ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၄/၀၇ စာ. ၁၇
  • ကျွန်ုပ်တို့၏ စာရှုသူများထံမှ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်တို့၏ စာရှုသူများထံမှ
  • နိုးလော့!—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့၏စာရှုသူများထံမှ
    နိုးလော့!—၂၀၀၆
  • ကျွန်ုပ်တို့၏စာရှုသူများထံမှ
    နိုးလော့!—၂၀၀၈
  • ကျွန်ုပ်တို့၏ စာရှုသူများထံမှ
    နိုးလော့!—၂၀၀၆
  • ကျွန်ုပ်တို့၏ စာရှုသူများထံမှ
    နိုးလော့!—၂၀၀၆
နိုးလော့!—၂၀၀၇
န ၄/၀၇ စာ. ၁၇

ကျွန်ုပ်တို့၏ စာရှုသူများထံမှ

လူငယ်များအမေး . . . ငါဘာကြောင့် စာဖတ်ရမလဲ။ (မေ ၂၀၀၆) ကျွန်မအသက် ၁၅ နှစ်ပါ၊ ဒီဆောင်းပါးက ကျွန်မအတွက် အလွန်အကျိုးရှိပါတယ်။ ကျွန်မ မဂ္ဂဇင်းကို ကျောင်းယူသွားတော့ ဆရာမ သတိထားမိတယ်။ စာသင်ချိန်မှာ ဆရာမက စာဖတ်တဲ့အလေ့အထအကြောင်းပြောပြီး အတန်းသားတွေကို နိုးလော့! မဂ္ဂဇင်းပြတယ်။ ဆရာမက ဒီဆောင်းပါးကို သူသိပ်ကြိုက်တဲ့အကြောင်းပြောပြီး အတန်းသားတွေကိုလည်း ဖတ်ကြဖို့ အကြံပေးတယ်။

ဒီ.အေ.ကေ.၊ ဘရာဇီး

အရင်တုန်းကဆိုရင် မဂ္ဂဇင်းထဲက ကျွန်မ စိတ်ဝင်စားတဲ့အကြောင်းအရာတွေကိုပဲ ဖတ်လေ့ရှိတယ်။ အခုတော့ စဖတ်တဲ့အချိန်မှာ သိပ်စိတ်မဝင်စားရင်တောင် ဆောင်းပါးတိုင်းကိုဖတ်ဖြစ်အောင် ကြိုးစားတယ်။ ဆောင်းပါးတိုင်းလိုလိုကို ကျွန်မနှစ်သက်တာ တွေ့ရတယ်။ ကျေးဇူးအထူးတင်ပါတယ်။

အီး.ဂျီ.၊ အမေရိကန်

ဒီနေ့လူငယ်တွေဟာ ကျွန်မငယ်စဉ်တုန်းကလိုပဲဆိုတာ သိရလို့ ဝမ်းသာတယ်။ ကျွန်မအသက် ၁၄ နှစ်မှာ နှစ်ခြင်းခံခဲ့ပြီး အခုအသက် ၄၀ ရှိပါပြီ။ ကျွန်မနှစ်ခြင်းမခံခင်ကတည်းက ကင်းမျှော်စင် ဒါမှမဟုတ် နိုးလော့! ထဲက စာမျက်နှာအတော်များများကို နေ့တိုင်းဖတ်တဲ့အကျင့်လုပ်တယ်။ ဒီအကျင့်ကြောင့် ဆောင်းပါးတွေကိုမဖတ်ဘဲ လွတ်သွားတယ်ဆိုတာမရှိတဲ့အပြင် ကျွန်မရဲ့ဝိညာဉ်ရေးကိုလည်း ထိန်းထားနိုင်တယ်။

အက်စ်.အို.၊ ဂျပန်

မိုက်ကယ်လ် စဗီးတပ်စ်—အမှန်တရားကို တစ်ကိုယ်တော်ရှာဖွေသူ (မေ၊ ၂၀၀၆ [အင်္ဂလိပ်]) ဒီဆောင်းပါးကို ဖော်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီဆောင်းပါးက ယေဟောဝါရဲ့နာမတော်ကို ဟောပြောခြင်းနဲ့ ကာကွယ်ခြင်းလုပ်ငန်းမှာ ဆက်ပါဝင်ဖို့ ကျွန်တော့်ကို အများကြီးခွန်အားပေးပါတယ်။

အမ်.အာရ်.၊ ဘရာဇီး

အများစုက စဗီးတပ်စ်ကို ဆေးပညာနယ်ပယ်မှာ အထင်ကရပုဂ္ဂိုလ်ကျော်အဖြစ်သာ သိထားကြတယ်။ ဒါပေမဲ့ ဒီဆောင်းပါးက အမှန်တရားကို စိတ်ရင်းမှန်နဲ့ ရှာဖွေတဲ့ ဒီပညာရှင်ရဲ့ အရည်အသွေးကို အခြားမှတ်သားဖွယ်ရာရှုထောင့်ကနေ ဖော်ပြပေးထားတယ်။ ဒီဆောင်းပါးကို ထုတ်ဝေပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။

အမ်.ဂျေ.၊ စပိန်

သတိပေးချက်များကို ဂရုပြုခြင်းက အကျိုးပြု (ဇွန် ၂၀၀၆) ယေဟောဝါရဲ့ မေတ္တာရှိအဖွဲ့အစည်းမှာ အဖွဲ့ဝင်ဖြစ်ရတာ တကယ်ဝမ်းသာစရာကောင်းပါတယ်။ ကက်ထရီနာဟာရီကိန်းကြောင့် အကြီးအကျယ်ပျက်စီးသွားတဲ့ ကျွန်မရဲအိမ်ကိုပြုပြင်ရာမှာ ပါဝင်ကူညီပေးကြတဲ့ ညီအစ်ကို၊ ညီအစ်မအားလုံးကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ အခုဆိုရင် ကျွန်မရဲ့အိမ်ဟာ သူတို့ရဲ့မေတ္တာတွေနဲ့ လွှမ်းခြုံနေပါတယ်။

အီး.အက်ဖ်.၊ အမေရိကန်

ပိုး—အမျှင်တို့၏ ဘုရင်မ (ဇွန် ၂၀၀၆ [အင်္ဂလိပ်]) ကျွန်မငယ်ငယ်တုန်းက ပိုးကို ဘယ်လိုထုတ်လုပ်သလဲဆိုတာ စဉ်းစားခဲ့ဖူးတယ်။ ဒီဆောင်းပါးကို နိုးလော့! မှာတွေ့လိုက်ရတော့ ကျွန်မအရမ်းပျော်သွားတယ်။ ဒီအကြောင်းကို ကျွန်မ တကယ်ကြိုက်နှစ်သက်ခဲ့ပြီး ယေဟောဝါရဲ့ ဖန်ဆင်းရာတွေကိုလည်း ပိုကျေးဇူးတင်လေးမြတ်လာတယ်။

အာ.ကေ.အယ်လ်.၊ ဘရာဇီး

မြင်းမည်းကင်ဆာ၏ သတိပေးလက္ခဏာ (နိုဝင်ဘာ ၈၊ ၂၀၀၅) ဆောင်းပါးမှာ ရောင်စုံဓာတ်ပုံနဲ့ဖော်ပြပေးထားတဲ့အတွက် ကျွန်တော့်ကိုယ်ပေါ်မှာရှိတဲ့ သံသယဖြစ်စရာ အမည်းကွက်တွေဟာ မြင်းမည်းကင်ဆာဖြစ်နိုင်မဖြစ်နိုင်ဆိုတာ စစ်ဆေးနိုင်ခဲ့တယ်။ ဒီကင်ဆာမျိုးက စောစောစီးစီးသိမယ်ဆိုရင် ခွဲစိတ်ဖယ်ရှားလို့ရတဲ့အတွက် ကျေးဇူးတင်ဖို့ကောင်းတယ်။ ဒီလက်တွေ့ကျတဲ့ အကြောင်းအရာအတွက် ယေဟောဝါကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။

ကေ.အဲန်.၊ ဂျပန်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ