အိုမင်းခြင်းကို သင် ရှောင်လွှဲနိုင်မည်လော
‘အကျွန်ုပ်တို့၏အသက်အရွယ်သည် အနှစ်ခုနစ်ဆယ်အတိုင်းအရှည်ရှိပါ၏။ အားကြီး၍ အနှစ်ရှစ်ဆယ်ပြည့် . . . ပါ၏။ ထိုအသက်သည်လည်း မြန်မြန်လွန်၍ အကျွန်ုပ်တို့သည် သေဆုံးကြပါ၏။’—ဆာလံ ၉၀:၁၀။
အရွယ်ကောင်းတွင်သာ အမြဲရှိနေမည်ဟု စိတ်ကူးကြည့်လိုက်ပါ။ ဘယ်တော့မျှ ယိုယွင်းမသွားမည့် ဒေါင်ဒေါင်မြည်သောကျန်းမာရေးနှင့် စိတ်ကူးဉာဏ်ထက်မြက်မှုတို့ကို စဉ်းစားကြည့်လိုက်ပါ။ ထိုနှစ်သက်ဖွယ်အလားအလာသည် သင့်အဖို့ စိတ်ကူးယဉ်ဆန်နေသလော။ သို့ဆိုလျှင် ဤထူးဆန်းသောအချက်ကို သုံးသပ်ကြည့်ပါ– အချို့သောကြက်တူရွေးမျိုးစိတ်များသည် နှစ်ပေါင်းတစ်ရာကျော် အသက်ရှင်နိုင်သော်လည်း ကြွက်များမူ သုံးနှစ်ထက်ပို၍ အသက်ရှင်သည်မှာ ရှားသည်။ ဤမတူညီသည့် သက်တမ်းတို့ကြောင့် ဇီဝဗေဒပညာရှင်အချို့က အိုမင်းရခြင်း အကြောင်းရင်းရှိရမည်ဖြစ်ပြီး ထိုသို့ရှိခဲ့ပါက ယင်းကိုကုစားနိုင်ရမည်ဟု ယူဆကြသည်။
အိုမင်းခြင်းကို ထိထိရောက်ရောက်ကုသနိုင်ရန် စမ်းသပ်ရှာဖွေခြင်းက ဆေးဝါးကုမ္ပဏီများကို ဆေးဝါးအသစ်များအတွက် ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်မှုဖြစ်စေခဲ့သည်။ ထို့ပြင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း မွေးဖွားခဲ့ကြသူများနှင့် ယခု အသက် ၆၀ ဝန်းကျင်သို့ ရောက်နေသူများ၏ အိုမင်းမှုနှုန်းကို နှောင့်နှေးစေရန် နည်းလမ်းရှာခြင်းကိုလည်း စိတ်ဝင်စားလာခဲ့ကြသည်။
အိုမင်းခြင်းအကြောင်း လေ့လာမှုသည်လည်း မျိုးရိုးဗီဇ၊ မော်လီကျူးဇီဝဗေဒ၊ သတ္တဗေဒ၊ အိုမင်းခြင်းနှင့် ယင်း၏ အကျိုးဆက်ကိုလေ့လာခြင်းဆိုင်ရာ သုတေသနပညာရှင်များစွာအတွက် အဓိကအလေးထားရာဖြစ်လာခဲ့ပြီ။ စတီဗင် အော့စတာ့ဒ်၏ ကျွန်ုပ်တို့ အဘယ်ကြောင့် အိုမင်းရ (Why We Age) ဟူသောစာအုပ်တွင် ဤသို့ဆို၏– “အိုမင်းခြင်းအကြောင်းလေ့လာသူများ တွေ့ဆုံကြစဉ်တွင် အားရစရာမကောင်းလှသော်လည်း သိသိသာသာစိတ်လှုပ်ရှားနေကြသည်။ ကျွန်ုပ်တို့သည် အိုမင်းခြင်း၏ အခြေခံဖြစ်စဉ်ကို နားလည်လုနီးပြီ။”
အိုမင်းမှုဖြစ်စဉ်နှင့်ပတ်သက်သည့် ရှုမြင်ပုံများစွာရှိသည်။ ရှုမြင်ပုံတစ်ခုမှာ ခန္ဓာဆဲလ်များ တဖြည်းဖြည်း ပျက်စီးလာခြင်းကြောင့်ဟုဆိုပြီး နောက်တစ်ခုမှာ မျိုးရိုးဗီဇကို ထိုသို့ပင် အစီအစဉ်ရေးဆွဲထားခြင်းကြောင့်ဟုဆိုသည်။ အချို့က အဖြေမှာ နှစ်မျိုးစလုံးဖြစ်သည်ဟု ဆိုကြသည်။ အိုမင်းမှုဖြစ်စဉ်ကို မည်မျှအသေးစိတ် နားလည်ထားသနည်း။ အိုမင်းခြင်းအတွက် ထိရောက်သောကုသနည်းကို မျှော်လင့်နိုင်သလော။
[စာမျက်နှာ ၂၊ ၃ ပါ ဇယား/ရုပ်ပုံများ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
အနီးစပ်ဆုံး သက်တမ်းများ
ပျား
ရက် ၉၀
↓
ကြွက်
၃ နှစ်
↓
ခွေး
၁၅ နှစ်
↓
မျောက်
အနှစ် ၃၀
↓
မိကျောင်း
အနှစ် ၅၀
↓
ဆင်
အနှစ် ၇၀
↓
လူ
အနှစ် ၈၀
↓
ကြက်တူရွေး
အနှစ် ၁၀၀
↓
ကုန်းလိပ်ကြီး
အနှစ် ၁၅၀
↓
ဆီကွိုင်ယာသစ်ပင်ကြီး
နှစ်ပေါင်း ၃,၀၀၀
↓
ဗရစ်စယ်လ်ခုန်း ထင်းရှူးပင်
နှစ်ပေါင်း ၄,၇၀၀
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
ကြက်တူရွေးအချို့သည် အနှစ် ၁၀၀ အသက်ရှင်နိုင်သော်လည်း လူသားများမူ အနှစ် ၈၀ ခန့်သာ အသက်ရှင်ကြသည်။ သုတေသနပညာရှင်များသည် “အိုမင်းရခြင်း အကြောင်းရင်း” ကို သိလိုကြ