ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၆/၁၂ စာ. ၂၉
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
  • နိုးလော့!—၂၀၁၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာပေါ်မှာ မျိုးစိတ် ဘယ်လောက်များများရှိသလဲ
  • ဂြိုဟ်တုနဲ့ ရှေးဟောင်းသုတေသနလုပ်ခြင်း
  • ကမ္ဘာ့မျိုးစိတ်များကို ကယ်တင်နိုင်မည်လော
    နိုးလော့!—၂၀၀၂
  • ဆင့်ကဲဖြစ်စဉ်—ဒဏ္ဍာရီနှင့် အဖြစ်မှန်
    သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
    နိုးလော့!—၂၀၀၁
  • ဥရောပ သစ်ခွရှာပုံတော်
    နိုးလော့!—၁၉၉၆
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၂
န ၆/၁၂ စာ. ၂၉

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့လူဦးရေက “၁၉၉၉ ခုနှစ်မှာ သန်းပေါင်း ၆ ထောင်ကနေ” ၂၀၁၁ ခုနှစ်ကုန်ခါနီးမှာ သန်းပေါင်း ၇ ထောင်ကျော်သွားပြီဖြစ်တယ်။—HARVARD SCHOOL OF PUBLIC HEALTH, U.S.A.

“ယေဘုယျအားဖြင့် [အင်္ဂလန်နိုင်ငံ] လူဦးရေရဲ့ ၅၈.၈% က ဆက်သွယ်ရေးပစ္စည်းတွေအားလုံး ဖြတ်တောက်ထားတဲ့ နည်းပညာကင်းလွတ်ချိန် ရှိမယ်ဆိုရင် သူတို့ရဲ့မိသားစုအတွက် ကောင်းကျိုးဖြစ်ထွန်းစေမယ်လို့ ခံစားကြရတယ်။ . . . လူသုံးယောက်မှာတစ်ယောက်က ဆက်သွယ်ရေးနည်းပညာကနေ လွတ်ကင်းဖို့ လိုအပ်တယ်လို့ ခံစားနေကြတယ်။”—UNIVERSITY OF CAMBRIDGE, BRITAIN.

“၁၉၇၆ ခုနှစ်ကနေစပြီး သမ္မတရွေးကောက်မယ့်နှစ်မရောက်ခင်မှာ အမေရိကန် ကက်သလစ်ဘိရှော့တွေက ကိုယ့်ဘာသာရေးယုံကြည်ချက်နဲ့ကိုက်ညီတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို ရွေးချယ်နိုင်အောင် ကက်သလစ်အသင်းသားတွေကိုကူညီဖို့အတွက် . . . ကြေညာချက်ထုတ်ပြန်လေ့ရှိတယ်။”—FORDHAM UNIVERSITY

“ပြစ်မှုကျူးလွန်သူ အလုံအလောက်ရှိမယ်ဆိုရင် လမ်းပေါ် ဆူပူအုံကြွမှုတွေကို လုပ်နိုင်ကြတယ်။ . . . ကိုယ်ကျင့်တရားကင်းမဲ့မှုကို ဗြိတိန်နိုင်ငံရဲ့ လူငယ်အနည်းစုမှာသာ တွေ့ရတာဖြစ်ပေမဲ့ အဲဒီအနည်းစုက နိုင်ငံအတွင်း အကြမ်းဖက်မှုတွေလုပ်ဆောင်နိုင်တယ်၊ နိုင်ငံ့သိက္ခာကို ကျစေနိုင်တယ်။”—THE ECONOMIST, BRITAIN.

ကမ္ဘာပေါ်မှာ မျိုးစိတ် ဘယ်လောက်များများရှိသလဲ

“ကမ္ဘာပေါ်မှာ မျိုးစိတ် ဘယ်လောက်များများရှိသလဲဆိုတာ အခုထက်ထိ အသေအချာ မသိရသေးဘူး၊ ဒီအချက်က ကမ္ဘာ့သက်ရှိတွေနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ သိထားတဲ့အသိပညာမှာ ကြီးမားတဲ့လိုအပ်ချက်ရှိနေသေးတယ်ဆိုတာ ဖော်ပြနေတယ်” လို့ သိပ္ပံပညာရှင်တစ်စုကပြောပြီး သူတို့တွေရဲ့ သုတေသနပြုမှုတွေကို ဂျာနယ်တစ်စောင်မှာ ဖော်ပြထားတယ်။ (PLoS Biology) သက်ရှိမျိုးစိတ်ပေါင်းဟာ ၇.၅ သန်းကနေ ၁၀ သန်းအထိရှိနိုင်တယ်လို့ သူတို့ခန့်မှန်းကြပေမဲ့ တခြားပညာရှင်တွေက ၃ သန်းကနေ သန်း ၁၀၀ အထိရှိနိုင်တယ်လို့ ဆိုကြတယ်။ လောလောဆယ်အထိတော့ မျိုးစိတ်ပေါင်း ၁.၂ သန်းလောက်ကို ခွဲခြားစာရင်းပြုစုထားပြီး လက်ရှိနှုန်းနဲ့ဆက်သွားမယ်ဆိုရင် ကျန်တဲ့မျိုးစိတ်တွေကို စာရင်းပြုစုဖို့ နှစ်ပေါင်း ၁,၀၀၀ လောက် ကြာနိုင်တယ်။ “ဒီလိုကြာနေတဲ့အတွက် တချို့မျိုးစိတ်တွေက ကျွန်ုပ်တို့ မသိခင် ကွယ်ပျောက်သွားနိုင်တယ်” ဆိုပြီး သုတေသီတွေက ဆိုတယ်။

ဂြိုဟ်တုနဲ့ ရှေးဟောင်းသုတေသနလုပ်ခြင်း

ရှေးဟောင်းသုတေသီတွေက သူတို့စိတ်ဝင်စားတဲ့နေရာတွေကို ရှာဖွေဖို့အတွက် နည်းလမ်းသစ်ကို သုံးနေကြတယ်။ အနီအောက်ရောင်ခြည်သုံးပြီး ဂြိုဟ်တုကနေရိုက်ယူထားတဲ့ အရည်အသွေးကောင်းတဲ့ဓာတ်ပုံတွေမှာ နေရာအပျက်အယွင်းတွေကို ဆော့ဖ်ဝဲအကူအညီနဲ့ လိုက်ရှာကြတယ်။ ဥပမာ၊ အီဂျစ်နိုင်ငံရဲ့အထက် မိုင် ၄၄၀ ကနေ ရိုက်ယူထားတဲ့ဓာတ်ပုံက အရင်ကမတွေ့ရှိသေးတဲ့ ပိရမစ် ၁၇ ခု၊ ရှေးခေတ်သင်္ချိုင်းဂူ ၁,၀၀၀ နဲ့ လူတွေနေထိုင်ခဲ့တဲ့နေရာ ၃,၀၀၀ လောက်ကို ဖော်ပြခဲ့တယ်။ အနီအောက်ရောင်ခြည်က မြေကြီးကိုဖောက်နိုင်တာကြောင့် ဒီနည်းပညာက မြေအောက်နစ်မြုပ်နေတဲ့အရာတွေကို ဖော်ထုတ်နိုင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ