ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၈/၁၄ စာ. ၁၀-၁၁
  • “ငှက်များကို စေ့စေ့ဆင်ခြင်ကြလော့”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ငှက်များကို စေ့စေ့ဆင်ခြင်ကြလော့”
  • နိုးလော့!—၂၀၁၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာမှတ်တမ်းထဲက ငှက်တွေကို စေ့စေ့လေ့လာခြင်း
  • ငှက်–ကြည့်ရှုလေ့လာခြင်း—ယောက်တိုင်းအတွက် စွဲမက်ဖွယ်ကောင်းသော ဝါသနာတစ်ခုလော
    နိုးလော့!—၁၉၉၉
  • ငှက်တွေဆီက သင်ယူစရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
နိုးလော့!—၂၀၁၄
န ၈/၁၄ စာ. ၁၀-၁၁
ငှက်ကလေးတစ်ကောင်

“ငှက်များကို စေ့စေ့ဆင်ခြင်ကြလော့”

ငှက်တွေကို ကမ္ဘာ့ဘယ်နေရာမှာမဆို အလွယ်တကူ တွေ့ရနိုင်တယ်။ ငှက်ရဲ့ ပုံစံ၊ အရောင်အသွေး၊ တေးသီကျူးသံ၊ မြူးထူးဆော့ကစားပုံ၊ အလေ့အထ တွေက ငှက် တစ်မျိုးနဲ့တစ်မျိုး မတူတဲ့အတွက် ငှက်တွေရဲ့သဘာဝကို လေ့လာတာက တကယ့်ကို စိတ်ဝင်စားစရာကောင်းတယ်။

စာခေါင်းမဲ

စာခေါင်းမဲ

ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်ရင် ငှက်တွေကို တွေ့နိုင်ပါတယ်။ တီကောင်ကိုတူးပြီးစားနေတဲ့ သိုက်မြုံဆောက်ငှက်၊ အင်းဆက်တွေကို ထိုးသုတ်နေတဲ့ ပုစဉ်းထိုးငှက်၊ ပိုးပန်းနေတဲ့ ချိုးကလေး၊ အသိုက်ဆောက်နေတဲ့ ပျံလွှားငှက်ကလေး၊ အသိုက်ထဲက ငှက်ပေါက်လေးတွေကို အစာခွံ့နေတဲ့ စာရွှေဝါငှက်ကလေးကို တွေ့ရတာ ကြည်နူးစရာကောင်းတယ်။

အမောက်ပါတဲ့ ဂီနီကြက်ဆင်

အမောက်ပါတဲ့ ဂီနီကြက်ဆင်

လင်းယုန်၊ သိမ်းငှက်၊ စွန်တွေ ကောင်းကင်မှာ လေဟုန် စီးရင်း ပျံဝဲနေတာက ရှုစားလို့ မဝနိုင်စရာပဲ။ စာကလေးတွေ ဆူဆူညံညံနဲ့ အစားလုစားနေပုံ၊ စိတ်မဝင်စားပုံပေါက်တဲ့ ခိုမလေးရှေ့မှာ ခိုထီးက ဟန်ရေးပြပိုးပန်းနေပုံ၊ ဟန်ချက်ပျက်သွားလို့ ဓာတ်ကြိုးပေါ်မှာ တွဲလောင်းကျမလိုဖြစ်နေတဲ့ မီးခိုးပန်းရောင်သန်းတဲ့ ကတ္တဝါငှက်တွေကို ကြည့်ရတာ ကြည်နူးစရာဖြစ်တယ်။ အုပ်စုလိုက်နေရာရွှေ့ပြောင်းနေတဲ့ ငှက်ကြားဖြူ၊ ကြိုးကြာ၊ ဝန်ချီငှက်၊ ဘဲငန်းတွေကို တွေ့ရတဲ့အခါ ရင်သပ်ရှုမောစရာပါပဲ။ အဲဒီလို ဒီငှက်တွေ ဆောင်းခိုတာကို ဘိုးဘွားတွေလက်ထက် ကတည်းက တွေ့မြင်ခဲ့ရတယ်။ ဒီငှက်တွေဟာ မိုင်ထောင်ချီ ခရီးကို လမ်းကြောင်းမလွဲမချော်ဘဲ တိတိကျကျပျံသန်းနိုင်တာကို တွေ့ရတဲ့သူတွေအတွက် အံ့သြမိန်းမောစရာဖြစ်တယ်။ ဖန်ဆင်းရှင်ကိုယ်တိုင်က “မိုးကောင်းကင်၌ကျင်လည်သော တောငန်းသော်လည်း မိမိအချိန်ကိုသိတတ်၏။ ဥချိုး၊ တီတီတွတ်၊ ဇရက်သော်လည်း မိမိပြန်လာချိန်ကိုမှတ်တတ်၏” လို့ ပြောတယ်။—ယေရမိ ၈:၇။

သမ္မာကျမ်းစာမှတ်တမ်းထဲက ငှက်တွေကို စေ့စေ့လေ့လာခြင်း

အဖိုးတန်သင်ခန်းစာတွေရဖို့ ငှက်တွေအကြောင်းကို သမ္မာကျမ်းစာထဲမှာ ရည်ညွှန်းဖော်ပြလေ့ရှိတယ်။ ဥပမာ၊ ဘုရားသခင်က ယောဘကို ငှက်ကုလားအုတ်ရဲ့ အပြေးမြန်နှုန်းအကြောင်း “ငှက်ကုလားအုတ်သည် . . . ကိုယ်ကိုချီကြွသောအခါ မြင်းနှင့်မြင်းစီးသောသူကိုပင် ရယ်တတ်၏” ဆိုပြီးပြောခဲ့တယ်။a (ယောဘ ၃၉:၁၃၊ ၁၈) ဘုရားသခင်က ယောဘကို “သင်ပေးသောဉာဏ်အားဖြင့် သိမ်းငှက်သည်အတောင်ကိုဖြန့်၍ . . . ပျံသွားတတ်သလော။ သင်စီရင်သောကြောင့် ရွှေလင်းတသည်အထက်သို့တက်၍ မြင့်သောအရပ်၌ အသိုက်ကိုလုပ်တတ်သလော” လို့ မေးခဲ့တယ်။ (ယောဘ ၃၉:၂၆၊ ၂၇) ဘယ်သူ့အကူအညီမှ မပါဘဲ ငှက်တွေပျံသန်းနိုင်တာက ဘုရားသခင်ရဲ့ ဉာဏ်ပညာကြောင့် ဖြစ်တယ်။

နွေရာသီရောက်ခါနီးရင် “ချိုးငှက်တွန်သံကိုလည်းကြားရ၏” ဆိုပြီး ရှောလမုန်မင်းကြီး ရေးခဲ့တယ်။ (ရှောလမုန်သီချင်း ၂:၁၂) ဘုရားသခင့်ဗိမာန်တော်မှာ အမှုဆောင်ချင်စိတ်ပြင်းပြတဲ့ ဆာလံဆရာက “အကျွန်ုပ်၏ဘုရားသခင် အကယ်စင်စစ် ယဇ်ပလ္လင်တော်များအနားမှာ စာငှက်သည် နေရာအရပ်ကိုလည်းကောင်း၊ ပျံလွှားသည်လည်း သားငယ်မွေးစရာအသိုက်ကိုလည်းကောင်းတွေ့ရပါ၏” လို့ ပျံလွှားငှက်အကြောင်း ပြောခဲ့တယ်။—ဆာလံ ၈၄:၁-၃၊ သမ္မာ။

“ကောင်းကင်ဘုံရှိ သင်တို့၏အဖသည် ထိုငှက်တို့ကို ကျွေးမွေး တော်မူ၏။ သင်တို့သည် ထိုငှက်တို့ထက် သာ၍မြတ်သည် မဟုတ်လော။” —မဿဲ ၆:၂၆

ကျေးငှက်တွေကိုရည်ညွှန်းပြီး ယေရှုခရစ် ပြောတဲ့စကားတွေက စွဲမက်စရာကောင်းတယ်။ ဥပမာ၊ မဿဲ ၆:၂၆ ပါ “မိုးကောင်းကင်ငှက်များကို စေ့စေ့ဆင်ခြင်ကြလော့။ သူတို့သည် မျိုးစေ့ကြဲခြင်း၊ ရိတ်သိမ်းခြင်း၊ ကျီ၌စုသိမ်းခြင်းတို့ကို မပြုကြ။ သို့ရာတွင် ကောင်းကင်ဘုံရှိ သင်တို့၏အဖသည် ထိုငှက်တို့ကို ကျွေးမွေးတော်မူ၏။ သင်တို့သည် ထိုငှက်တို့ထက် သာ၍မြတ်သည်မဟုတ်လော” ဆိုတဲ့ စကားကို သုံးသပ်ကြည့်ပါ။ စွဲမက်စရာကောင်းတဲ့ ဒီသရုပ်ဖော်စကားတွေက လူသားတွေကို ဘုရားသခင် တန်ဖိုးထားတယ်၊ ဘဝရဲ့လိုအပ်ရာတွေအတွက် ဘယ်တော့မှ စိုးရိမ်နေစရာမလိုဘူးလို့ ယေရှုရဲ့နောက်လိုက်တွေကို ယုံကြည်စိတ်ချစေတယ်။—မဿဲ ၆:၃၁-၃၃။

ငှက်တွေ မြူးထူးဆော့ကစားပုံ၊ သူတို့ရဲ့အလှ၊ ပိုးပန်းပုံနဲ့ သူတို့ရဲ့တေးသီကျူးသံတွေက စိတ်ဝင်စားစရာကောင်းလို့ ငှက်တွေအကြောင်း လေ့လာပြီး အပန်းဖြေရတာကို ပိုပြီး လူကြိုက်များလာတယ်။ အဲဒီအပြင် ငှက်သဘာဝကနေ အဖိုးတန်သင်ခန်းစာတွေ အများကြီး ရနိုင်တယ်။ ငှက်တွေအကြောင်း သေသေချာချာ လေ့လာချင်ပါသလား။

a ငှက်ကုလားအုတ်က ငှက်ကြီးမျိုးဝင်ဖြစ်ပေမဲ့ တစ်နာရီကို ၄၅ မိုင်နှုန်းနဲ့ တစ်ဟုန်ထိုး မြန်မြန်ဆန်ဆန်ပြေးနိုင်တယ်။

ကိုယ့်ရဲ့ခြံထဲမှာ ငှက်ကလေးတွေကို လာကျက်စားစေချင်သလား

သစ်တောက်ပြောက်

သစ်တောက်ပြောက်

ငှက်တွေ ကြိုက်နှစ်သက်ရာများ-

  • • အရိပ်အာဝါသ– သစ်ပင်တွေ၊ ချုံပုတ်လေးတွေက ငှက်တွေ ခိုနားဖို့၊ အမွေးအတောင်သဖို့အတွက် နေရာကောင်းတွေဖြစ်တယ်။

  • • အစာ– ငှက်ကလေးတွေက သဘာဝပေါက်ပင်တွေ၊ ချုံတောတွေကြားမှာ အစာရှာစားတတ်ကြတယ်။ ငှက်စာခွက်တွေမှာလည်း အစာလာစားတတ်ကြပါတယ်။

  • • ရေ– ငှက်တွေက ရေ ပုံမှန်သောက်တတ်တယ်၊ ငှက်အတော် များများက ရေဆော့ကစားတာကို သဘောကျကြတယ်။

  • • အသိုက်အမြုံ– သစ်ပင်တွေ၊ ချုံပုတ်တွေ၊ ငှက်အိမ်ကလေးတွေရှိရင် သစ်တောနေငှက်တွေ လာပြီး အသိုက်လုပ်ကြတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ