ရလို့ ဝမ်းသာမိတယ်။ တခြားစာအုပ်တွေမှာပါတဲ့ ဆောင်းပါးတွေနဲ့မတူဘဲ အရေးအသား အရမ်းကောင်းမွန်ပြီး တကယ်တိကျမှန်ကန်တယ်။

အက်ဖ်. ဗွီ.၊ ဗြိတိန်

နိုးလော့! မဂ္ဂဇင်းအတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ကျွန်တော့်အမေက ဒီမဂ္ဂဇင်းတွေကို အမြဲဖတ်ခိုင်းတယ်။ ကျွန်တော် စဖတ်လိုက်ပြီဆိုရင် တစ်ခါတလေ တစ်နာရီ၊ တစ်နာရီကျော်ကြာ ဖတ်ဖြစ်တယ်။ အဲ့ဒီမဂ္ဂဇင်းတွေမှာ “ကျေးလက်ဒေသ၏ ဆူးများသောဖြူကောင်” စတဲ့ ကျွန်တော်ကြိုက်တဲ့ဆောင်းပါးတွေ အများကြီး ပါတယ်။ ကျွန်တော် ၁၅ နှစ်ရှိပြီ၊ ဒီလိုမဂ္ဂဇင်းတွေကို ဆက်ပြီးထုတ်ပေးနိုင်ပါစေ!

ကေ. ဂျီ.၊ ယူနိုက်တက်စတိက်

မွေးစားခြင်း လူငယ်များအမေး . . . “ငါဘာကြောင့် မွေးစားကလေးဖြစ်ရသလဲ” (ဧပြီ ၂၂၊ ၂၀၀၃ [လိပ်]) ဆိုတဲ့ အချိန်ကိုက်ဆောင်းပါးအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့သမီးဟာ သူ့ရဲ့အခြေအနေတွေကြောင့် သူ့ ကလေးကို မွေးစားဖို့ပေးလိုက်ရတယ်၊ အဲ့ဒါကြောင့် ကျွန်မအတော်စိတ်အနှောင့်အယှက်ဖြစ်ခဲ့တယ်။ ဒီအကြောင်းက အချိန်ကိုက်ထွက်လာတာ။ ဒီဆောင်းပါးကို သမီးဆီ ပို့ပေးလိုက်တယ်။

အီး. ဒီ.၊ ဂူယာနာ

ဧပြီ ၂၂ နဲ့ မေ ၂၂ မှာပါတဲ့ မွေးစားခြင်းအကြောင်း အချိန်ကိုက်ဆောင်းပါးတွေအတွက် ကျေးဇူးတင်ကြောင်း စာရေးလိုက်ပါတယ်။ ကျွန်မတို့လင်မယားဟာ မကြာသေးခင်က နို့စို့အရွယ်သားလေးတစ်ယောက် မွေးစားခဲ့တယ်။ အချိန်တန်ရင် ဒီဆောင်းပါးနှစ်ခုကိုအသုံးပြုပြီး ကျွန်မ တို့ရဲ့သားလေးကို ယေဟောဝါဘုရားသခင်၊ သူ့အဖေနဲ့ အမေဖြစ်တဲ့ကျွန်မတို့ ဘယ်လောက်ချစ်တယ်ဆိုတာ အသိပေးမယ်။

အက်စ်. အာရ်.၊ ယူနိုက်တက်စတိတ်

မွေးစားခြင်းအကြောင်းဆောင်းပါးအတွက် ကျေးဇူး အများကြီးတင်ပါတယ်။ ကျွန်မအသက် ၄၇ နှစ်ရှိပြီ၊ မွေးစားခံရသူဖြစ်လို့ အခုထိ စိတ်အနှောင့်အယှက်ဖြစ် တုန်းပဲ။ ကျွန်မ သိပ်ချစ်ခင်ပြီးလေးစားရတဲ့ မွေးစားမိဘတွေက ကျွန်မကို မေတ္တာနဲ့ကြင်နာမှု လိုအပ်သလောက် မပေးနိုင်ခဲ့ဘူး။ ကျွန်မ တစ်ခါမှ ပွေ့ဖက်၊ နမ်းရှုပ်တာ မခံခဲ့ရဘူး၊ တောင်းဆိုရင်တောင်မှ အဲ့ဒီလိုမလုပ်ကြဘူး။ ဒီလိုငြင်းပယ်ခံခဲ့ရတာက ကျွန်မအတွက် သိပ်ခံရခက်တယ်။ ဒါကြောင့် ဒီဆောင်းပါးဟာ ကျွန်မအတွက် အတော်နှစ်သိမ့်မှုပေးတယ်၊ နှလုံးနွေးထွေးစေတယ်။

ဒီ. အိပ်ချ်.၊ ယူနိုက်တက်စတိတ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ