ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၅ ၁၂/၈ စာ. ၃
  • ရုတ်တရက် အလုပ်လက်မဲ့ ဖြစ်သွားခြင်း!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရုတ်တရက် အလုပ်လက်မဲ့ ဖြစ်သွားခြင်း!
  • နိုးလော့!—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • မတိုင်မီနှင့် ပြီးနောက် ဘုရားသခင့်စကားတော် အကျိုးသက်ရောက်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • အလုပ်ရအောင် (ပြီးတော့ မြဲအောင်!) ဘယ်လိုလုပ်ရမလဲ
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
  • ယေဟောဝါကို ပျော်ရွှင်စွာ ဆက်ဝတ်ပြုပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • အလုပ်အကိုင်ရှာတွေ့နိုင်ရန် သော့ချက်ငါးခု
    နိုးလော့!—၂၀၀၅
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၅
န၀၅ ၁၂/၈ စာ. ၃

ရုတ်တရက် အလုပ်လက်မဲ့ ဖြစ်သွားခြင်း!

“ကျွန်တော်အလုပ်ပြုတ်သွားတုန်းက လူတစ်ယောက်ယောက် ကျွန်တော့်အပေါ် ရေအေးအေးတစ်ပုံး လောင်းလိုက်သလိုခံစားရတယ်။ ကိုယ့်ကိုယ်ကိုလေးစားစိတ်လည်း အကြီးအကျယ်ပျက်စီးသွားခဲ့တယ်။”—တိုနီ၊ ဂျာမနီ။

“ကျွန်မရဲ့ခေါင်းပေါ် လေးလံတဲ့ကျောက်တုံးကြီးတစ်တုံး ရောက်လာသလိုပဲ ခံစားရတယ်။ ကြင်ဖော်မဲ့မိဘတစ်ယောက်အနေနဲ့ ကလေးနှစ်ယောက်ကို ဘယ်လိုကျွေးမွေးပြီး ကုန်ကျစရိတ်တွေဘယ်လိုပေးရမလဲဆိုတာကို စိုးရိမ်မိတယ်။”—မေရီ၊ အိန္ဒိယ။

“ကျွန်တော်အလုပ်ပြုတ်သွားတဲ့အခါ အရမ်းစိတ်ဓာတ်ကျခဲ့တယ်၊ နောက်အလုပ်တစ်ခု ရနိုင်ပါ့မလားလို့ စိတ်ပူခဲ့တယ်။”—ဟိုင်မေး၊ မက္ကဆီကို။

ကမ္ဘာတစ်ဝန်းတွင် သန်းနှင့်ချီသောသူများသည် တိုနီ၊ မေရီနှင့် ဟိုင်မေးတို့ကဲ့သို့ ထပ်တူခံစားနေကြရသည်။ ဤရာစုနှစ်အကူးအပြောင်း၌ ဥရောပနှင့် ဗဟိုအာရှတွင် အလုပ်သမားအင်အား ၁၀ ရာခိုင်နှုန်းဖြစ်သည့် ၂၃ သန်းခန့်သောသူများ အလုပ်ရှာနေကြသည်ဟု ခန့်မှန်းရသည်။ ဖွံ့ဖြိုးမှုနည်းသောနိုင်ငံအချို့တွင် အလုပ်သမားအင်အား၏ လေးပုံတစ်ပုံကျော်မှာ အလုပ်လက်မဲ့များဖြစ်ကြသည်။ ယူနိုက်တက်စတိတ်တွင် “လွန်ခဲ့သော ၂၈ လအတွင်း အလုပ်အကိုင်ပေါင်း ၂.၆ သန်းနီးပါး ပျောက်ဆုံးကုန်သည်” ဟု ၂၀၀၃၊ ဇူလိုင်လထုတ် နယူးယောက်တိုင်းက ဆိုသည်။

တိုင်းပြည်အများအပြား၌ အလုပ်အကိုင်ရှာဖွေရာတွင် ကြီးမားသောအတားအဆီးများရှိသည်။ ဥပမာ၊ နှစ်စဉ်နှစ်တိုင်း အထက်တန်းကျောင်းနှင့် ကောလိပ်ဘွဲ့ရများသည် အလုပ်အကိုင်ဈေးကွက်ကို လှိုင်းလုံးကြီးများသဖွယ် လွှမ်းမိုးထားသည်။ ထို့ပြင် ဘွဲ့တစ်ခု သို့မဟုတ် အထူးကျွမ်းကျင်မှုတို့က မိမိရွေးချယ်သောအလုပ်အကိုင် ရရှိလိမ့်မည်ဟူသည့် အာမခံချက်မပေးပေ။ ထို့ကြောင့် လူတို့သည် မိမိတို့အလုပ်,လုပ်သည့်သက်တမ်းတစ်လျှောက် မကြာခဏအလုပ်ပြောင်းကြရခြင်းမှာ ယခုအခါ မထူးဆန်းတော့ပေ။ အချို့ဆိုလျှင် သူတို့၏အသက်မွေးဝမ်းကျောင်းလုပ်ငန်းကိုပင် လုံးဝပြောင်းလဲခဲ့ရသည်။

သင်သည် အလုပ်လက်မဲ့တစ်ဦးဖြစ်ပါက အလုပ်အကိုင်ရှာရာတွင် သင့်အခွင့်အလမ်းများ တိုးတက်စေရန် အဘယ်အရာပြုလုပ်နိုင်သနည်း။ ထို့ပြင် အလုပ်တစ်ခုရှာတွေ့သည်နှင့် ယင်းကိုတည်မြဲအောင် သင်အဘယ်အရာပြုလုပ်နိုင်သနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ