ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၀/၁၄ စာ. ၇
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
  • နိုးလော့!—၂၀၁၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမေရိကန်ပြည်ထောင်စု
  • အိန္ဒိယနိုင်ငံ
  • ဆွစ်ဇလန်နိုင်ငံ
  • အာဖရိကဦးချိုဒေသ
  • ဘာလို့ စိတ်မရှည်ကြတော့တာလဲ
    နိုးလော့!—၂၀၁၂
  • ကျောင်းကနေ အကျိုးအပြည့်အဝ ရနိုင်ပုံ
    နိုးလော့!—၂၀၁၂
  • သင့်အစားအစာက တကယ်ဘေးကင်းရဲ့လား
    နိုးလော့!—၂၀၁၂
  • နိုးလော့! ထဲက “လူငယ်များအမေး” ဆောင်းပါးများ
    လူငယ်များအမေး
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၄
န ၁၀/၁၄ စာ. ၇

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

အမေရိကန်ပြည်ထောင်စု

နောက်ယောင်ခံနိုင်တဲ့ ဂျီပီအက်စ်စနစ်သုံး အာရုံခံကိရိယာ ကပ်နေတဲ့ ကားတစ်စီး

ကားတွေကို လိုက်လံဖမ်းဆီးတဲ့အခါ အန္တရာယ်နည်းစေတဲ့ နည်းပညာကို ရဲတွေအသုံးပြုနေကြပါပြီ။ သူတို့စမ်းသုံးတဲ့နည်းတစ်နည်းက ကင်းလှည့်ရဲကားမှာ ဂျီပီအက်စ် စနစ်သုံး အာရုံခံကိရိယာ ပစ်လွှတ်နိုင်တဲ့စက် တပ်ဆင်ထားတယ်။ လိုက်နေတဲ့ကားမှာ အဲဒီကိရိယာ ကပ်သွားပြီဆိုရင် နောက်ကနေ အရမ်းမောင်းပြီး လိုက်စရာမလိုဘဲ အန္တရာယ်ကင်းတဲ့နှုန်းနဲ့ နောက်ယောင်ခံလိုက်နိုင်ကြပါတယ်။

အိန္ဒိယနိုင်ငံ

အိန္ဒိယအမျိုးသမီး

သတို့သမီးဘက်ကပေးရတဲ့ခန်းဝင်ပစ္စည်းနဲ့ပတ်သက်ပြီး အငြင်းပွားမှုကြောင့် တစ်နာရီမှာ အမျိုးသမီးတစ်ယောက်နှုန်း အသတ်ခံရတယ်လို့ ခန့်မှန်းထားကြတယ်။ အဲဒီလိုပေးတာ၊ ယူတာကို တရားဝင်တားမြစ်ထားပေမဲ့ သတို့သား ဒါမှမဟုတ် သူ့မိသားစုက သတို့သားရရှိတဲ့ပစ္စည်းက နည်းတယ်လို့ယူဆတာကြောင့် ၂၀၁၂ ခုနစ်မှာ အမျိုးသမီး ၈,၂၀၀ ကျော် အသတ်ခံရတယ်။

ဆွစ်ဇလန်နိုင်ငံ

အယ်လ်ပိုင်းပျံလွှားငှက်

အယ်လ်ပိုင်းပျံလွှားငှက်တွေဟာ သူတို့ပေါက်ဖွားတဲ့နေရာကနေ ဆောင်းခိုဖို့ အာဖရိကကို ရက်ပေါင်း ၂၀၀ ကျော်မနားတမ်း ပျံသန်းကြတယ်ဆိုတာကို ပျံလွှားသုံးကောင်မှာ တပ်ပေးလိုက်တဲ့ အာရုံခံကိရိယာကနေ သိရတယ်။ အရင်တုန်းကဆိုရင် ပင်လယ်သတ္တဝါတွေကိုပဲ အဲဒီလိုခြေရာခံနိုင်ကြပါတယ်။

အာဖရိကဦးချိုဒေသ

ပင်လယ်ဓားပြမှုနဲ့ ပြန်ပေးဆွဲမှုအတွက်ပေးရတဲ့ ငွေစာရင်းတွေကို ပြထားတဲ့ ဂရပ်ပုံ

၂၀၀၅၊ ဧပြီလကနေ ၂၀၁၂၊ ဒီဇင်ဘာလအတွင်း အာဖရိက ဦးချိုဒေသရဲ့ ကမ်းရိုးတန်းမှာ ပင်လယ်ဓားပြတွေက သင်္ဘော ၁၇၉ စီးကို အပိုင်စီးခဲ့ကြတယ်။ အဲဒီလိုအပိုင်စီးတာကြောင့် ပင်လယ်ဓားပြတွေဟာ အမေရိကန်ဒေါ်လာ ၄၁၃ သန်းရရှိခဲ့ကြတယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ