ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၄/၁၄ စာ. ၃
  • ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ် အကဲခတ်
  • နိုးလော့!—၂၀၁၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမေရိကန်ပြည်ထောင်စု
  • ကမ္ဘာ့သတင်း
  • မစ်ဝေးကျွန်း
  • တောင်အာဖရိက
  • အယ်ဗာထရော့ပင်လယ်စင်ရော်ကြီးများအတွက် အနာဂတ်ကားအဘယ်နည်း
    နိုးလော့!—၁၉၉၈
  • ပင်လယ်ဇင်ယော်ငှက်ကြီးရဲ့ စွမ်းအင်ချွေတာသုံး ပျံသန်းမှု
    နိုးလော့!—၂၀၁၃
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
    နိုးလော့!—၁၉၉၇
  • ကလေးများ အဝလွန်မှု အဘယ်အရာ ပြုလုပ်နိုင်သနည်း
    နိုးလော့!—၂၀၀၉
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၄
န ၄/၁၄ စာ. ၃

ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

အမေရိကန်ပြည်ထောင်စု

မြို့လမ်းတစ်လျှောက်မှာရှိတဲ့ မီးပွိုင့်တွေကို တစ်ပြိုင်တည်းချိတ်ဆက် ထိန်းချုပ်ထား

ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလစ်မြို့မှာ ၄၆၉ စတုရန်းမိုင်နီးပါး ကျယ်ပြန့်တဲ့ နေရာအတွင်းက အချက်ပြမီးပွိုင့်ပေါင်း ၄,၅၀၀ နီးပါးကို တစ်ပြိုင်တည်းချိတ်ဆက်ထားပြီး ထိန်းချုပ်ပါတယ်။ နယူးယောက်တိုင်းမ်သတင်းစာအရ လော့စ်အိန်ဂျလစ်မြို့ဟာ “အဲဒီလို တစ်မြို့လုံးကို ချိတ်ဆက် ထိန်းချုပ်မှုလုပ်ဆောင်တဲ့ ပထမဆုံးမြို့ကြီး” ဖြစ်တယ်။

ကမ္ဘာ့သတင်း

၁၉၉၀ ကနေ ၂၀၁၀ ပြည့်နှစ်အတွင်းမှာ အဝလွန်သူဦးရေဟာ ၈၂ ရာခိုင်နှုန်း တိုးများလာတယ်ဆိုပြီး ကမ္ဘာ့ကျန်းမာရေးဆန်းစစ်မှုတစ်ရပ်က ထုတ်ပြန်တယ်။ ကမ္ဘာ့ဒေသတော်တော်များများမှာ အစာရေစာမလောက်ငမှု ပြဿနာရှိနေဆဲဖြစ်ပေမဲ့ အဝလွန်ခြင်းကြောင့် သေဆုံးတာက အာဟာရ ချို့တဲ့ပြီး သေဆုံးတာထက် သုံးဆပိုများနေတယ်။ “လွန်ခဲ့တဲ့အနှစ် ၂၀ ကျော်က အစာရေစာ မလောက်မငဖြစ်ခဲ့ပေမဲ့ အခုဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတောင် အစားအစာ အလျှံပယ်ရရှိနေပါပြီ။ ဒါပေမဲ့ အဲဒီအစားအစာတွေက ကျန်းမာရေးနဲ့မညီတဲ့အတွက် လူတွေကို ကျန်းမာရေးချို့တဲ့စေပါတယ်” ဆိုပြီး သုတေသနပြုရာမှာ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ မက်ဂျစ် အက်ဇက်တီက ပြောခဲ့တယ်။

မစ်ဝေးကျွန်း

ပင်လယ်စင်ယော်ငှက်မကြီး

“ကမ္ဘာ့အသက်အကြီးဆုံးငှက်” လို့မှတ်တမ်းတင်ထားတဲ့ ပင်လယ်ဇင်ယော်ငှက်မကြီး (Laysan albatross) ဟာ ငှက်ကလေး ထပ်ပေါက်ပြန်ပါပြီ။ ငှက်မကြီးက အသက်ဘယ်လောက်ရှိပြီလဲ။ သိပ္ပံပညာရှင်တွေ သူ့ကိုခြေရာခံဖို့ ရေဒီယိုလှိုင်းကြိုး ပထမဆုံးတပ်ပေးတဲ့ ၁၉၅၆ ခုနှစ်မှာ သူဟာ အသက် ငါးနှစ်သားလောက်ရှိတဲ့အတွက် အခုဆိုရင် အသက် ၆၀ ကျော်ခဲ့ပါပြီ။ ဒီပင်လယ်ဇင်ယော်ငှက်မကြီးရဲ့ သက်တမ်းတစ်လျှောက်မှာ မိုင်ပေါင်း နှစ်သန်း၊ သုံးသန်းနီးပါး ပျံသန်းခဲ့တဲ့အတွက် ကမ္ဘာကနေ လကမ္ဘာအထိ အသွားအပြန် လေးငါးခြောက်ခေါက်နဲ့ ညီမျှတဲ့ အကွာအဝေးဖြစ်ပါတယ်။

တောင်အာဖရိက

တောင်အာဖရိက အမျိုးသမီးတစ်ဦး အသားဖြူလိမ်းဆေး လိမ်းနေ

လေ့လာမှုတစ်ခုအရ တောင်အာဖရိကအမျိုးသမီး သုံးပုံတစ်ပုံဟာ အသားဖြူစေတဲ့ ဆပ်ပြာတွေ၊ လိမ်းဆေးတွေကို သုံးစွဲကြတယ်။ အဲဒီအသားဖြူဆေးတွေဟာ အန္တရာယ်ရှိတဲ့အတွက် နိုင်ငံ တော်တော်များများမှာ ပိတ်ပင်ထားတဲ့ပစ္စည်းတွေဖြစ်တယ်။ အဲဒီပစ္စည်းတွေဟာ ကင်ဆာဖြစ်စေတယ်၊ ကျောက်ကပ်ပျက်စီးစေတယ်၊ စိတ်ကျစေ၊ ပူပင်သောကရောက်စေ၊ အင်ပျဉ်ထစေပြီး အမာရွတ်ထင်ကျန်စေပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ