ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၀/၁၄ စာ. ၁၂-၁၃
  • အပူပိုင်းမိုးသစ်တောထဲက ပျံသန်းနေတဲ့ဥယျာဉ်မှူးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အပူပိုင်းမိုးသစ်တောထဲက ပျံသန်းနေတဲ့ဥယျာဉ်မှူးများ
  • နိုးလော့!—၂၀၁၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မျိုးစေ့ကြဲခြင်း
  • မိသားစုရိပ်မြုံ
  • လင်းနို့ရဲ့ ပဲ့တင်သံ ပုံရိပ်ဖော်နည်း
    အလိုလို ဖြစ်လာနိုင်ပါ့မလား
  • သဘာဝပျံသန်းသတ္တဝါများ၏ အတောင်ပံ
    နိုးလော့!—၂၀၀၉
  • မိုးသစ်တောပေါ် ကျရောက်သည့် အရိပ်မည်းများ
    နိုးလော့!—၁၉၉၈
  • ‘များစွာသောအသီးကို သီးနေလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
နိုးလော့!—၂၀၁၄
န ၁၀/၁၄ စာ. ၁၂-၁၃
သစ်သီးစားလင်းဆွဲတစ်ကောင် သစ်သီးစားနေ

အပူပိုင်းမိုးသစ်တောထဲက ပျံသန်းနေတဲ့ဥယျာဉ်မှူးများ

ဥယျာဉ်မှူးတွေဟာ ဘယ်နေရာမှာ၊ ဘယ်မျိုးစေ့ကို၊ ဘယ်အချိန်မှာ စိုက်ရင် အောင်မြင်နိုင်မလဲဆိုတာကို သိကြပါတယ်။ ထူးဆန်းတာတစ်ခုက အပူပိုင်းမိုးသစ်တောထဲမှာ ညအချိန်မှာ လေထဲကနေ မျိုးစေ့ကြဲချခြင်းဖြစ်ပါတယ်။ မျိုးစေ့ကြဲနေတဲ့ အဲဒီပျံသန်းနေတဲ့ ဥယျာဉ်မှူးတွေကတော့ လင်းနို့အကောင်ကြီးမျိုးလို့ လူသိများတဲ့ သစ်သီးစားလင်းဆွဲတွေပါ။a

မျိုးစေ့ကြဲခြင်း

ညအချိန်ရောက်တဲ့အခါ လင်းဆွဲတွေဟာ ပန်းဝတ်ရည်ပေါများတဲ့၊ အရသာရှိတဲ့သစ်သီးဝလံတွေရှိတဲ့ သစ်ပင် တွေဆီ လှည့်လည်ပျံသန်းနေကြပါတယ်။ လင်းဆွဲတွေက အစာရှာဖို့ ပျံသန်းနေရင်း အစာချေကြပါတယ်၊ ပြီးတော့ မကြေညက်တဲ့အစာတွေနဲ့ သစ်စေ့တွေကို စွန့်ထုတ်ပစ်ကြတယ်။ လင်းဆွဲတွေဟာ ဝတ်ရည်စုပ်ရတာကို အင်မတန်ကြိုက်နှစ်သက်ကြပါတယ်၊ သူတို့က ဝတ်ရည်စုပ်ရင်း ဝတ်မှုန်ကူးပေးပြီး သူတို့ရဲ့ ဥယျာဉ်မှူးအလုပ်ကို ပြီးစီးစေကြပါတယ်။

လင်းဆွဲတွေဟာ အတော်ဝေးဝေးအထိ ပျံသန်းနိုင်ကြတာကြောင့် မျိုးစေ့တွေကို ဝေးဝေးလံလံရောက်တဲ့အထိ ကြဲချနိုင်ကြပါတယ်။ တချို့သောအစေ့လေးတွေဟာ လင်းဆွဲတွေရဲ့ အစာအိမ်လမ်းကြောင်းကနေ ဖြတ်သန်းခဲ့တာကြောင့် “မြေဩဇာ”ကြွေးလိုက်တဲ့အလား အပင်မြန်မြန် ပေါက်လာကြပါတယ်။ မိုးသစ်တောထဲမှာရှိတဲ့ မျိုးပေါင်းစုံလင်လှတဲ့ သစ်ပင်တွေဟာ လင်းဆွဲတွေရဲ့ ဝတ်မှုန်ကူးတာ၊ မျိုးစေ့ကြဲချတာအပေါ် အမှီပြုနေကြတယ်ဆိုတာက အံ့အားသင့်စရာမဟုတ်ပါဘူး။

လင်းဆွဲတွေဟာ ခရီးသွားလာနိုင်တဲ့အစွမ်းနဲ့ အမြင် အာရုံကောင်းလွန်းတာကြောင့် ဝေးဝေးလံလံ၊ ကျယ်ကျယ်ပြန့်ပြန့် သွားနိုင်ကြပါတယ်။ ညအမှောင်မှာ လင်းဆွဲတွေက လူတွေထက် ပိုမြင်နိုင်ကြပြီး အရောင်တချို့ကို ခွဲခြားနိုင်ကြတယ်။ သူတို့တွေဟာ ညဘက်မှာသာမက နေ့ဘက်မှာလည်း ပျံနိုင်ကြတယ်။

မိသားစုရိပ်မြုံ

သစ်သီးစားလင်းဆွဲ

ဒီအချက်ကို သိပါသလား။ လင်းဆွဲတွေဟာ တခြားလင်းနို့တွေလိုမျိုး ပဲ့တင်သံကိုသုံးပြီး အစာရှာတာမျိုးမဟုတ်ဘဲ အနံ့အာရုံ၊ အမြင်အာရုံကိုသာ သုံးကြပါတယ်။ သူတို့ရဲ့မျက်လုံးပြူးပြူးတွေဟာ ညဘက်မှာကျက်စားဖို့အတွက် အင်မတန် သင့်တော်လှပါတယ်

ဆာမိုအာ လင်းဆွဲတွေဟာ မိတ်ဖက်တစ်ကောင်တည်း ရှိကြတယ်။ တချို့မျိုးစိတ်တွေကိုလေ့လာကြည့်တဲ့အခါ လင်းဆွဲအမတွေဟာ သားပေါက်လေးကို ကောင်းကောင်းဂရုစိုက်ကြပြီး နို့ပြတ်တဲ့အချိန်အထိ သူတို့နဲ့အတူခေါ်သွားကြတယ်။ လင်းဆွဲမျိုးစိတ် နှစ်မျိုးမှာဆိုရင် သားပေါက်တဲ့အခါ ကူညီပေးတဲ့ “ဝမ်းဆွဲ” တွေတောင်ရှိကြသေးတယ်။

သစ်သီးစားလင်းဆွဲတွေရဲ့ စံအိမ်တွေဖျက်ဆီးခံရတာကြောင့် မျိုးသုဉ်းမယ့်အန္တရာယ်ရင်ဆိုင်နေကြရတာက ဝမ်းနည်းစရာကောင်းပါတယ်။ ပစိဖိတ်သမုဒ္ဒရာတောင်ဘက်ပိုင်းက ကျွန်းတွေမှာဆိုရင် အဲဒီမျိုးသုဉ်းရတော့မယ့် သစ်သီးစားလင်းဆွဲတွေရဲ့ အကူအညီမပါဘဲ တချို့အပင် မျိုးစိတ်တွေဟာ ဝတ်မှုန်မကူးနိုင်ကြပါဘူး။ ဒါကြောင့် ပျံသန်းနေတဲ့ ဥယျာဉ်မှူးတွေရဲ့ လုပ်ဆောင်ချက်တွေကို လျှော့မတွက်သင့်ပါဘူး။

a လင်းဆွဲတွေကို အာဖရိကတိုက်၊ အာရှတိုက်၊ ဩစတြေးလျတိုက်၊ ပစိဖိတ်ကျွန်းတွေမှာ တွေ့ရပါတယ်။

သစ်တောတွေကို ထိန်းသိမ်းပေး

ဘေအိုဘတ်အပင်

ဘေအိုဘတ်အပင်ရဲ့ အပွင့်ဟာ ၂၄ နာရီပဲ ခံပါတယ်။ ဒါက လင်းဆွဲတွေအတွက် ဝတ်ရည်အပြည့်ရှိတဲ့ပန်းပွင့်အကြီးကြီးတွေကို ရှာပြီး ဘေအိုဘတ်အပင် တစ်ပင်ကနေတစ်ပင် ဝတ်မှုန်ကူးပေးဖို့ လုံလောက်တဲ့ အချိန်ပါပဲ

အပူပိုင်းသစ်တောတွေပြုန်းတီးတဲ့အခါ အဲဒီသစ်တောတွေ ပြန်လည်ပေါက်လာဖို့အတွက် လင်းဆွဲတွေဟာ တကယ့်ကို အရေးပါတဲ့ကဏ္ဍကနေ ကူညီပေးပါတယ်။ သူတို့ရဲ့ ‘ဥယျာဉ်မှူးအလုပ်’ က နောက်ဆုံးမှာ အပင်အသစ်လေးတွေပေါက်လာစေတဲ့ မျိုးစေ့တွေကို ကြဲချလိုက်ပါတယ်။ “သက်ရှိတွေရဲ့တန်ဖိုးဟာ ကမ္ဘာ့ ပတ်ဝန်းကျင်သာယာစိုပြည်စေရေးနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိပါတယ်။ ကမ္ဘာ့ပတ်ဝန်းကျင် ဆက်ပြီး သာယာစိုပြည်စေဖို့ လင်းနို့တွေရှိဖို့လိုပါတယ်” ဆိုပြီး ဂယ်ရီ အယ်လ် ဂရေဟမ် ရေးသားတဲ့ (Bats of the World) စာအုပ်မှာ ဖော်ပြထားပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ