ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၃/၀၇ စာ. ၁၆
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
  • နိုးလော့!—၂၀၀၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆီးချိုရောဂါ—ကမ္ဘာချီကပ်ဘေးတစ်ခု
  • ကမ္ဘာ့အမြင့်ဆုံး မီးရထားလမ်း
  • “အယောင်ပြကျောင်းသားများ”
  • ‘ကမ္ဘာကြီးနှင့် အဆက်ပြတ်နေ’
  • ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်သလား
    နိုးလော့!—၂၀၁၄
  • ဆီးချိုရောဂါ “အသံတိတ် လူသတ်သမား”
    နိုးလော့!—၂၀၀၄
  • ဆီးချိုဝေဒနာသည်များအား သမ္မာကျမ်းစာက အကူအညီပေးနိုင်ပုံ
    နိုးလော့!—၂၀၀၄
  • ကုသမှုဆိုင်ရာ စိန်ခေါ်ချက်
    နိုးလော့!—၂၀၀၄
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၇
န ၃/၀၇ စာ. ၁၆

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

◼ လေ့လာမှုတစ်ခုအရ “ကားမောင်းနေစဉ် လက်ကိုင်ဖို့မလိုသောဆဲလ်ဖုန်းများကို အသုံးပြု၍ စကားပြောခြင်းပင်လျှင် အရက်သောက်ပြီး ကားမောင်းသူများကဲ့သို့ ယာဉ်တိုက်မှုအန္တရာယ်ရှိသည်” ဟုဆို၏။—ရိုက်တာသတင်းဌာန၊ အမေရိကန်။

◼ ၂၀၀၆ ခုနှစ်၏ ပထမငါးလအတွင်းတွင် ဂွာတီမာလာမြို့တော် ဘတ်စကားများပေါ်၌ လက်နက်ကိုင်လုယက်မှု ၃၀,၂၀၀ ဖြစ်ပွားခဲ့သည်။ ဘတ်စကားမောင်းသူ သို့မဟုတ် သူတို့၏အကူ တစ်ဆယ့်လေးဦးနှင့် ခရီးသည်ဆယ်ဦး သေဆုံးခဲ့သည်။—PRENSA LIBRE သတင်းစာ၊ ဂွာတီမာလာ။

◼ သွေးစုဆောင်းခြင်း၊ သွေးစစ်ခြင်းနှင့်ပတ်သက်သော ဒဗ္ဗလျူအိတ်ချ်အို၏ လေ့လာဆန်းစစ်မှုကို ဖြေကြားခဲ့သည့် နိုင်ငံ ၁၂၄ နိုင်ငံအနက် ၅၆ နိုင်ငံသည် “လှူဒါန်းထားသောသွေးများအားလုံးကို အိတ်ချ်အိုင်ဗွီ၊ အသည်းရောင်ရောဂါ ဘီနှင့်စီ၊ ကာလသားရောဂါရှိမရှိ စစ်ဆေးခြင်းမပြုကြချေ။”—ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ နယူးဇီလန်။

◼ လက်မထပ်မီ အတူပေါင်းသင်းနေထိုင်ကြသော ဩစတြေးလျလူမျိုးအရေအတွက်မှာ ၁၉၆၀ ပြည့်လွန်နှစ်များက ၅ ရာခိုင်နှုန်းသာရှိခဲ့သော်လည်း ၂၀၀၃ ခုနှစ်တွင် ၇၀ ရာခိုင်နှုန်းကျော်ထိ တိုးများလာသည်။—UNIVERSITY OF MELBOURNE၊ ဩစတြေးလျ။

ဆီးချိုရောဂါ—ကမ္ဘာချီကပ်ဘေးတစ်ခု

နိုင်ငံတကာ ဆီးချိုရောဂါအဖွဲ့ချုပ်၏ အချက်အလက်များအရ လွန်ခဲ့သောအနှစ် ၂၀ အတွင်းတွင် ဆီးချိုဝေဒနာရှင် သန်း ၃၀ မှသန်း ၂၃၀ အထိ တိုးများလာသည်ဟု The New York Times ကဆိုသည်။ ယင်းရောဂါဝေဒနာရှင် အများဆုံးရှိသည့် နိုင်ငံဆယ်နိုင်ငံတွင် ခုနစ်နိုင်ငံမှာ ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်သည်။ “ဆီးချိုရောဂါဟာ ဖြစ်ဖူးသမျှမှာ အဆိုးဝါးဆုံး ကမ္ဘာ့ကျန်းမာရေးကပ်ဘေးကြီးဖြစ်တယ်” ဟုအဖွဲ့ချုပ်၏ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ မာတင်စီလင့်က ပြောခဲ့သည်။ “ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအချို့တွင် ဤရောဂါသည် လူကိုအသေစောစေ၏” ဟုသတင်းကဖော်ပြသည်။

ကမ္ဘာ့အမြင့်ဆုံး မီးရထားလမ်း

၂၀၀၆၊ ဇူလိုင်လတွင် အခမ်းအနားဖြင့်ဖွင့်လှစ်ခဲ့သော ကမ္ဘာ့အမြင့်ဆုံးမီးရထားလမ်းသည် ပေကျင်းနှင့် တိဘက်မြို့တော်လာဆာကို ဆက်သွယ်ထားကာ အရှည်မိုင် ၂,၅၀၀ ခန့်ရှိသည်။ “မီးရထားလမ်းသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၆,၀၀၀ ကျော်အမြင့်တွင် တည်ရှိကာ အစဉ်အေးခဲနေပြီး အခြေအနေပြောင်းလဲနိုင်သည့် နက်ရှိုင်းမြေလွှာပေါ်တွင် ဖြတ်ကျော်ဖောက်လုပ်ထားခြင်းကြောင့် ယင်းသည် အံ့မခန်းဖွယ် အင်ဂျင်နီယာအစွမ်းတစ်ခုဖြစ်၏” ဟု The New York Times ကဆိုသည်။ အင်ဂျင်နီယာများအတွက် အခက်ခဲဆုံးအရာမှာ တည်တံ့မှုရှိစေရန် ရထားလမ်း၏အောက်ခံမြေသားကို တစ်နှစ်ပတ်လုံး အေးခဲနေအောင်ပြုလုပ်ခြင်းဖြစ်သည်။ အမြင့်သို့ရောက်လာသည့်အခါ ရထားတွဲများအတွင်းသို့ လေများသွင်းပေးထားဖို့လိုအပ်ရာ ခရီးသည်တစ်ဦးစီ အောက်စီဂျင်ရရှိရန်လည်း စီမံပေးထားသည်။

“အယောင်ပြကျောင်းသားများ”

ပြင်သစ်တက္ကသိုလ်တစ်ခုတွင် စာပေလေ့လာသင်ကြားမည်ဟုဆိုကာ စာရင်းသွင်းထားသော ပထမနှစ်ကျောင်းသား ၁၀ မှ ၂၀ ရာခိုင်နှုန်းသည် “အတန်းတက်ရန် မည်သည့်အခါမျှ ပေါ်မလာကြချေ” ဟု Le Figaro သတင်းစာကဆိုသည်။ အချို့က လူမှုဖူလုံရေးအကျိုးခံစားခွင့်ရရန်၊ လေယာဉ်လက်မှတ်၊ ဟိုတယ်၊ လူထုသယ်ယူပို့ဆောင်ရေးနှင့် ရုပ်ရှင်လက်မှတ်များကို လျှော့ဈေးဖြင့်ရရန် ကျောင်းသားဟူသောနာမည်ကို အသုံးချကြသည်။ “အယောင်ပြကျောင်းသားများ” သည် အကျိုးခံစားခွင့်ရရန် ဘယ်လာရုစ်၊ ဖင်လန် သို့မဟုတ် ဆွာဟီလီဘာသာစကားသင်တန်းကဲ့သို့သော လူတက်နည်းသည့်သင်တန်းများတွင် စာရင်းသွင်းကြသည်။ ကျောင်းခေါ်ကြိမ်စစ်ဆေးခြင်း မရှိသောကြောင့် အယောင်ပြစာရင်းသွင်းခြင်းမှာ ရိုးနေပြီဖြစ်သည်။ “ကျောင်းသားများသည် အွန်လိုင်းမှတစ်ဆင့် စာရင်းသွင်းနိုင်ပြီး ရက်အနည်းငယ်အတွင်း ကျောင်းသားကတ်များရရှိနိုင်သည်” ဟုသတင်းကဆိုသည်။

‘ကမ္ဘာကြီးနှင့် အဆက်ပြတ်နေ’

အစ္စရေးသိပ္ပံပညာရှင်များက မိမိတို့သည် မရေမတွက်နိုင်သောရာစုနှစ်ပေါင်းများစွာ “ပြင်ပကမ္ဘာနှင့်အဆက်ပြတ်နေသော” ကျောရိုးမဲ့သတ္တဝါ မျိုးစိတ်သစ် ရှစ်မျိုးကို ဂူတစ်ခုအတွင်းမှ ရှာဖွေတွေ့ရှိခဲ့သည်ဟု ယုံကြည်နေကြောင်း The Jerusalem Post ကဆိုသည်။ မြေတူးစက်များဖြင့် တူးဖော်ရာတွင် အရှည်တစ်မိုင်ခွဲရှိသည့်ဂူ၏ အဝတစ်ခုကို တွေ့ရှိခဲ့ကြပြီး ယင်းအထဲတွင် မြေအောက်ရေကန်တစ်ကန်ရှိသည်။ ရှာဖွေတွေ့ရှိခဲ့သော မျိုးစိတ်သစ်များတွင် ကင်းမြီးကောက်နှင့်တူသည့် အကောင်တချို့၊ ရေငန်ခွံမာသတ္တဝါနှစ်မျိုး၊ ရေချိုခွံမာသတ္တဝါနှစ်မျိုးနှင့် ကုန်းသတ္တဝါမျိုးစိတ်လေးမျိုးတို့ ပါဝင်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ