ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၈/၀၇ စာ. ၂၂
  • ကျွန်ုပ်တို့၏စာရှုသူများထံမှ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်တို့၏စာရှုသူများထံမှ
  • နိုးလော့!—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကလေးတစ်ဦး၏ ယုံကြည်ချက်
    နိုးလော့!—၂၀၀၆
  • မိမိတို့ကိုယ်ကို တလိုတလား ပေးဆက်ကြသူများ—မက္ကဆီကိုနိုင်ငံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ရွှေပညတ်ဆိုတာ ဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ရွှေပညတ် ယင်းသည် လက်တွေ့ကျ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၇
န ၈/၀၇ စာ. ၂၂

ကျွန်ုပ်တို့၏စာရှုသူများထံမှ

ကလေးတစ်ဦး၏ယုံကြည်ချက် (ဩဂုတ် ၂၀၀၆) ဒတ်စ်တင်နဲ့ တခြားသေလွန်သူ သန်းပေါင်းများစွာတို့ဟာ မကြာမီရောက်လာတော့မယ့် ကမ္ဘာသစ်မှာ သူတို့ရဲ့လူငယ်ခွန်အားနဲ့ ခုန်ပေါက်ပြေးလွှားနေတာကို မြင်ရဖို့ ကျွန်မမျှော်လင့်ပါတယ်။

အေ. အေ.၊ သီရိလင်္ကာ

ဒတ်စ်တင်ရဲ့ ယုံကြည်ခြင်းနဲ့ ရဲရင့်ခြင်းက ကျွန်မအတွက် အလွန်စွဲမှတ်စရာဖြစ်ခဲ့တယ်။ သူ့ရဲ့တွေ့ ကြုံမှုက ကျွန်မဘဝမှာ အမှန်တရားဟာ ဘယ်လောက်အရေးပါတယ်ဆိုတာကို ဝေဖန်ဆန်းစစ်ဖို့နဲ့ ဦးစားထားရာတွေကို မှန်ကန်စွာသတ်မှတ်ဖို့ အကူအညီပေးခဲ့တယ်။ ယေဟောဝါနဲ့ နှစ်ကိုယ်ကြားဆက်ဆံရေးကောင်းရှိခြင်းနဲ့ ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ရှေးဦးထားခြင်းဟာ ကျွန်မရဲ့ ဦးစားထားရာတွေ ဖြစ်သင့်တယ်ဆိုတာ အခု သဘောပေါက်လာပြီ။

အမ်.ကေ.ဗွီ.၊ ဘရာဇီး

ဒတ်စ်တင်ရဲ့ စေ့ဆော်မှု၊ အမှန်တရားကိုလေးမြတ်မှုတို့ဟာ ကျွန်မနှလုံးကို ထိမိခဲ့တယ်။ သူဟာ ယေဟောဝါရဲ့မျက်နှာသာတော်ရလိုပြီး အခြားသူတွေအတွက် အမှုဆောင်လိုတယ်ဆိုတာ သူရဲ့လုပ်ဆောင်ပုံတွေက တင်ပြတယ်။ ဒတ်စ်တင်လိုပဲ ကျွန်မလည်း ‘အဆုံးတိုင်အောင်ပြေးပြီး ယုံကြည်ခြင်းတရားကို စောင့်ထိန်းချင်တယ်။’

အမ်. အဲန်.၊ ဂျပန်

ကျွန်မအသက် ခုနစ်နှစ်ပါ။ ဒီတွေ့ကြုံမှုကို ထုတ်ဝေပေးလို့ ကျေးဇူးတင်ပါတယ်။ ဒတ်စ်တင်ဟာ ကျန်းမာရေးအခြေအနေဆိုးဝါးနေတာတောင်မှ ယေဟောဝါအပေါ် အရမ်းယုံကြည်တာကို ကျွန်မစွဲမှတ်သွားတယ်။ သူ့ရဲ့ပုံသက်သေက ဘုရားသခင်အတွက် ပိုအမှုဆောင်ဖို့ ကျွန်မကို အားပေးခဲ့တယ်။

တီ. ဒီ.၊ အီတလီ

“သူတို့၏ယုံကြည်ချက်ကြောင့် ထောင်ချခံရ” (ဧပြီ ၂၀၀၆ [အင်္ဂလိပ်]) ကျွန်တော်ဟာ ယေဟောဝါသက်သေတစ်ယောက်မဟုတ်ပေမဲ့ သင်တို့အသင်းသားတွေရဲ့ ယုံကြည်ခြင်းကို မလေးစားဘဲမနေနိုင်ခဲ့ဘူး။ ဂရော့ရိုဇန်နဲ့ ဘူချင်ဝေါ ချွေးတပ်စခန်းတွေမှာ ကျွန်တော်ထောင်ကျစဉ်က သက်သေခံအတော်များများနဲ့ တွေ့ခဲ့ဖူးတယ်။ သူတို့ရဲ့ အမူအကျင့်တွေဟာ စံပြဖြစ်ပြီး သူတို့ရဲ့ဘာသာရေးယုံကြည်ချက်တွေက ထူးခြားလှတဲ့အတွက် တခြားအကျဉ်းသားတွေရဲ့ လေးစားမှုနဲ့ ချီးမွမ်းမှုကို ခံခဲ့ရကြတယ်။ အက်စ်အက်စ်စစ်သားတွေတောင် သူတို့ကို အထင်ကြီးလေးစားကြတယ်။ ယေဟောဝါသက်သေတွေကို ကျွန်တော့်အိမ်က အမြဲကြိုဆိုပါတယ်။

ပီ. ဗွီ.၊ အမေရိကန်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ