ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၀/၁၄ စာ. ၁၄-၁၅
  • ရုပ်ပုံတော်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရုပ်ပုံတော်များ
  • နိုးလော့!—၂၀၁၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာခေတ်တုန်းက သစ္စာရှိတဲ့ဂျူးတွေဟာ ရုပ်ပုံတွေကို ကိုးကွယ်ခဲ့ကြသလား။
  • အစောပိုင်းခရစ်ယာန်တွေက ၀တ်ပြုရေးမှာ ရုပ်ပုံတွေ အသုံးပြုခဲ့ကြသလား။
  • ဝတ်ပြုရေးအတွက် အထောက်အကူရဖို့ ရုပ်ပုံတွေကို အသုံးပြုသင့်ပါသလား။
  • ရုပ်တု၊ ရုပ်ပုံတွေကို ဝတ်ပြုကိုးကွယ်သင့်သလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ရုပ်တု၊ ရုပ်ပုံတွေကို ဝတ်ပြုကိုးကွယ်ခြင်း​—⁠သမ္မာကျမ်းစာ အဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • ရုပ်တု
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • သွန်သင်ချက်အမှား ၆– ဝတ်ပြုရေးတွင် ပုံများနှင့် အိုင်ကောန်များ အသုံးပြုခြင်းကို ဘုရားသခင် နှစ်သက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၄
န ၁၀/၁၄ စာ. ၁၄-၁၅
မာရိရုပ်ပုံရှေ့မှာ စိပ်ပုတီးကိုင်ပြီး ဆုတောင်းနေတဲ့ အမျိုးသမီး

သမ္မာကျမ်းစာရှုထောင့်

ရုပ်ပုံတော်များ

စိတ်ထားဖြူစင်တဲ့ သန်းနဲ့ချီတဲ့လူတွေဟာ သူတို့ရဲ့၀တ်ပြုရေးမှာ ပုံတော်တွေကို အသုံးပြုကြတယ်။ ဒီလိုအလေ့အထကို ကျမ်းစာက ထောက်ခံပါသလား။ အဲဒါကို ဘုရားသခင်ကော ကြိုက်ရဲ့လား။

ကျမ်းစာခေတ်တုန်းက သစ္စာရှိတဲ့ဂျူးတွေဟာ ရုပ်ပုံတွေကို ကိုးကွယ်ခဲ့ကြသလား။

‘အထက်မိုးကောင်းကင်ပေါ်က၊ အောက်အရပ်မြေကြီးပေါ်က၊ မြေကြီးအောက် ရေထဲက အရာတစ်ခုခုနဲ့ ပုံသဏ္ဌာန်တူတာကို ဖြစ်စေ၊ ရုပ်လုံးရုပ်ကြွကိုဖြစ်စေ မလုပ်နဲ့။ အဲဒါတွေကို ဦးမချနဲ့။ ဝတ်မပြုနဲ့။’—ထွက်မြောက်ရာ ၂၀:၄၊ ၅၊ ကဘ။

ဓမ္မဟောင်းကျမ်းလို့သိကြတဲ့ ဟေဗြဲဘာသာစကားနဲ့ရေးခဲ့တဲ့ ကျမ်းစာစောင်တွေထဲမှာ ရုပ်ပုံကိုးကွယ်တာကို တားမြစ်ထားပါတယ်။

လူအများပြောဆိုရာ

ဂျူးတွေဟာ သူတို့ရဲ့ဝတ်ပြုရေးမှာ ရုပ်ပုံတွေကိုအသုံးပြုကြပြီး “အဲဒီအရာတွေကို အထွတ်အမြတ်ထား ကိုးကွယ်ကြတယ်။” ဂျေရုဆလင်က ဗိမာန်တော်ကို သစ်သီးဝလံ၊ ပန်းမန်၊ တိရစ္ဆာန်စတဲ့ပုံတွေနဲ့ ထွင်းထုအလှဆင်ထား တယ်လို့ ကက်သလစ်စွယ်စုံကျမ်းသစ်ထဲမှာ ဖော်ပြထားတယ်။—၃ ဓမ္မရာဇ၀င် ၆:၁၈; ၇:၃၆။

သိထားသင့်ရာ

ကက်သလစ်စွယ်စုံကျမ်းသစ်မှာ ဖော်ပြထားသလို သစ္စာရှိတဲ့ဂျူးတွေဟာ ဗိမာန်တော်မှာရှိတဲ့ ရုပ်လုံးရုပ်ကြွတွေ၊ ရုပ်ပုံတွေကို မကိုးကွယ်ခဲ့ကြပါဘူး။ သစ္စာရှိတဲ့ဂျူးတွေဟာ ဝတ်ပြုရေးမှာ ရုပ်ပုံတွေကို သုံးခဲ့ကြတယ်ဆိုတဲ့အကြောင်း သမ္မာကျမ်းစာထဲမှာ မတွေ့ရပါဘူး။

သမ္မာကျမ်းစာပြောဆိုရာ

‘ငါ့ဂုဏ်ကျက်သရေကို ဘယ်သူ့ကိုမှ မပေးဘူး။ ငါရထိုက်တဲ့ချီးမွမ်းခြင်းကိုလည်း ထွင်းထုတဲ့ရုပ်လုံးရုပ်ကြွတွေကို မပေးဘူး။’ —ဟေရှာယ ၄၂:၈၊ ကဘ။

အစောပိုင်းခရစ်ယာန်တွေက ၀တ်ပြုရေးမှာ ရုပ်ပုံတွေ အသုံးပြုခဲ့ကြသလား။

‘ဘုရားသခင်၏ဗိမာန်တော်နှင့် ရုပ်ပုံများသည် မည်သို့ သက်ဆိုင်သနည်း။ မသန့်ရှင်းသောအရာကို မတို့မထိကြနှင့်။’—၂ ကောရိန္သု ၆:၁၆၊ ၁၇။

“အစောပိုင်းခရစ်ယာန်တွေက သူတို့၀တ်ပြုတဲ့အဆောက်အအုံထဲမှာ ရုပ်လုံးရုပ်ကြွတွေထားဖို့ပြောလာရင် လက်ခံကြမှာမဟုတ်သလို ရုပ်ပုံရှေ့မှာ ဆုတောင်း၊ ဦးညွှတ်တာကိုလည်း လုပ်ကြမှာ မဟုတ်ဘူး။”—History of the Christian Church

လူအများပြောဆိုရာ

“အစောပိုင်းခရစ်ယာန်တွေက ၀တ်ပြုရေးမှာ ရုပ်ပုံတွေသုံးခဲ့သလားဆိုတာကို မေးခွန်းထုတ်နေစရာ မလိုပါဘူး။ ခရစ်ယာန်ဂူသင်္ချိုင်းတွေဟာ အစောပိုင်းခရစ်ယာန်တွေရဲ့ ပန်းချီပြခန်းတွေပါပဲ။ . . . သင်္ချိုင်းဂူတွေ၊ ဝတ်ပြုရာခန်းမဆောင်ကြီးတွေကို ဒဏ္ဍာရီပုံပြင်လာရုပ်ပုံတွေနဲ့တောင် အလှဆင်ထားကြတယ်” လို့ ကက်သလစ်စွယ်စုံကျမ်းသစ်မှာ ဖော်ပြထားတယ်။a

သိထားသင့်ရာ

ရုပ်ပုံတွေနဲ့ အလှဆင်ထားတဲ့ ဂူသင်္ချိုင်းတွေဟာ အေဒီ သုံး ရာစုတုန်းက သင်္ချိုင်းတွေ ဖြစ်ပါတယ်။ ယေရှုသေပြီးနောက်ပိုင်း နှစ်ပေါင်း ၂၀၀ ကျမှပဲ အဲဒီလို ဖြစ်လာတာပါ။ ဒါကြောင့် “အစောပိုင်းခရစ်ယာန်တွေရဲ့ ဝတ်ပြုရေး” လို့ ကက်သလစ်စွယ်စုံကျမ်းသစ်မှာ ဖော်ပြထားချက်ဟာ “အစောဆုံးခရစ်ယာန်တွေရဲ့ ဝတ်ပြုရေး” မဟုတ်ပါဘူး။ ပထမရာစုခရစ်ယာန်တွေရဲ့ ဝတ်ပြုရေးအကြောင်းဖော်ပြထားတဲ့ ဓမ္မသစ်ကျမ်းလို့ လူသိများတဲ့ ခရစ်ယာန် ဂရိကျမ်းစာနဲ့လည်း မကိုက်ညီဘူး။ တကယ်တော့ အဲဒီရုပ်ပုံတွေဟာ အေဒီ သုံးရာစုက ရုပ်ပုံတွေဖြစ်တယ်။ အမည်ခံခရစ်ယာန်တွေဟာ ရုပ်ပုံတွေကိုသုံးတဲ့ တခြားသူတွေရဲ့ဓလေ့ထုံးစံကို လက်ခံခဲ့ကြတယ်။ အကြောင်းကတော့ အဲဒီသူတွေ ခရစ်ယာန်ဘာသာကို စိတ်ဝင်စားလာစေဖို့ ဖြစ်နိုင်တယ်။b

သမ္မာကျမ်းစာပြောဆိုရာ

‘ရုပ်ပုံကိုးကွယ်ခြင်းကို ဝေးဝေးရှောင်ကြလော့။’ —၁ ကောရိန္သု ၁၀:၁၄။

ဝတ်ပြုရေးအတွက် အထောက်အကူရဖို့ ရုပ်ပုံတွေကို အသုံးပြုသင့်ပါသလား။

‘သားသမီးတို့၊ ရုပ်ပုံကို ကြဉ်ရှောင်ကြလော့။’—၁ ယောဟန် ၅:၂၁။

ရုပ်ပုံတော်တွေကို အထွတ်အမြတ်ထားတဲ့ ဘာသာရေးဓလေ့ထုံးစံကို သမ္မာကျမ်းစာက မထောက်ခံပါ။ ဒါကြောင့် ယေဟောဝါသက်သေတွေဟာ ရုပ်ပုံတော်တွေကို အထွတ်အမြတ်ထားခြင်းမျိုးမရှိသလို သူတို့ရဲ့အိမ်တွေ၊ ဝတ်ပြုရာနေရာတွေမှာလည်း ဝတ်ပြုရေးမှာသုံးတဲ့ ရုပ်ပုံတော်တွေ မရှိဘူး။

လူအများပြောဆိုရာ

“ရုပ်ပုံရှေ့မှာဝတ်ပြုကိုးကွယ်လိုက်တာက ရုပ်ပုံကကိုယ်စားပြုတဲ့ပုဂ္ဂိုလ်ဆီရောက်သွားပြီး ကိုယ်စားပြုတဲ့ရုပ်ပုံကို အဲဒီပုဂ္ဂိုလ်ခံထိုက်တဲ့ကိုးကွယ်မှုမျိုး ပေးဆက်နိုင်ပါတယ်” ဆိုပြီး ကက်သလစ်စွယ်စုံကျမ်းသစ်မှာ ဖော်ပြထားတယ်။

သိထားသင့်ရာ

ယေရှုက တပည့်တွေကို ဆုတောင်းဖို့ သင်ပေးတဲ့အခါ ရုပ်ပုံတွေကို သုံးဖို့ မပြောခဲ့ပါဘူး။ စစ်မှန်တဲ့ဘုရားသခင်ကိုကိုးကွယ်ဖို့ ရုပ်ပုံသုံးတဲ့အကြောင်းကို ခရစ်ယာန် ဂရိကျမ်းစာထဲမှာ မတွေ့နိုင်ပါဘူး။

သမ္မာကျမ်းစာပြောဆိုရာ

“သင်၏ဘုရားသခင် ယေဟောဝါကို ကိုးကွယ်ရမည်။ ကိုယ်တော်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်။”—မဿဲ ၄:၁၀။

a ဒီဆောင်းပါးမှာ ရုပ်ပုံတွေလို့ ပြောတဲ့အခါ ဝတ်ပြုရေးမှာအထွတ်အမြတ်ထားအသုံးပြုတဲ့ ရုပ်ပုံတွေ၊ ပုံတော်တွေ၊ အထိမ်းအမှတ်သင်္ကေတတွေကို ရည်ညွှန်းပါတယ်။

b ဝတ်ပြုရေးမှာ ရုပ်ပုံအသုံးပြုတာကို အီဂျစ်၊ ဂရိ၊ အိန္ဒိယစတဲ့ ရှေးခေတ်ယဉ်ကျေးမှုများစွာမှာ တွေ့ရပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ