ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၂/၁၄ စာ. ၁၄-၁၅
  • ဆယ်ကျော်သက်သမီးတွေ ဖိစီးမှုများတဲ့အခါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆယ်ကျော်သက်သမီးတွေ ဖိစီးမှုများတဲ့အခါ
  • နိုးလော့!—၂၀၁၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အခက်အခဲ
  • ဖိစီးမှုကို မည်သို့ ထိန်းချုပ်နိုင်ပုံ
    နိုးလော့!—၂၀၁၀
  • ကျောင်းမှာဖိစီးမှုကြုံရင် ဘယ်လိုဖြေရှင်းရမလဲ
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • စိတ်ဖိစီးမှုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ
    နိုးလော့!—၂၀၂၀
  • ကျောင်းကဖိစီးမှုကို ငါ ဘယ်လို ကိုင်တွယ်ရမလဲ
    နိုးလော့!—၂၀၀၈
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၄
န ၂/၁၄ စာ. ၁၄-၁၅
စိတ်ဖိစီးနေတဲ့ ဆယ်ကျော်သက်သမီးကို မိခင်က နှစ်သိမ့်ပေးနေ

မိသားစုတွေအတွက် အကူအညီ | သားသမီးတွေကို ပြုစုပျိုးထောင်ခြင်း

ဆယ်ကျော်သက်သမီးတွေ ဖိစီးမှုများတဲ့အခါ

အခက်အခဲ

ဆယ်ကျော်သက်အရွယ်သမီး စိတ်ဖိစီးမှု ခံစားနေရတာကို မိခင်သတိထားမိ

ဆယ့်သုံးနှစ်ပဲရှိသေးတဲ့ သမီးက ဖိစီးမှုတွေများနေတယ်လို့ ပြောလာတယ်။ ‘ငယ်ငယ်လေးပဲရှိသေးတာ၊ ဘယ်လိုလုပ်ပြီး ဖိစီးမှုရှိလာရတာလဲ’ လို့ သင့်ကိုယ်သင် မယုံနိုင်စွာ မေးမိနိုင်တယ်။ သင့်သမီးကို အဲဒီလိုမပြောခင် ဆယ်ကျော်သက်မိန်းကလေးတစ်ဦး မခံမရပ်နိုင်အောင် ဖိစီးမှုတွေကြုံရတဲ့ အကြောင်းရင်းတချို့ကို သုံးသပ်ကြည့်ပါ။

ဖြစ်ရတဲ့အကြောင်းရင်း

ခန္ဓာကိုယ် အပြောင်းအလဲ– မိန်းကလေးတစ်ဦး အပျိုဖော်ဝင်လာချိန်မှာ ရုတ်တရက်ထွားလာတာက ဖိစီးမှုဖြစ်စေပါတယ်။ အပျိုဖော်ဝင်တာဟာ ရွယ်တူချင်းတွေထက် နောက်ကျတာတို့၊ စောတာတို့ ဖြစ်ရင် ပိုဆိုးနိုင်တယ်။ “ကျွန်မဟာ သူငယ်ချင်းတွေကြားမှာ ပထမဆုံး ဘော်လီဝတ်ရတဲ့သူ ဖြစ်တယ်။ အဲဒါက တော်တော်လေး နေရထိုင်ရခက်တယ်။ ကျွန်မရဲ့ သူငယ်ချင်းတွေနဲ့ယှဉ်လိုက်ရင် ကျွန်မက လူထူးလူဆန်းကြီးဖြစ်နေတယ်” ဆိုပြီး အခုအသက်နှစ်ဆယ်ရှိပြီဖြစ်တဲ့ ငြိမ်းငြိမ်းa ကပြောတယ်။

စိတ်ပိုင်းဆိုင်းရာ အပြောင်းအလဲ– အခု အသက် ၁၇ နှစ် ရှိပြီဖြစ်တဲ့ ဝင်းဝင်း က ဒီလိုပြန်ပြောပြတယ်– “ကျွန်မက နေ့ဘက်ဆိုရင် ပျော်လို့၊ ညဘက်ဆိုရင်တော့ မျက်လုံးတွေဖောင်းအစ်တဲ့အထိ ငိုနေရတယ်။ ကျွန်မကိုယ်ကျွန်မ ဘာဖြစ်နေမှန်းမသိဘူး။ ကိုယ့်စိတ်ကိုကိုယ် မထိန်းနိုင်တော့သလိုပဲ။ အရမ်းစိတ်ညစ်တယ်။”

ဓမ္မတာစလာချိန်– “ဘာတွေဖြစ်ပျက်လာမယ်ဆိုတာကို ကျွန်မအမေက ကြိုပြောထားပေမဲ့လည်း တကယ်ကြုံလာတဲ့အချိန်မှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ခဲ့ရတယ်။ တစ်နေ့ထဲမှာပဲ ခဏခဏ ရေချိုးနေတော့တယ်။ ကိုယ့်ကိုယ်ကိုယ် ညစ်ပတ်နေတယ်လို့ ခံစားရလို့လေ။ အစ်ကိုသုံးယောက်ကလည်း မစာမနာ နောက်ကြတယ်။ နောက်စရာလို့ ထင်နေကြလားမသိဘူး” ဆိုပြီး မေသူက ပြန်ပြောပြတယ်။

အပေါင်းအသင်းဖိအား– “သူငယ်ချင်းများများရှိဖို့ အရေးကြီးတယ်လို့ သတ်မှတ်ကြပြီး၊ ဘယ်သူမှ ကိုယ့်ကို အပေါင်းအသင်းမလုပ်ရင် စိတ်ထိခိုက်တယ်” လို့ ၁၄ နှစ်သမီး နီလာက ပြောပြတယ်။ နီလာပြောတာကို ၁၈ နှစ်အရွယ် ဆုမွန်ကလည်း ထောက်ခံတယ်။ “ကျွန်မ အသက် ၁၂ နှစ်၊ ၁၄ နှစ် တုန်းကဆိုရင် သူငယ်ချင်းတွေရဲ့ ဖိအားကို အရမ်းခံခဲ့ရတယ်။ ကျောင်းကသူတွေက သူတို့လုပ်သလို လိုက်မလုပ်တဲ့သူတွေကိုဆိုရင် ကောင်းကောင်း မဆက်ဆံကြဘူး။”

လုပ်ဆောင်နိုင်ရာ

စိတ်ဖိစီးရတဲ့ အကြောင်းရင်းကို ပြောလာအောင် အားပေးပါ။ အစပိုင်းမှာတော့ ပြောဖို့ တွန့်ဆုတ်ပါလိမ့်မယ်။ ဒါပေမဲ့ စိတ်ရှည်ပါ။ ‘နားထောင်ခြင်း၌ လျင်မြန်ရမည်။ စကားပြောခြင်း၌ နှေးရမည်’ ဆိုတဲ့ ကျမ်းစာသွန်သင်ချက်ကို လိုက်နာပါ။—ယာကုပ် ၁:၁၉။

ပေါ့ပေါ့တန်တန် သဘောမထားပေးပါနဲ့။ မိဘတွေလို ကလေးတွေမှာ ဘဝအတွေ့အကြုံ အများကြီးမရှိဘူးဆိုတာ သတိရပါ။ ဒါကြောင့် ကိုယ့်အမြင်မှာတော့ ဘာမှမဟုတ်ပေမဲ့ သူတို့အတွက်တော့ ဖိစီးမှုအကြီးကြီး ဖြစ်နေနိုင်တယ်။ —ကျမ်းစာအကြံပေးချက်– ရောမ ၁၅:၁။

ကျောင်းချိန်ပြင်ပ ဖိစီးမှုတွေကြောင့် ဝန်ပိစေတာမျိုး မဖြစ်စေပါနဲ့။ စာအုပ်တစ်အုပ် (Teach Your Children Well) အရ လုပ်စရာတွေ အဆမတန်များနေတဲ့ လူငယ်တွေမှာ “ခေါင်းကိုက်တာ၊ ဗိုက်အောင့်တာ စတဲ့ ဖိစီးမှု လက္ခဏာတွေ ဖြစ်တတ်တယ်။”—ကျမ်းစာအကြံပြုချက်– ဖိလိပ္ပိ ၁:၉၊ ၁၀။

ကောင်းကောင်း အိပ်စက်အနားယူစေပါ။ ဆယ်ကျော်သက်အများစုက အိပ်ချိန်ကို ဂရုစိုက်လေ့မရှိကြဘူး။ အိပ်ရေးမဝဘူးဆိုရင် စဉ်းစားနိုင်စွမ်းတွေ ဆုတ်ယုတ်လာမယ်၊ ဖိစီးမှုကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း ကျဆင်းလာမယ်။ —ကျမ်းစာအကြံပြုချက်– ဒေသနာ ၄:၆။

ဖိစီးမှုတွေ ပြေလျော့စေဖို့ ကူညီပေးပါ။ လေ့ကျင့်ခန်းလုပ်တာက တချို့ မိန်းကလေးတွေအတွက် ဖိစီးမှုတွေ လျော့ကျစေပါတယ်။ ‘ကိုယ်ကာယလေ့ကျင့်မှုသည် အကျိုးရှိ၏’ လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ တိမောသေ ၄:၈) ဖိစီးမှုတွေကို စာအုပ်ထဲမှာ ချရေးလိုက်တာကလည်း ဖိစီးမှုကို လျော့ပါးစေတယ်။ “ကျွန်မ ငယ်ငယ်တုန်းကဆိုရင် ကိုယ်မဖြေရှင်းနိုင်တဲ့အရာတွေကို ချရေးလိုက်တယ်။ အဲဒါက အဲဒီပြဿနာကို အရှိကိုအရှိအတိုင်းမြင်အောင် ကူညီပေးတယ်။ ဒါနဲ့ ဖြေရှင်းဖို့ ပိုလွယ်ကူသွားတယ်၊ ဒါမှမဟုတ် ဒီအတိုင်းထားလိုက်တယ်” လို့ အသက် ၂၂ နှစ် ရှိပြီဖြစ်တဲ့ ကေသွယ်က ပြန်ပြောပြတယ်။

စံနမူနာပြပါ။ မိဘအနေနဲ့ ဖိစီးမှုတွေကို ဘယ်လိုဖြေရှင်းနေသလဲ။ ကိုယ်မလုပ်နိုင်တာကို မနိုင်မနင်းလုပ်ပြီး ခြေကုန်လက်ပန်းကျ ဖြစ်နေသလား။ “သင်တို့၏ အကျိုးသင့်အကြောင်းသင့်သဘောကို လူအပေါင်းတို့ရှေ့တွင် ထင်ရှားစေကြလော့” လို့ ဖိလိပ္ပိ ၄:၅ မှာ ဖော်ပြထားပါတယ်။ သင့်ရဲ့ ဆယ်ကျော်သက်သမီးက မိဘကောင်းတာပဲလုပ်လုပ်၊ ဆိုးတာပဲလုပ်လုပ် စောင့်ကြည့်နေပြီး အတုခိုးတယ်ဆိုတာ သတိရပါ။

a ဒီဆောင်းပါးမှာ နာမည်တွေကို ပြောင်းထားပါတယ်။

အဓိကကျမ်းချက်များ

  • “အားနည်းနေသောသူတို့ကို ကူညီဖေးမရမည်။”—ရောမ ၁၅:၁၊ နားလည်လွယ်သော ခေတ်သုံးမြန်မာကျမ်း။

  • ‘သာ၍အရေးကြီးသောအရာများကို သေချာစွာ သိစေပါ။’—ဖိလိပ္ပိ ၁:၉၊ ၁၀။

  • “အနည်းငယ်သောပစ္စည်းဥစ္စာနှင့် စိတ်အေးချမ်းသာစွာ နေထိုင်ရခြင်းသည် လက်နှစ်ဖက်ဖြင့်အလုပ်များလျက် လေကိုလိုက်လံဖမ်းဆီးရခြင်းထက် ပို၍ကောင်း၏။”—ဒေသနာ ၄:၆။

ပုံသက်သေကောင်းတဲ့ မိဘ

“ကျွန်မအဖေက အလုပ်များတဲ့သူ တစ်ယောက်ပါ။ ဒါပေမဲ့ အမြဲတမ်း အကောင်းမြင်တတ်တယ်။ ပြဿနာကြုံလာတဲ့အခါ ‘ဒါကို ဘယ်လိုဖြေရှင်းမလဲ၊ ဘယ်လိုဖြေရှင်းရင် အကောင်းဆုံးလဲ’ ဆိုပြီး အရင်စဉ်းစားတယ်။ ကျွန်မအဖေရဲ့ လက်သုံးစကားက ‘ဘဝမှာ ပြဿနာတော့ကြုံရမှာပဲ၊ ဒါပေမဲ့ အရေးအကြီးဆုံးကတော့ အဲဒါကို ဘယ်လိုကောင်းကောင်းဖြေရှင်းမလဲ ဆိုတာပဲ။’ အဖေက ပြီးပြည့်စုံတဲ့သူတော့ မဟုတ်ပါဘူး။ အဖေ့မှာလည်း ဖိစီးမှုတွေရှိပါတယ်။ ဒါပေမဲ့ အဲဒီဖိစီးမှုတွေက အဖေ့ကို အနိုင်ယူသွားတာမျိုး ဘယ်တော့မှ အဖြစ်မခံဘူး။ ကျွန်မအတွက်တော့ ဖိစီးမှုတွေကိုရင်ဆိုင်ဖို့ အဖေက အကောင်းဆုံး စံနမူနာပါပဲ။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ