ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၀/၁၄ စာ. ၃
  • အောင်မြင်မှုကို ဘာနဲ့တိုင်းတာသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အောင်မြင်မှုကို ဘာနဲ့တိုင်းတာသလဲ
  • နိုးလော့!—၂၀၁၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိသားစုအတွက် စိုးရိမ်ပူပန်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • စိတ်နှလုံးကြေကွဲသူတို့၏ အော်ဟစ်သံကို ယေဟောဝါ နားထောင်တော်မူ၏
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဘယ်စမ်းသပ်မှုမျိုးကိုမဆို အောင်မြင်နိုင်ဖို့ အစွမ်းတန်ခိုးရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • “အခုတော့ အမှုဆောင်လုပ်ငန်းကို သိပ်မြတ်နိုးနေပါပြီ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၄
န ၁၀/၁၄ စာ. ၃

မျက်နှာဖုံးအကြောင်းအရာ | စစ်မှန်တဲ့အောင်မြင်မှုဆိုတာ ဘာလဲ

အောင်မြင်မှုကို ဘာနဲ့တိုင်းတာသလဲ

အောင်မြင်မှုကို ကိုယ် ဘာနဲ့တိုင်းတာသလဲဆိုတာသိအောင် ဖြစ်နိုင်ခြေရှိတဲ့ အောက်ပါအခြေအနေတွေကို သုံးသပ်ကြည့်ပါ။

ဘယ်သူ့ကို စစ်မှန်တဲ့အောင်မြင်သူလို့ ပြောမလဲ

  • အဲလက်စ်

    အဲလက်စ်

    အဲလက်စ်မှာ စီးပွားရေးလုပ်ငန်းတစ်ခုရှိတယ်။ သူဟာ ရိုးသားတယ်၊ အလုပ်ကြိုးစားပြီး ဖော်ရွေပျူငှာတယ်။ အဲလက်စ်ရဲ့လုပ်ငန်း တိုးတက်လာပြီး သူနဲ့သူ့မိသားစုဟာ အဆင်ပြေပြေ နေနိုင်လာတယ်။

  • ခေးလ်

    ခေးလ်

    ခေးလ်မှာလည်း အဲလက်စ်လို စီးပွားရေး လုပ်ငန်းတစ်ခုရှိပြီး ဝင်ငွေပိုရအောင် ကြိုးစားတယ်။ ပြိုင်ဘက်ကို အသာရဖို့ ခေးလ်ဟာ အလုပ်မှာပဲအချိန်ကုန်ပြီး ကျန်းမာရေးချို့တဲ့လာတယ်။

  • ဂျဲနက်

    ဂျဲနက်

    ဂျဲနက်ဟာ အလယ်တန်းကျောင်းသူ တစ်ဦးဖြစ်ပြီး စာကြိုးစားသူ၊ ပညာကို မြတ်နိုးသူဖြစ်တယ်။ ဒါကြောင့် သူဟာ အဆင့်ကောင်းကောင်းရလာတယ်။

  • အယ်လင်

    အယ်လင်

    အယ်လင်ဟာ ဂျဲနက်ထက် အဆင့် ပိုကောင်းပြီး စာတော်တဲ့ ကျောင်းသားတွေထဲမှာ ပါတယ်။ တကယ်တမ်းတော့ သူဟာ စာခိုးချပြီး ပညာကို အလေးမထားသူဖြစ်တယ်။

ခေးလ်နဲ့ အယ်လင် ဒါမှမဟုတ် လေးယောက်စလုံးကို အောင်မြင်သူတွေလို့ သင် ပြောမယ်ဆိုရင် ဒီလိုအခြေအနေမျိုး ဘယ်လိုရောက်လာသလဲဆိုတာ ထည့်မတွက်ဘဲ သူတို့ရဲ့ လက်ရှိအခြေအနေကိုကြည့်ပြီး သတ်မှတ်တာဖြစ်တယ်။

အဲလက်စ်နဲ့ ဂျဲနက်ကိုပဲ ရွေးမယ်ဆိုရင်တော့ သူတို့ရဲ့ အကျင့်စာရိတ္တ၊ အလုပ်အပေါ်ထားတဲ့ ကျင့်ဝတ်နဲ့ တိုင်းတာတာဖြစ်မယ်။ အဲဒီလိုတိုင်းတာခြင်းက ပိုအဓိပ္ပာယ်ရှိပါတယ်။ အောက်ပါအချက်တွေကို သုံးသပ်ကြည့်ပါ–

  • ဂျဲနက်အတွက် ဘယ်အရာက ရေရှည်အကျိုးပြုမလဲ၊ အဆင့်ကောင်းတာလား၊ ပညာရေးကို မြတ်နိုးတာလား။

  • အဲလက်စ်ရဲ့ ကလေးတွေအတွက် ဘယ်အရာက ပိုကောင်းသလဲ၊ ငွေနဲ့ဝယ်နိုင်တဲ့အရာတွေကို ပိုင်ဆိုင်တာလား ဒါမှမဟုတ် ကလေးတွေကိုအချိန်ပေးတဲ့ ဖခင်လား။

အဓိကအချက်– တလွဲအောင်မြင်မှုကို မြင်ရတဲ့အရာနဲ့ပဲ တိုင်းတာ,တာဖြစ်ပြီး စစ်မှန်တဲ့အောင်မြင်မှုကို စံနှုန်းကောင်းတွေနဲ့ တိုင်းတာ,တာဖြစ်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ