ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၆/၁၂ စာ. ၃
  • သင့်အစားအစာက ဘေးကင်းရဲ့လား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်အစားအစာက ဘေးကင်းရဲ့လား
  • နိုးလော့!—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာ မကြာခင် လူတိုင်းစားရတော့မယ်
    နိုးလော့!—၂၀၁၂
  • အစားအစာကို ပို၍စိတ်ချရအောင် လုပ်ဆောင်နည်းများ
    နိုးလော့!—၂၀၀၂
  • နမူနာတင်ဆက်နည်းများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
  • မာတိကာ
    နိုးလော့!—၂၀၀၂
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၂
န ၆/၁၂ စာ. ၃

သင့်အစားအစာက ဘေးကင်းရဲ့လား

“အီး.ကိုလီပိုး ကူးစက်မှာကြောက်တဲ့အတွက် ဂျာမနီမှာ ကျောင်းတွေကိုပိတ်ထား။”—REUTERS NEWS SERVICE, GERMANY

“ပဲပင်ပေါက်ကြောင့်ဖြစ်တဲ့ ပါရာတိုက်ဖွိုက်အဖျားရောဂါ ပြည်နယ်ငါးခုမှာဖြစ်ပွား။”—USA TODAY

“ရေဒီယိုသတ္တိကြွဓာတ်ပစ္စည်းသင့် ကောက်ရိုးစားမိတဲ့ နွားခြောက်ကောင်ရဲ့အသားတွေ ပြည်နယ် ၉ ခုသို့ရောက်ရှိ။”—THE MAINICHI DAILY NEWS, JAPAN

အထက်ပါသတင်းခေါင်းစီးတွေကို လွန်ခဲ့တဲ့နှစ်၊ ရက်သတ္တပတ်နှစ်ပတ်အတွင်းမှာ တွေ့ခဲ့ရတာဖြစ်တယ်။ နှစ်စဉ်နှစ်တိုင်း ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာရှိသူ ၃၀ ရာခိုင်နှုန်းခန့်ဟာ အစာအဆိပ်သင့်မှုကို ခံစားရကြောင်း သုတေသီတွေခန့်မှန်းကြတယ်။

ဒီသတင်းတွေကြားတဲ့အခါ သင်ဘယ်လို ခံစားရသလဲ။ “ကျွန်တော် စိတ်ပူသွားပြီး စိတ်တောင်ဆိုးမိတယ်။ ကျွန်တော့်မှာ ကလေးနှစ်ယောက်ရှိတဲ့အတွက် သူတို့စားတဲ့အစားအစာတွေ ဘယ်ကနေလာတယ်၊ ဘယ်လိုစီမံထားတယ်ဆိုတာ စိုးရိမ်လာတယ်” ဆိုပြီး ဟောင်ကောင်က ဖခင်တစ်ဦးဖြစ်သူ ဟွမ်ကပြောတယ်။

ဆင်းရဲတဲ့နိုင်ငံတွေမှာ နှစ်စဉ် ကလေးငယ်အများစုပါဝင်တဲ့ သန်းနဲ့ချီတဲ့သူတွေဟာ အစားအစာနဲ့ ရေကြောင့် ရောဂါဖြစ်ပြီး သေဆုံးကြရတယ်။ နိုင်ဂျီးရီးယားမှာနေထိုင်သူ ဘိုလာက ခုလိုပြောတယ်– “ဈေးတွေမှာ အစားအစာတွေကို ယင်ကောင်တွေနား၊ မိုးထဲ၊ လေထဲ၊ ဖုန်ထဲမှာ ဒီအတိုင်းပဲထားကြတယ်။ အစားအစာကြောင့်ရောဂါဖြစ်တယ်ဆိုတဲ့ သတင်းကို ဖတ်မိ၊ ကြားမိတဲ့အခါ ကျွန်မကြောက်လာတယ်။ ကျွန်မရဲ့မိသားစုကို ကာကွယ်ပေးချင်တယ်။”

အစားအစာအဆိပ်သင့်မှုမဖြစ်အောင် သင့်မိသားစုကို ကာကွယ်နိုင်မလား။ ကနေဒါနိုင်ငံ အစားအစာစစ်ဆေးမှုအဖွဲ့က ဒီလိုဆိုတယ်– “အန္တရာယ်မကင်းတဲ့အစားအစာတွေ ဆိုင်ပေါ်ရောက်လာပြီဆိုရင် သတင်းခေါင်းစီးဖြစ်တော့တာပဲ။ ဖြစ်တော့လည်းဖြစ်သင့်ပါတယ်။ ဒါပေမဲ့ အစာအဆိပ်သင့်မှုဖြစ်နိုင်တဲ့အန္တရာယ်ဟာ မီးဖိုချောင်မှာ ကျွန်ုပ်တို့လုပ်တဲ့အရာ၊ မလုပ်တဲ့အရာကြောင့်လည်း ဖြစ်နိုင်တယ်။”

သင့်မိသားစုကို အစာအဆိပ်သင့်မှုမဖြစ်အောင် ဘယ်လိုကာကွယ်နိုင်သလဲ။ သင့်ရဲ့အစားအစာကို ပိုဘေးကင်းအောင်လုပ်ဆောင်နိုင်တဲ့ နည်းလေးနည်းကို သုံးသပ်ကြပါမယ်။

[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်]

ဘယ်သူတွေ ထိခိုက်နိုင်သလဲ

အစာအဆိပ်သင့်မှု ပိုဖြစ်နိုင်ခြေရှိသူတချို့ကို အောက်မှာဖော်ပြထားပါတယ်–

● အသက်ငါးနှစ်အောက် ကလေးတွေ

● ကိုယ်ဝန်ဆောင်တွေ

● အသက် ၇၀ ကျော်သူတွေ

● ကိုယ်ခံအားစနစ် အားနည်းနေသူတွေ

သင် ဒါမှမဟုတ် သင်နဲ့အတူစားသောက်သူ တစ်ယောက်ယောက်က အထက်ဖော်ပြပါ အမျိုးအစားထဲက တစ်ခုခုဖြစ်နေမယ်ဆိုရင် သင်ပြင်ဆင်ချက်ပြုတ်ပြီး စားသောက်တဲ့ အစားအစာတွေကို အထူးသတိပြုသင့်တယ်။

[Credit Line]

Source: New South Wales Food Authority, Australia.

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ