ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၉/၀၇ စာ. ၃
  • ကြေကွဲရုံမက ယုံကြည်မှုပါပျက်ခဲ့ရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေကွဲရုံမက ယုံကြည်မှုပါပျက်ခဲ့ရ
  • နိုးလော့!—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • သဘာဝဘေးအန္တရာယ်အကြောင်း ကျမ်းစာ ဘာပြောသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • အခက်ခဲဆုံး မေးခွန်း
    နိုးလော့!—၂၀၀၆
  • ဘုရားသခင် ဒဏ်ခတ်နေတာလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • သဘာဝကပ်ဘေးတွေ ဘာကြောင့် ဒီလောက်များရတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၇
န ၉/၀၇ စာ. ၃

ကြေကွဲရုံမက ယုံကြည်မှုပါပျက်ခဲ့ရ

ဆူနာမီရေလှိုင်းက မိမိနေထိုင်သည့်ကျေးရွာကို ၂၀၀၄၊ ဒီဇင်ဘာလတွင် ဖျက်ဆီးပစ်ပြီးနောက် သီရိလင်္ကာနိုင်ငံသားတစ်ဦးက “နေရာတကာမှာ အလောင်းတွေချည်းပဲ။ ကျွန်တော်တို့ရဲ့အိမ်က ဘယ်နေရာမှာ ရှိခဲ့သလဲဆိုတာ မမှတ်မိတော့ဘူး” ဟုဆိုခဲ့၏။ ဘေးဒဏ်နှင့်ပတ်သက်သည့် ဘာသာရေးဆောင်းပါးတစ်ပုဒ်တွင် သတင်းစာအယ်ဒီတာတစ်ဦးက မိမိသည် တစ်ခါတစ်ရံ “အံကြိတ်၍ဆုတောင်း” သည်ဟုဆိုခဲ့၏။

သဘာဝဘေးဒဏ်များသည် ဘုရားသခင်ဒဏ်ခတ်ခြင်းဖြစ်သည်ဟု လူများစွာက ရှုမြင်ကြသည်။ ပင်တိုင်ဆောင်းပါးရှင်တစ်ဦးက အဖျက်စွမ်းအားကြီးသော ဟာရီကိန်းမုန်တိုင်းကို “ဘုရားသခင်၏လက်သီး” ဟုဖော်ပြခဲ့၏။ အမေရိကန်နိုင်ငံတွင် ဘာသာရေးခေါင်းဆောင်တချို့က ဟာရီကိန်းကက်ထရီနာကဲ့သို့သော ဖြစ်ရပ်များကို “အပြစ်များသောမြို့များ” အပေါ်ကျရောက်သော “ဘုရားသခင့်ဒေါသ” ဟုဖော်ပြခဲ့သည်။ သီရိလင်္ကာနိုင်ငံတွင် ရန်လိုသောဘာသာဝင်များက ဆူနာမီဖြစ်ပေါ်ခြင်းသည် ခရစ်ယာန်များကြောင့်ဟု အပြစ်တင်ခဲ့ကြရာ ဘာသာရေးစိတ်ဝမ်းကွဲမှုမှာ ပိုမိုပြင်းထန်လာလေသည်။ ဘုရားကျောင်းတစ်ကျောင်းမှ လူကြီးတစ်ဦးက လူတို့သည် ကျင့်ဝတ်တရားနှင့်အညီ မနေထိုင်ကြသည့်အတွက် ရှီဘာနတ်ဘုရားက စိတ်ဆိုးခြင်းဖြစ်သည်ဟု ယုံကြည်ခဲ့၏။ သဘာဝဘေးဒဏ်များနှင့်စပ်လျဉ်း၍ အမေရိကန်နိုင်ငံမှ ဘာသာရေးခေါင်းဆောင်တစ်ဦးက “ဒီအရာတွေ ဘာကြောင့်ဖြစ်ရသလဲဆိုတာကို ကျွန်တော်တို့မသိဘူး။ ကျွန်တော်တို့ ဘာကြောင့် ဒီကမ္ဘာပေါ် ရောက်လာရသလဲဆိုတာကိုတောင် ကျွန်တော်တို့မသိဘူး” ဟုဆိုခဲ့သည်။

ပျက်စီးနေသော နေအိမ်များ၊ သက်မဲ့ကိုယ်ခန္ဓာများနှင့် ပူဆွေးသောကရောက်နေသူများကို သင်တွေ့ မြင်ရသောအခါ ‘ဒီလောက်များပြားလှတဲ့ ဆင်းရဲဝေဒနာတွေကို ဘုရားသခင် ဘာကြောင့် ခွင့်ပြုထားသလဲ’ ဟူ၍ တစ်ခါတစ်ရံ သိလိုပါသလော။ သို့မဟုတ် ‘ဒီလိုအရာတွေကို ဖြစ်ခွင့်ပြုထားတာ ဘုရားသခင်မှာ ခိုင်လုံတဲ့အကြောင်းရင်းတွေရှိပေမဲ့ အဲဒီအကြောင်းရင်းတွေကိုတော့ မဖော်ပြထားပါလား’ ဟူ၍ သင်စဉ်းစားပါသလော။ နောက်လာမည့်ဆောင်းပါးများက ဤအကြောင်းရင်းကို လေ့လာဆန်းစစ်ထားသည်။ ထို့ ပြင် သဘာဝဘေးဒဏ်ဖြစ်နိုင်ကြောင်း ကြိုတင်သတိပေးခံရသည့်အခါ သို့မဟုတ် ဖြစ်ပျက်သည့်အခါ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုအန္တရာယ်တို့ကို လျော့နည်းစေရန် လူတို့လုပ်ဆောင်နိုင်သည့် လက်တွေ့ကျခြေလှမ်းအချို့ကို ဆွေးနွေးထားပါသည်။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

ဘာသာရေးခေါင်းဆောင်များစွာသည် သဘာဝဘေးဒဏ်များကို ဘုရားသခင် အဘယ်ကြောင့်ဖြစ်ခွင့်ပြုထားကြောင်း မသိရှိကြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ