ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၃/၁၂ စာ. ၃
  • ဒေါသကြီးတဲ့ ပြဿနာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဒေါသကြီးတဲ့ ပြဿနာ
  • နိုးလော့!—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဒေါသနဲ့ပတ်သက်ပြီး ကျမ်းစာ ဘာဆိုထားသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ဘာကြောင့် ဒီလောက် ဒေါသကြီးနေကြတာလဲ
    နိုးလော့!—၂၀၁၂
  • ဒေါသကို ထိန်းချုပ်နိုင်ပုံ
    နိုးလော့!—၂၀၁၂
  • အမျက်ဒေါသကြောင့်ထိမိ၍အလဲမခံပါနှင့်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၂
န ၃/၁၂ စာ. ၃

ဒေါသကြီးတဲ့ ပြဿနာ

အမြန်ရအစားအစာရောင်းတဲ့ဆိုင်မှာ အသားညှပ်ပေါင်မုန့်ကို လှမ်းမှာတဲ့ လူတစ်ယောက်က စောင့်ရတာကြာတယ်လို့ ခံစားရပြီး ဒေါသထွက်လာတယ်။ ဒါနဲ့ ဆိုင်ထဲဝင်သွားပြီး အလုပ်သမားကို ကြိမ်းမောင်း၊ ဆောင့်တွန်း၊ ရိုက်ပုတ်၊ အဲဒီနောက် အထုတ်ကိုဆွဲယူပြီး ဆိုင်ထဲကနေ ထွက်လာခဲ့တယ်။

လူတိုင်း တစ်ခါတလေဒေါသထွက်တတ်ကြပါတယ်။ ဒေါသထွက်တယ်ဆိုတာ ချစ်ခြင်း၊ မျှော်လင့်ခြင်း၊ စိုးရိမ်ခြင်း၊ ဝမ်းနည်းခြင်းနဲ့ ကြောက်ရွံ့ခြင်းတွေလို ကျွန်ုပ်တို့ရဲ့ စိတ်ခံစားချက်တစ်ခုပါပဲ။ ထိန်းချုပ်နိုင်တဲ့ဒေါသကို သင့်လျော်စွာ ဖော်ထုတ်ပြနိုင်ပြီး အဲဒါက အကျိုးပြုနိုင်တယ်။ ဥပမာ၊ အခက်အခဲ၊ ပြဿနာတစ်ခုခုကို ကျော်လွှားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ဒေါသကြောင့် ပိုခိုင်မာလာနိုင်တယ်။

ဒါပေမဲ့ အပေါ်မှာဖော်ပြထားတဲ့ အဖြစ်အပျက်လိုမျိုးကတော့ အန္တရာယ်ရှိတယ်။ တချို့သူတွေက တခြားသူတွေထက် ပိုပြီးလွယ်လွယ်ကူကူနဲ့ ပိုပြီးမကြာခဏ ဒေါသထွက်တတ်ကြတဲ့အပြင် ပိုဒေါသကြီးတတ်တယ်။ ဒေါသဆွခံရတဲ့အခါ ရုတ်တရက် စကားနဲ့ဖြစ်ဖြစ်၊ ကိုယ်ထိလက်ရောက်ဖြစ်ဖြစ် တုံ့ပြန်တတ်တယ်။ သူတို့က ဒေါသကိုထိန်းချုပ်သင့်ပေမဲ့ ဒေါသက သူတို့ကို ပြန်ထိန်းချုပ်သွားတာဖြစ်တယ်။ အဲဒီလိုမထိန်းချုပ်နိုင်တဲ့ဒေါသဟာ ထိခိုက်နာကျင်မှုတွေဖြစ်စေလို့ အဲဒီလိုဒေါသမျိုးကို “ပြဿနာဖြစ်စေတဲ့ဒေါသ” လို့ တချို့ခေါ်ဆိုကြတယ်။a

ဒေါသကြီးတဲ့ ပြဿနာရှိသူတွေက သူတို့ကိုယ်သူတို့သာမက ပတ်ဝန်းကျင်ကလူတွေကိုပါ ဝမ်းနည်းစေတယ်။ အဲဒီလိုလူတွေအတွက် အမိုက်ကစ ပြာသာဒ်မီးလောင်ဆိုသလို ဘာမဟုတ်တဲ့အရာကနေ ဝမ်းနည်းဖွယ်နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်ပေါ်စေတယ်။ ဥပမာတချို့ကို ကြည့်ကြရအောင်–

လူတစ်ယောက်က မိတ်ဆွေတွေနဲ့အတူ အုပ်စုလိုက်လမ်းလျှောက်နေချိန်မှာ လည်ပင်းကိုသေနတ်နဲ့ အပစ်ခံလိုက်ရတယ်။ ဘာကြောင့်လဲဆိုရင် သူ့ရဲ့သူငယ်ချင်းက လူတစ်ယောက်ကို အိတ်နဲ့မတော်တဆတိုက်မိလိုက်လို့ဖြစ်တယ်။

အသက် ၁၉ နှစ်အရွယ်လူငယ်တစ်ယောက်က ၁၁ လသားကလေးငယ်တစ်ယောက်ကို ရိုက်သတ်လိုက်တယ်။ အကြောင်းက သူ အကြမ်းဖက်ဗီဒီယိုဂိမ်း ကစားနေချိန်မှာ ကလေးငယ်က ဂိမ်းစက်ကို ထိမိလိုက်တဲ့အခါ သူရှုံးသွားလို့ဖြစ်တယ်။

အဲဒီလိုဖြစ်ရပ်မျိုးတွေကို ကမ္ဘာတစ်ဝန်းလုံးမှာတွေ့နေရတာက ဒေါသကြီးတဲ့ ပြဿနာရှိသူတွေ တိုးများလာနေတယ်ဆိုတာ ပြနေတယ်။ ဘာကြောင့် ဒီလောက်တိုးများလာတာလဲ။

[အောက်ခြေမှတ်ချက်]

a လူတစ်ယောက်က သူ့ဒေါသကို ကိုင်တွယ်ဖြေရှင်းတဲ့အခါ သူ့ရဲ့အတွေးအခေါ်၊ ခံစားချက်၊ အပြုအမူနဲ့ လူမှုပေါင်းသင်းဆက်ဆံရေးကို အမြဲတမ်းလိုလိုအခက်တွေ့စေတယ်ဆိုရင် ဒါဟာ “ပြဿနာဖြစ်စေတဲ့ဒေါသ” လို့ခေါ်တယ်ဆိုပြီး စာစောင်တစ်စောင် မှာဖော်ပြထားတယ်။—Boiling Point—Problem Anger and What We Can Do About It

[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်]

ဒေါသဆိုတာ ကျွန်ုပ်တို့ရဲ့ သာမန်ခံစားချက် တစ်ခုပါပဲ။ ထိန်းချုပ်နိုင်တဲ့ဒေါသကို ထုတ်ဖော်ပြသသင့်တဲ့အချိန်တွေ ရှိနိုင်ပါတယ်။ ဒီဆောင်းပါးတွေမှာတော့ ကျွန်ုပ်တို့ကိုယ်တိုင်နဲ့ အခြားသူတွေကို စိတ်ပိုင်း၊ ကာယပိုင်း ထိခိုက်နစ်နာစေတဲ့အပြင် ဘုရားသခင့် မျက်နှာသာကိုပါ ဆုံးရှုံးစေတဲ့ အကျိုးမပြုတဲ့ ဒေါသအကြောင်းကို ဆွေးနွေးထားပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ