ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၃/၀၇ စာ. ၃
  • လူငယ်များနှင့်အွန်လိုင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူငယ်များနှင့်အွန်လိုင်း
  • နိုးလော့!—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကလေးများ အင်တာနက်သုံးခြင်းနှင့်ပတ်သက်၍ မိဘများ လုပ်နိုင်သည့်အရာ
    နိုးလော့!—၂၀၀၈
  • သင့်ကလေး အင်တာနက် အသုံးပြုနေသလော
    နိုးလော့!—၂၀၀၈
  • ကလေးများအင်တာနက်သုံးခြင်းနှင့်ပတ်သက်၍ မိဘများ သိသင့်သိအပ်ရာ
    နိုးလော့!—၂၀၀၈
  • အခက်ကြုံနေသော လူငယ်များကို ကူညီပေးခြင်း
    နိုးလော့!—၂၀၀၇
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၇
န ၃/၀၇ စာ. ၃

လူငယ်များနှင့်အွန်လိုင်း

ညအချိန်မတော် လမ်းပေါ်၌ တစ်ဦးတည်း လျှောက်သွားနေသည့် သင်၏ကလေးကို မြင်ယောင်ကြည့်လိုက်ပါ။

သင့်အား လုံးဝအသိမပေးဘဲ သင့်အိမ်တွင် ပါတီပွဲကျင်းပဖို့စီစဉ်နေသည့် ဆယ်ကျော်သက်ကလေးကို မြင်ယောင်ကြည့်လိုက်ပါ။

သင့်အိမ်တံခါးသော့များကို မိတ္တူပွားပြီး သူစိမ်းများအား ဖြန့်ဝေပေးနေသည့် သင်၏သား/သမီးကို မြင်ယောင်ကြည့်လိုက်ပါ။

သင်၏ကလေးသည် အင်တာနက်အသုံးပြုခွင့်ရထားသည်ဆိုလျှင် အထက်ပါအခြေအနေများမှာ ဖြစ်နိုင်ခြေရှိ၏။ “အင်တာနက်သည် ကွန်ရက်အတွင်း သတင်းအချက်အလက်များကို ဖြန့်ဝေသုံးစွဲမှုပြုနိုင်သော ကွန်ပျူတာစနစ်မှ ရုတ်ခြည်းသတင်းတိုပို့လွှတ်ခြင်း၊ ယင်းမှ လူမှုဆက်သွယ်ရေးကွန်ရက်လိုင်းများအထိဖြစ်သော အွန်လိုင်းအမျိုးမျိုးဖြင့် လူတို့အား ထိတွေ့ဆက်ဆံခွင့်ရရှိစေလေသည်” ဟု Science News မဂ္ဂဇင်းကဆို၏။

လူငယ်များသည် အင်တာနက်နှင့် မစိမ်းကြတော့ချေ။ အမှန်ဆိုရလျှင် ၂၀၀၄ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ အသက် ၁၂ နှစ်နှင့် ၁၇ နှစ်ကြားရှိ လူ ၁၀ ဦးလျှင် ၉ ဦးခန့်သည် ကမ္ဘာအနှံ့ အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်သော အင်တာနက်ကို အသုံးပြုခဲ့ကြ၏။

အင်တာနက်သည် အသုံးမဝင်ဟု မည်သူမျှပြောမည်မဟုတ်ချေ။ သို့သော် ယင်းကြောင့်ဖြစ်ပေါ်လာသည့် အန္တရာယ်များကို လူတိုင်း ဂရုပြုသင့်သည်။ ဥပမာ၊ လူငယ်များစွာသည် ကြီးကြပ်မှုမရှိဘဲ အင်တာနက်ကို အသုံးပြုနေကြပြီး လူငယ်တချို့မှာ မိမိတို့အိမ်သို့ မည်သည့်အခါမျှ ဖိတ်ခေါ်မည်မဟုတ်သောသူတို့နှင့် လူမှုဆက်သွယ်ရေးကွန်ရက်များဖြင့် ဆက်သွယ်နေကြသည်။

အတွေ့အကြုံမရှိသော လူငယ်အချို့သည် မိမိတို့၏ကိုယ်ရေးအချက်အလက်များ၊ အယူအဆများနှင့် ဓာတ်ပုံများကိုပင် အင်တာနက်တွင် တင်ထားကြသည်။ ယင်းသို့ပြုလုပ်ခြင်းသည် မသင့်လျော်ချေ။ နယူးယောက်ပြည်နယ်တက္ကသိုလ် ပါမောက္ခကျန်းယန်၏အဆိုအရ လူငယ်များသည် “အဆိုပါသတင်းအချက်အလက်ကို လိင်ဆိုင်ရာအမြတ်ထုတ်သူများအပါအဝင် လူပေါင်းမည်မျှ ဝင်ရောက်ကြည့်ရှုမည်ကို မသိရှိကြချေ။”

လူငယ်များသည် အင်တာနက်တွင် အဘယ်အရာလုပ်ဆောင်နေကြကြောင်း အနီးကပ်လေ့လာကြည့်ကြစို့။ သို့ဖြင့် ကျွန်ုပ်တို့သည် ပေါ်ပေါက်လာနိုင်သည့် ပြဿနာများကို သိရှိရပြီး သားသမီးများ ကြည့်ရှုနေသောအရာများကို စိစစ်ပေးနိုင်ကာ သူတို့၏လိုအပ်ရာများနှင့်အညီ မည်သို့ဖြည့်ဆည်းပေးနိုင်ပုံကို တွေ့မြင်ရပါလိမ့်မည်။ ထို့ပြင် ခဲယဉ်းသော ဤခေတ်တွင် ပြဿနာများရင်ဆိုင်နေရသော ခရစ်ယာန်လူငယ်များ ဘုရားသခင်အပေါ် ဆက်လက်သစ္စာတည်ကြည်နေရန် အကူအညီရပါလိမ့်မည်။—၂ တိမောသေ ၃:၁-၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ