ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၄ ၈/၈ စာ. ၃
  • ပြင်းထန်သော စိတ်ဝေဒနာများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပြင်းထန်သော စိတ်ဝေဒနာများ
  • နိုးလော့!—၂၀၀၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • စိတ်ဝေဒနာကို ခါးစည်းခံခြင်း
    နိုးလော့!—၂၀၀၄
  • ဝေဒနာသည်များအတွက် မျှော်လင့်ချက်
    နိုးလော့!—၂၀၀၄
  • လက္ခဏာများကို သိမှတ်ခြင်း
    နိုးလော့!—၂၀၀၂
  • မိခင်ဖြစ်စောလွန်းခြင်း
    နိုးလော့!—၂၀၀၅
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၄
န၀၄ ၈/၈ စာ. ၃

ပြင်းထန်သော စိတ်ဝေဒနာများ

နီကိုးလ်သည် အသက် ၁၄ နှစ်သမီးအရွယ်ကတည်းက စိတ်မသာမယာဖြစ်ခဲ့ရ၏။ သို့သော် အသက် ၁၆ နှစ်အရွယ်တွင်မူ ထူးဆန်းစွာ ပျော်ရွှင်ကြည်နူးမှု ခံစားလာရပြီး ထူးထူးခြားခြား အားအင်အပြည့် ရှိနေလေသည်။ အတွေးလွန်ခြင်း၊ စကားကို တစ်ပိုင်းတစ်စပြောခြင်းနှင့် မိတ်ဆွေများ မိမိအပေါ်အခွင့်ကောင်းယူနေကြသည်ဟူ၍ အခြေအမြစ်မရှိဘဲ သံသယဝင်ကာ အိပ်၍မပျော်ခြင်းတို့ကို ခံစားခဲ့ရသည်။ ထို့နောက် နီကိုးလ်သည် အရာဝတ္ထုများကို မိမိသဘောအတိုင်း အရောင်ပြောင်းပေးနိုင်သည်ဟု အခိုင်အမာဆိုတော့သည်။ ဤအခါတွင် ဆေးဘက်ဆိုင်ရာ အကူအညီ ယူဖို့လိုအပ်ကြောင်း နီကိုးလ်၏မိခင် သဘောပေါက်သွားကာ နီကိုးလ်အား ဆေးရုံသို့ ခေါ်သွားပြ၏။ ဆရာဝန်များသည် နီကိုးလ်၏ စိတ်အပြောင်းအလဲမြန်မှုကို အသေအချာ စစ်ဆေးကြည့်ပြီးနောက် ရောဂါအမည် တပ်နိုင်သည့်အဆင့်ရောက်သွားလေသည်– နီကိုးလ်သည် စိတ်ကြွစိတ်ကျရောဂါခံစားနေရခြင်းတည်း။a

နီကိုးလ်ကဲ့သို့ပင် ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာတို့သည် စိတ်ဝေဒနာတစ်မျိုး—⁠စိတ်ကြွစိတ်ကျရောဂါဖြစ်စေ၊ ဆေးဝါးဖြင့်ကုသမှုလိုသည့် စိတ်ကျဝေဒနာတစ်မျိုးမျိုးဖြစ်စေ—⁠ခံစားနေကြရ၏။ အဆိုပါရောဂါများခံရပြီဆိုလျှင် ဘဝပျက်သွားနိုင်ပေသည်။ “နှစ်ပေါင်းများစွာ နာကျင်ခံစားခဲ့ရတယ်၊ အကြီးအကျယ် စိတ်ကျဝေဒနာခံစားရပြီး အဲ့ဒီနောက် အကြီးအကျယ် စိတ်တက်ကြွနေပြန်တယ်။ သဘာဝကုထုံးနဲ့ ဆေးဝါးတွေက ကူညီပေးခဲ့ပေမဲ့ ရုန်းကန်နေရတုန်းပဲ” ဟု စိတ်ကြွစိတ်ကျရောဂါသည် စတီဗင်ကဆိုသည်။

အဘယ်အရာကြောင့် စိတ်ဝေဒနာဖြစ်ရသနည်း။ စိတ်ကျဝေဒနာ သို့မဟုတ် စိတ်ကြွစိတ်ကျရောဂါသည် အဘယ်အရာနှင့်တူသနည်း။ ဝေဒနာသည်များ—⁠နှင့် ၎င်းတို့အား ပြုစုပေးသူများ—⁠သည် မိမိတို့လိုအပ်သော အထောက်အမကို မည်သို့ရရှိနိုင်ကြသနည်း။

[အောက်ခြေမှတ်ချက်]

a စိတ်ကစဉ့်ကလျားရောဂါ၊ မူးယစ်ဆေးဝါးအလွဲသုံးခြင်း သို့မဟုတ် သာမန်ကြီးကောင်ဝင်ခြင်း ဖြစ်သည့်အခါ၌ပင် ထိုလက္ခဏာမျိုးပြတတ်ကြောင်း ကျေးဇူးပြု၍ မှတ်သားပါ။ ဤနေရာတွင် ကျွမ်းကျင်သော ပညာရှင်တစ်ဦးက နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးကြည့်ပြီးနောက်မှသာ ရောဂါအမည်တပ်သင့်၏။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ