ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၅/၁၄ စာ. ၃
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
  • နိုးလော့!—၂၀၁၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အရှေ့တောင်အာရှ
  • ဥရောပ
  • နယူးဇီလန်
  • အလာစကာ
  • ကမ္ဘာ့သတင်း
  • မဟာမဲခေါင်အကြောင်း တစေ့တစောင်း
    နိုးလော့!—၂၀၀၆
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
    နိုးလော့!—၂၀၁၃
  • နောက်ပြန်စီးသည့် မြစ်ရှိရာအရပ်
    နိုးလော့!—၂၀၀၈
  • ကမ္ဘာ့ဖြစ်ရပ် အကဲခတ်
    နိုးလော့!—၂၀၁၃
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၄
န ၅/၁၄ စာ. ၃

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

အရှေ့တောင်အာရှ

သစ်ကိုင်းမှာခွေပတ်နေတဲ့ မြွေတစ်ကောင်

ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့ရဲ့အဆိုအရ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွေပါ အကျုံးဝင်တဲ့ မဟာမဲခေါင်ဒေသမှာ ၁၉၉၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်ကြားမှာ အပင်နဲ့ တိရစ္ဆာန်မျိုးစိတ်အသစ် များစွာရှာဖွေတွေ့ရှိခဲ့တယ်။ အဲဒီအထဲမှာ မျက်လုံးနီမြွေပွေးမျိုးစိတ် [Trimeresurus rubeus] အသစ်လည်းပါတယ်။ ၂၀၁၁ တစ်နှစ်တည်းမှာပဲ ရှာဖွေတွေ့ရှိခဲ့တဲ့ မျိုးစိတ်အသစ်တွေက အပင်မျိုးစိတ် ၈၂ မျိုး၊ တွားသွားသတ္တဝါမျိုးစိတ် ၂၁ မျိုး၊ ငါးမျိုးစိတ် ၁၃ မျိုး၊ ကုန်းတစ်ပိုင်း ရေတစ်ပိုင်းသတ္တဝါ ၅ မျိုး၊ နို့တိုက်သတ္တဝါ ၅ မျိုးဖြစ်တယ်။

ဥရောပ

“ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံး” မှာ လူကုန်ကူးခြင်းဟာ ကြီးမားတဲ့ပြဿနာကြီးတစ်ခုဖြစ်လာပြီ ဆိုပြီး မော်စကိုတိုင်းမ်သတင်းစာမှာ ဖော်ပြထားတယ်။ လိင်ကျေးကျွန်၊ အလုပ်ကြမ်းခိုင်းဖို့နဲ့ “တရားမဝင် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ရောင်းဖို့” အတွက် လူကုန်ကူးမှုတွေ ပြုလုပ်နေကြတယ်။ လူကုန်ကူးသူတွေဟာ ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့ဖြစ်မှု၊ ကျားမခွဲခြားဆက်ဆံမှုတွေကို အခွင့်ကောင်းယူ အမြတ်ထုတ်နေကြတယ်။

နယူးဇီလန်

တီဗွီကြည့်နေတဲ့ လူငယ်တစ်ဦး

ကလေးအရွယ်မှာနဲ့ မြီးကောင်ပေါက်အရွယ်မှာ တီဗွီကြည့်တဲ့သူတွေကို လေ့လာဆန်းစစ်တဲ့အခါ တီဗွီအကြည့်များတဲ့သူတွေဟာ “လူလတ်ပိုင်းအရွယ်ရောက်လာတဲ့အခါ လူမှုရေးခေါင်းပါးသူတွေဖြစ်ဖို့ အလားအလာများတယ်” ဆိုပြီး သုတေသီတွေ ကောက်ချက်ချတယ်။ အဲဒီတွေ့ရှိချက်ကြောင့် ကလေးတွေဟာ “ကောင်းတဲ့ တီဗွီအစီအစဉ်တွေကို တစ်ရက်ကို ၁ နာရီ၊ နှစ်နာရီထက်ပိုပြီး” မကြည့်သင့်ဘူးဆိုတဲ့ အကြံပြုချက်ကို ထောက်ခံတယ်လို့ သုတေသီတွေဆိုတယ်။

အလာစကာ

အလာစကာ တိုင်းရင်းသားရွာတစ်ရွာကို အပေါ်စီးကနေ မြင်ရပုံ

“အလာစကာက နယ်ခံတိုင်းရင်းသားရွာ” အားလုံးနီးပါးဟာ ကမ်းရိုးတန်းဒေသတွေနဲ့ မြစ်ကမ်းနားမှာ တည်ရှိတဲ့အတွက် ရွာ ၈၆ ရာခိုင်နှုန်းဟာ ရေလွှမ်းမိုးမှု၊ ရေတိုက်စားမှုကို ခံနေကြရတယ်။ ကမ္ဘာ့အပူချိန် မြင့်တက်လာမှုကြောင့် ကမ်းခြေတွေမှာ ရေခဲတာနောက်ကျနေပြီး ရွာတွေဟာ ဆောင်းဦးမုန်တိုင်းတွေကို ပိုခံလာရတယ်လို့ သတင်းကဖော်ပြတယ်။

ကမ္ဘာ့သတင်း

Windmills

အကြီးအကျယ်ရင်းနှီးမြုပ်နှံမှုတွေလုပ်ပြီး လေနဲ့ နေရောင်ခြည်ကနေ လေထုညစ်ညမ်းမှုမဖြစ်စေတဲ့နည်းနဲ့ စွမ်းအင်ထုတ်လုပ်နေပါတယ်။ ဒါပေမဲ့ “ဒီနေ့အချိန်မှာ စွမ်းအင်တစ်ယူနစ်ထုတ်ဖို့ လေထုညစ်ညမ်းစေတဲ့ ပမာဏဟာ လွန်ခဲ့တဲ့အနှစ် ၂၀ က ထုတ်လွှတ်တဲ့ ပမာဏနဲ့ အတူတူပါပဲ” ဆိုပြီး အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီက အမှုဆောင်ဒါရိုက်တာ မာရီးယား ဗန်ဒါ ဟူဗင်က ပြောပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ