ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၂/၀၇ စာ. ၃
  • ချာ့ချ်များ အဘယ်သို့ ဦးတည်နေသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ချာ့ချ်များ အဘယ်သို့ ဦးတည်နေသနည်း
  • နိုးလော့!—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ချာ့ချ်များ မည်သို့ဖြစ်သွားပြီနည်း
    နိုးလော့!—၂၀၀၇
  • ဝတ်ပြုရေး ယင်းက အဘယ်ကောင်းမှု ပြုသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • မာတိကာ
    နိုးလော့!—၂၀၀၇
နိုးလော့!—၂၀၀၇
န ၂/၀၇ စာ. ၃

ချာ့ချ်များ အဘယ်သို့ ဦးတည်နေသနည်း

“ခရစ်ယာန်” ချာ့ချ်များ မည်သို့ဖြစ်သွားပြီနည်း။ သင့်ဒေသရှိ ချာ့ချ်များ ဆုတ်ယုတ်ကျဆင်းနေသလော သို့မဟုတ် တိုးတက်ထွန်းကားနေသလော။ ဘာသာတရားတွင် ပြန်လည်သက်ဝင်နိုးကြားလာရန် ဆော်သြခြင်း၊ အာဖရိက၊ အရှေ့ဥရောပနှင့် အမေရိကန်နိုင်ငံအစရှိသည့် နေရာများတွင် ယုံကြည်သူအသင်းသားများ တိုးများလာခြင်းဟူသော သတင်းများကို အခါအားလျော်စွာ သင်ကြားဖူးပေမည်။ သို့သော် ကမ္ဘာ့အခြားဒေသများ၊ အထူးသဖြင့် အနောက်ဥရောပတွင် ချာ့ချ်များကို ပိတ်လိုက်ရခြင်း၊ အသင်းသားအရေအတွက် လျော့နည်းလာခြင်း၊ ဘာသာတရားတွင် စိတ်မပါမှုပျံ့နှံ့လာခြင်း စသောသတင်းများ ကြားနေရ၏။

ချာ့ချ်တက်သူအရေအတွက် လျော့နည်းလာသဖြင့် ချာ့ချ်များစွာသည် ၎င်းတို့၏ဝတ်ပြုမှုပုံစံကို ပြောင်းလဲလိုက်ကြသည်။ ဘုရားသခင်သည် မည်သည့်အမူအကျင့်ကိုမဆို လက်ခံသည်ဟု မိမိတို့ယူမှတ်ကြခြင်းကြောင့် သူတစ်ပါး၏အမူအကျင့်ကို မိမိတို့ “မဝေဖန်” ကြောင်း အချို့ကဆို၏။ ကျမ်းစာလမ်းညွှန်ချက်များကို သွန်သင်ပေးမည့်အစား ဖျော်ဖြေရေး၊ စိတ်လှုပ်ရှားစရာ ပျော်ပွဲရွှင်ပွဲနှင့် လောကမှစွဲမက်ဖွယ်ရာများအကြောင်းကိုသာ တင်ဆက်ကြသည့် ချာ့ချ်များ တိုးများလာနေပြီ။ ချာ့ချ်တက်သူအချို့က ခေတ်သစ်အဖြစ်မှန်များနှင့် လိုက်လျောညီထွေဖြစ်ရန် အပြောင်းအလဲများလုပ်ဖို့လိုကြောင်း ယူဆကြသော်လည်း စိတ်ရင်းမှန်သူများစွာကမူ ချာ့ချ်များသည် ယေရှုအပ်နှင်းထားသည့်တာဝန်မှ သွေဖည်နေပြီလောဆိုသည်ကို သိလိုကြသည်။ မကြာသေးမီ ဆယ်စုနှစ်များက ချာ့ချ်များကျင့်သုံးခဲ့သောနည်းလမ်းများကို သုံးသပ်ကြည့်ကြပါစို့။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ