ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁/၁၃ စာ. ၃
  • ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ် အကဲခတ်
  • နိုးလော့!—၂၀၁၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မက္ကဆီကို ပင်လယ်ကွေ့
  • ရုရှား
  • ပီရူး
  • အီတလီ
  • တောင်အာဖရိက
  • ရေနံဂုဏ်သတ္တိကို ဖြိုခွဲပေးတဲ့ သက်ရှိငယ်လေးများ
    နိုးလော့!—၂၀၁၅
  • အာဖရိကနဲ့ပတ်သက်ပြီး သတိပြုမိရာ
    နိုးလော့!—၂၀၁၅
နိုးလော့!—၂၀၁၃
န ၁/၁၃ စာ. ၃

ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

မက္ကဆီကို ပင်လယ်ကွေ့

၂၀၁၀၊ ဧပြီလမှာ ရေနံတူးစင် မတော်တဆဖြစ်မှုကြောင့် ရေနံနဲ့ ဓာတ်ငွေ့ပမာဏများစွာ ပင်လယ်ထဲပန်းထွက်နေတာ သုံးလလောက်ကြာခဲ့တယ်။ အဲဒီနောက်ပိုင်း နှစ်လခွဲ အကြာမှာ ပတ်ဝန်းကျင်ညစ်ညမ်းစေတဲ့ ဓာတုပစ္စည်းတချို့ မရှိတော့တာကို သုတေသီတစ်ဖွဲ့က တွေ့ ရှိခဲ့တယ်။ ဘက်တီးရီးယားတစ်မျိုးက အဲဒီဓာတုပစ္စည်းတွေကို ချေဖျက်လိုက်တယ်လို့ သူတို့ယူဆကြတယ်။ တချို့ပညာရှင်တွေကတော့ ဒီအချက်ကို သံသယဝင်ပြီး ရေနံအများစုက သမုဒ္ဒရာကြမ်းပြင်ကို နစ်မြုပ်သွားတယ်လို့ ယုံကြည်ကြတယ်။

ရုရှား

စစ်တမ်းတစ်ခုအရ ရုရှားနိုင်ငံက အသက် ၁၈ နှစ် ကနေ ၃၅ နှစ်ရှိ ရုရှားနိုင်ငံသား ၅၉ ရာခိုင်နှုန်း ဟာ “ဘဝမှာ အောင်မြင်မှုရဖို့အတွက် ကိုယ်ကျင့်တရားစံနှုန်းတွေကို ခဏဘေးဖယ်ထားဖို့ လိုအပ်တဲ့အချိန်ရှိတယ်” လို့ လက်ခံထားကြတယ်။

ပီရူး

တွေ့ရှိခဲ့သမျှထဲမှာ ရှေးအကျဆုံး ပြောင်းဖူးရိုးတွေ(အထက်မှာဖော်ပြထားတဲ့ ပြောင်းဖူးရိုးလိုမျိုး)ကို ပီရူးနိုင်ငံမှာတွေ့ရှိခဲ့ပြီး အနည်းဆုံးလွန်ခဲ့တဲ့အနှစ် ၃,၀၀၀ လောက်က ပီရူးနိုင်ငံမြောက်ပိုင်းမှာနေထိုင်ခဲ့သူတွေဟာ ပြောင်းဖူးပေါက်ပေါက်နဲ့ ပြောင်းဖူးမှုန့်တွေ လုပ်ခဲ့ကြပုံရှိတယ်။

အီတလီ

အန်ဒရာ-ရိုဗီကို က ကက်သလစ် ဘုန်းတော်ကြီး လူစီယို ဆိုရာဗိုတို ဒီ ဖရန်စီချီက ဘာသာရေးသတင်းစကားကို “လူတစ်ယောက်ချင်းစီကို တိုက်ရိုက်” ဟောပြောသင့်တယ်လို့ ယူဆတယ်။ သူဒီလိုလည်းပြောတယ်– “ကျွန်တော်တို့ ဘုန်းကြီးတွေက ချာ့ချ်ခေါင်းလောင်းကိုမဟုတ်ဘဲ တံခါးခေါင်းလောင်းတီးသင့်တာ။”

တောင်အာဖရိက

ဆေးအတွက်အသုံးပြုတဲ့ ကြံ့ချိုရဲ့ မှောင်ခိုဈေးနှုန်းက တစ်ကီလိုဂရမ်ကို အမေရိကန် ဒေါ်လာ ၆၅,၀၀၀ အထိရှိတယ်။ ၂၀၁၁ ခုနှစ်မှာ တောင်အာဖရိကတစ်နိုင်ငံတည်းမှာပဲ တရားမဝင်အမဲလိုက်သူတွေကြောင့် ကြံ့ပေါင်း ၄၄၈ ကောင်အသတ်ခံရတယ်။ ဥရောပမှာရှိတဲ့ ပြတိုက်တွေ၊ လေလံပွဲတွေမှာ ကြံ့ချိုကို လူဆိုးတွေက အုပ်စုလိုက် အကြမ်းဖက် ဝင်ရောက်ရှာဖွေကြတယ်။ ဥရောပ တိရစ္ဆာန်ရုံမှာရှိတဲ့ ကြံ့တွေတောင် အန္တရာယ်ရှိနေတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ